မင်သီးပင်ကို အသီးလေးက ခရမ်းရောင်ရဲ့ စွဲဆောင်မှု အားကောင်းတာကြောင့် ငယ်ငယ်က ခဏခဏခူးဆော့ဖူးရင်း ရင်းနှီးကြမယ်ထင်ပါတယ်။ မင်သီးပင်ကို ကင်ပိမ့်ပင်လို့ ခေါ်သလို နွယ်နီနတ်ပန်းပင်လို့လည်း ခေါ်ကြပါတယ်။
မင်သီးပင် (သို့မဟုတ်) ကင်ပိမ့်ပင် ဆိုတာ
အိန္ဒိယတိုက် မျိုးရင်းပင် တစ်မျိုးဖြစ်သလို အရှေ့တောင်အာရှဒေသ နိုင်ငံတွေနဲ့ အာဖရိကဒေသတွေမှာလည်း ပေါက်ရောက်ကြပါတယ်။
အရွက်ထူထူ ပြောင်ပြောင်လေး အသည်းပုံ ပုံစံလေးရှိပါတယ်။ ပင်စည်က နူးညံ့တဲ့ ရိုးတံနီနီ နွယ်ပင်လေး ဖြစ်ပြီး အသီးက ခရမ်းရောင်မကျတကျ လေးပါ။ နှစ်ရှည်နွယ်ပင် တစ်မျိုးပါ။
မင်သီးပင်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်များ
မင်သီးပင်မှာ ကယ်လ်လိုရီ၊ ပရိုတင်း၊ အဆီ၊ ကစီဓာတ်၊ အမျှင်ဓာတ်တို့ ပါဝင်နေပြီး သတ္တုဓာတ် အနေနဲ့ ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်၊ ဖော့စဖရပ်စ်၊ သံဓာတ်တို့ပါဝင်ပါတယ်။ ဗီတာမင်တွေ အနေနဲ့ကတော့ ဗီတာမင် A၊ ဗီတာမင် Bအုပ်စု၊ ဗီတာမင် C တို့ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အနေနဲ့ လူတင်၊ ဘီတာကယ်လ်ရိုတင်းတို့လည်း ပါဝင်နေပါတယ်။
မင်သီးပင် (သို့မဟုတ်) ကင်ပိမ့်ပင်ရဲ့ ဆေးဖက်ဝင်ပုံ
မင်သီးပင်က ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးသလို အခုလိုလည်း ဆေးဖက်ဝင်ပါတယ်။
မင်သီးပင်ရဲ့ အရွက်နဲ့ အညွန့်တွေက
- နှလုံးကျန်းမာစေတယ်
- နှလုံးသွေးကြောကျန်းမာစေတယ်
- အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
- ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ် (သွေးကင်ဆာ၊ အူမကြီး၊ သားအိမ်ခေါင်း၊ ရင်သား၊ အဆုတ်၊ ဦးနှောက်ကင်ဆာ)
- သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်
- ကိုယ်ဝန်ဆောင်မိခင် သံဓာတ်ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးတယ်
- ဘေဘီလေးမှာ မွေးရာပါချို့ယွင်းချက် ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
- သွေးဆုံးအကြိုဝေဒနာ သက်သာစေတယ်
- အရေပြားကျန်းမာစေတယ်
- မျက်စိ ကျန်းမာစေတယ်
- နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်
- သွေးတိတ်စေပြီး အနာသက်သာစေတယ်
- ဝမ်းပျက်ဝမ်းလျှော သက်သာစေတယ်
- ဝမ်းမှန်စေတယ်
- ဆီးရွှင်စေတယ်
- အဖျားသက်သာစေတယ်
- ချောင်းဆိုးပျောက်စေတယ်
- နှာစေးပျောက်စေတယ်
- သွေးပေါင်ချိန် ထိန်းပေးတယ်
- ဆဲလ်တွေ ကျန်းမာစေတယ်
- အပူလောင်နာကို သက်သာစေတယ်
မင်သီးရဲ့ အမြစ်က
- အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာကို သက်သာစေတယ်
မင်သီးပန်း
- အဆိပ်ပြေစေတယ်
မင်သီး
- မျက်စိနာတာ သက်သာစေတယ်
ဘယ်လိုပြင်ဆင်အသုံးပြုမလဲ!
မင်သီးပင်ရဲ့ အရွက်၊ အညွန့်တွေကို ပြုတ်ပြီး တို့စရာအနေနဲ့ စားတာ၊ ချဉ်ရည်ချက်စားတာ၊ သုပ်စားတာမျိုး စားလို့ ရပါတယ်။
ရာသီချိန်ခါအလိုက် သဘာဝတရားက ကျန်းမာရေးအတွက် လက်ဆောင်ကောင်းလေးတွေအနေနဲ့ ပေးတဲ့ ဆေးဖက်ဝင် သဘာဝအပင်လေးတွေကို အသုံးပြုပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ….
# Disclaimer
ဆေးဖက်ဝင်အပင်တွေက သဘာဝပေါက်ပင်တွေဆိုပေမယ့် တန်ဆေးလွန်ဘေးဖြစ်တတ်တာကြောင့် သတိထားသုံးစွဲဖို့ လိုသလို ရောဂါအခံတစ်ခုခု ရှိနေမယ်။ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ် ခံစားနေရမယ်ဆိုရင် တတ်ကျွမ်းနားလည်သူနဲ့ သေချာတိုင်ပင်ပြီးမှ အသုံးပြုဖို့ အကြံပြုပါရစေ။