“နေ့စဉ် အလေ့အထလေးတွေက ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ တိုက်ရိုက်ဆက်စပ်နေပါတယ်။”
ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ ညဘက်စောစော အိပ်ဖို့ပဲလိုတယ်လို့ ယူဆနေတုန်းလား! ဒါဆိုရင်တော့ ဒီအယူအဆလေးကို ပြင်ဖို့ လိုနေပါပြီ။ တကယ်ကတော့ ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့အတွက် မနက်ခင်းမှာ လိုက်နာရမယ့် အလေ့အထလေးတွေရှိပါတယ်။ ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေမယ့် မနက်ခင်း အလေ့အထများ သိရှိလိုက်နာနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။
ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေမယ့် မနက်ခင်း အလေ့အထများ
ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေမယ့် မနက်ခင်း အလေ့အထများကတော့ –
- မနက်တိုင်း အိပ်ရာထချိန် သတ်သတ်မှတ်မှတ် ရှိပါစေ
ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ဆိုရင် ညဘက်အိပ်ရာဝင်ချိန်ကိုပဲ သတ်သတ်မှတ်မှတ် ထားရှိသင့်တာ မဟုတ်ဘဲ မနက်ခင်း အိပ်ရာထချိန်ကိုပါ သတ်သတ်မှတ်မှတ် ထားရှိဖို့ လိုပါမယ်။ ဒါကြောင့် မနက်ကို အိပ်ရာထချိန်ကို နေ့ရက်တိုင်းမှာ တသမတ်တည်း ထားရှိပေးပါ။
- မနက်ခင်းနေရောင်နဲ့ ထိတွေ့ပါ
မနက်ခင်းနေရောင်ခြည်မှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကျိုးပြုတဲ့ ဗီတာမင် D ပါဝင်နေပါတယ်။ ဒါကြောင့် မနက်ခင်းမှာ နေခြည်နွေးနွေးလေးနဲ့ ထိတွေ့ပေးပါ။ ဒီလို လုပ်ပေးတာက တစ်နေ့တာလုံး စိတ်ကြည်လန်းဆန်းစေဖို့ရော ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
- မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့အတွက် မနက်ခင်း အိပ်ရာထပြီးချိန်မှာ ကိုယ်လက်လှုပ်ရှားမှု တွေကို လုပ်ဆောင်ပေးပါ။ ဒီလို လုပ်ဆောင်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန်ကို ရရှိစေမှာပါ။
- တစ်နေ့တာရဲ့ အစားစားချိန် မှန်ပါစေ
တစ်နေ့တာရဲ့ မနက်စာ စားချိန်ကစလို့ ညနေစာအထိ အစားစားသမျှအချိန်တိုင်းမှာ အာဟာရပြည့်ဝအောင် စားသုံးဖို့လိုသလို အစားစားချိန် မှန်အောင် သေချာလေး ဂရုစိုက်ဖို့လည်း လိုပါမယ်။ ဒါမှ အစာမကြေ ရင်ပူတာမျိုး ကင်းပြီး ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေမှာပါ။
- မနက်ခင်းမှာ တရားထိုင်ပါ
မနက်ခင်းမှာ တရားထိုင်တာက စိတ်ဖိစီးမှုကို သက်သာစေသလို အာရုံစူးစိုက်မှု ကောင်းစေဖို့ရော ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ မနက်ခင်းရဲပ ၁၅ မိနစ်လောက်ကို တရားထိုင်ပေးဖို့ လိုပါမယ်။
- အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ
အသက်ရှူလေ့ကျင့်ခန်းလုပ်တာက ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေဖို့ရော ဦးနှောက်ကျန်းမာစေဖို့ပါ ထောက်ကူပေးသလို ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့လည်း ထောက်ကူပေးပါတယ်။
ညဘက်တွေမှာ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှု ရရှိစေဖို့ ဒီအလေ့အထလေးတွေကို မွေးမြူလိုက်ပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
နေ့စဉ်ဘဝမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် ညဘက်တွေမှာ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်ချိန်ကို ရရှိဖို့ လိုပါမယ်။ ဒါကြောင့် တစ်နေ့တာရဲ့ မနက်ခင်းမှာ ကောင်းမွန်တဲ့ အလေ့အထလေးတွေနဲ့ စတင်ပြီး ညဘက်တွေမှာ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်ချိန်ရရှိစေဖို့ အခုကစပြီး ပျိုးထောင်လိုက်ဖို့ အကြံပြုလိုက် ပါရစေ။