နီပါဗိုင်းရပ်စ် (Nipah virus ) ဘာတွေသိထားဖို့ လိုမလဲ!

နီပါဗိုင်းရပ်စ် (Nipah virus ) ဘာတွေသိထားဖို့ လိုမလဲ!
နီပါဗိုင်းရပ်စ် (Nipah virus ) ဘာတွေသိထားဖို့ လိုမလဲ!

နီပါဗိုင်းရပ်စ် ဘာတွေသိထားဖို့ လိုမလဲ! မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတယ်လို့ သိကြသလို လက်ရှိကာလမှာ သေဆုံးသူ ၂ ဦးအထိ ရှိလာပြီဖြစ်တဲ့ နီပါဗိုင်းရပ်စ်အကြောင်းနဲ့ ကာကွယ်နည်းတွေကို ဝေမျှပေးလိုက်ပါတယ်။

နီပါဗိုင်းရပ်စ် (Nipah virus ) ဘာတွေသိထားဖို့ လိုမလဲ!

နီပါဗိုင်းရပ်စ် ဘာတွေသိထားဖို့ လိုမလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

နီပါဗိုင်းရပ်စ် (Nipah virus ) ဆိုတာက ဘာလဲ!

နီပါဗိုင်းရပ်စ်ဆိုတာက ၁၉၉၉ ခုနှစ်က မလေးရှားမှာ စတင်တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ အဆိုပါ နီပါဗိုင်းရပ်စ်မှာ တိရစ္ဆာန်လေးတွေမှာ တွေ့ရှိရတဲ့ ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပြီး တိရစ္ဆာန်တွေဆီကနေတဆင့် လူတွေဆီကို ကူးစက်တာပါ။ သစ်သီးစားတဲ့ လင်းနို့တွေက လက်ခံကောင်တွေဖြစ်ပြီး လင်းနို့တွေဆီကနေ တဆင့် ဝက်လိုမျိုးအခြားဆိရစ္ဆာန်လေးတွေဆီကို ကူးစက်တတ်ကြပါတယ်။ ရောဂါပိုးပါဝင်နေတဲ့ အစားအသောက်တွေနဲ့ လူလူချင်း ထိတွေ့မှုကနေတဆင့်လည်း ရောဂါပိုးကို ကူးစက်စေနိုင်ပါတယ်။ 

ဒီဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး မရှိသေးသလို တိကျတဲ့ ကုသဆေးနဲ့ နည်းလမ်းလည်း မရှိသေးပါဘူး။

နီပါဗိုင်းရပ်စ် (Nipah virus ) က ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အာရှတိုက်တခွင်၊ တောင်ပစိဖိတ် နဲ့ ဩစတြေးလျတို့မှာ ဖြစ်ပွားခဲ့ဖူးပါတယ်။ 

နီပါဗိုင်းရပ်စ် (Nipah virus ) ဘာတွေသိထားဖို့ လိုမလဲ!
နီပါဗိုင်းရပ်စ် (Nipah virus ) ဘာတွေသိထားဖို့ လိုမလဲ!

လက္ခဏာတွေက ဘာတွေဖြစ်မလဲ!

နီပါဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ ရောဂါပိုး ကူးစက်ခံရပြီး ၃ ရက် ကနေ ၁၄ ရက်အတွင်းမှာ လက္ခဏာတွေ စပြတတ်ပါတယ်။ လက္ခဏာတွေ အနေနဲ့ကတော့ – 

  • အဖျားတက်တာ
  • ခေါင်းကိုက်တာ
  • ချောင်းဆိုးတာ
  • လည်ချောင်းနာတာ
  • အသက်ရှူရခက်တာ
  • ဦးနှောက်ရောင်ရမ်းတာ
  • စိတ်ရှုပ်ထွေးတာ
  • ညီးစီစီဖြစ်တာ
  • တက်တာ
  • ဦးနှောက်အမြှေးရောင်တာတွေကို ခံစားရနိုင်ပါတယ်။

အချို့တွေမှာတော့ ပြင်းထန်မယ်ဆိုရင် ၂၄ နာရီ ကနေ ၄၈ နာရီအတွင်း ကိုမာဝင်တာမျိုးအထိ ခံစားရနိုင်ပါတယ်။ 

ဘယ်လိုတွေ ကူးစက်စေနိုင်လဲ!

  • ရောဂါပိုးကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေ – သစ်သီးစား လင်းနို့တွေ၊ ဝက်တွေနဲ့ ထိတွေ့မိတာ
  • ရောဂါပိုးရှိနေတဲ့ အကောင်လေးတွေ (အထူးသဖြင့် လင်းနို့) ကိုက်ဖောက်ထားတဲ့ သစ်သီးတွေကို စားမိတာ
  • ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေဖြစ်တဲ့ တံထွေး၊ ဆီး၊ နှာရည်လိုမျိုး အရာတွေနဲ့ ထိတွေ့မိတာမျိုး
  • ရောဂါပိုးရှိသူနဲ့ လက်ပွန်းတတီး ကိုင်တွယ်ထိတွေ့မိတာကြောင့်လည်း ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။ 

ရောဂါပိုးရှိက လူတစ်ဦးဆီကနေ တစ်ဦးဆီကိုလည်း ကူးစက်ခံရနိုင်ပါတယ်။

ဘယ်လို ကာကွယ်ကြမလဲ!

ရောဂါပိုးကူးစက်ခံရမှုကနေ ကာကွယ်ဖို့ဆိုရင်တော့ – 

  • ရောဂါပိုးရှိတယ်လို့ သံသယရှိရတဲ့ တိရစ္ဆာန်လေးတွေကို တိုက်ရိုက်ထိတွေ့တာမျိုး မလုပ်ပါနဲ့
  • ရောဂါပိုးကူးစက်ဖြစ်ပွားနေတဲ့နေရာကို သွားရောက်တဲ့အခါ အသီးတွေကို အစိမ်းစားတာမျိုး မလုပ်ပါနဲ့
  • တိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေကို ထိတွေ့တာမျိုးကို ရှောင်ပါ
  • လက်တွေကို အပြင်က ပြန်လာတိုင်း၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်းမှာ ရေနဲ့ဆပ်ပြာကို သုံးပြီး သေချာဆေးကြောသန့်စင်ပါ
  • ရောဂါပိုးရှိသူရဲ့ သွေးနဲ့ ခန္ဓာကိုယ်ကနေထွက်တဲ့ အရည်တွေကို ကိုင်တွယ်ထိတွေ့တာမျိုးကို ရှောင်ပါ
  • အာဟာရပြည့်ဝမျှတအောင် စားပါ
  • ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပါ
  • အိပ်ရေးဝဝအိပ်ပါ
  • ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
  • တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ

ဘယ်လိုစစ်ဆေး သိရှိနိုင်မလဲ!

ရောဂါလက္ခဏာတွေကို စစ်ဆေးမှုကနေတဆင့် သိရှိနိုင်ပါတယ်။ 

သေဆုံးနိုင်လား!

လက်ရှိမှာ သေဆုံးသူ ၂ ဦးအထိ ရှိလာပြီဖြစ်ပြီး ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးနိုင်ခြေက ၄၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ 

ဘယ်လိုကုသမလဲ!

လက်ရှိအထိ နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး မရှိသလို ကုသနည်းလည်း မရှိသေးပါဘူး။ ကုသနည်းအနေနဲ့ ကတော့ သေချာလေး စောင့်ကြည့်ပေးပါ။ ပြည့်ပြည့်ဝဝ အနားယူပါ။ ရေဓာတ် လုံလောက်အောင် သောက်ပါ။ အာဟာရပြည့်ဝမျှတအောင် စားပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း သေချာ ဂရုစိုက်ပါ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *