ရာသီသွေးဆင်းရက်ရှည်နေရတာ ဘာကြောင့်များလဲ!

ရာသီသွေးဆင်းရက်ရှည်နေရတာ ဘာကြောင့်များလဲ!
ရာသီသွေးဆင်းရက်ရှည်နေရတာ ဘာကြောင့်များလဲ!

ရာသီသွေးဆင်းတာက အပျိုဖော်ဝင်ချိန်ကစပြီး လေဒီလေးတော်တော်များများမှာ တစ်လကို တစ်ကြိမ် ၃ ရက်၊ ၅ ရက်၊ ၇ ရက်စသဖြင့် တစ်ဦးနဲ့ တစ်ဦးကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ပေါ်လိုက်ပြီး ကွာတာမျိုးလေးတွေ ရှိတတ်ပါတယ်။ ဒီလိုဆင်းတာက ပုံမှန်ပဲဆိုပေမယ့် အချို့တွေမှာ ရာသီသွေးဆင်းတာက ရက်အတော်ကြာ ဆင်းနေတာမျိုး တစ်ခါတလေမှာ ကြုံရတာမျိုး ရှိတတ်ကြပါတယ်။ ဒါက ဘာလို့ ဖြစ်ရတာလဲဆိုတာကို သိချင်နေလောက်မယ် ထင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လေဒီလေးတွေကို  ရာသီသွေးဆင်းရက်ရှည်နေရတာ ဘာကြောင့်များလဲ! ဆိုတာကို မျှဝေပေးချင်ပါတယ်။

ရာသီသွေးဆင်းရက်ရှည်နေရတာ ဘာကြောင့်များလဲ!

ရာသီသွေးဆင်းရက်ရှည်တာကို ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမက ရှိနိုင်ပါတယ်။ အတွေ့ရများတာတွေကတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ 

  • ကိုယ်တွင်းဟော်မုန်း မညီမျှတာ

ရာသီလာခါနီးကာလတွေမှာ အမျိုးသမီးလေးတွေရဲ့ ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းတွေ အထူးသဖြင့် အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေက ပြောင်းလဲကြတာမျိုးတွေ ရှိပါတယ်။ ဒီပြောင်းလဲမှုက ရာသီသွေးဆင်းတာကို ဖြစ်စေပြီး ဒီဟော်မုန်းတွေရဲ့ အဆမတန်မြင့်တက်မှုတွေက ရာသီသွေးဆင်းများတာ သွေးဆင်းရက်ရှည်တာတွေကို ဖြစ်စေတာပါ။

  • သားအိမ်ကျန်းမာရေးပြဿနာ ရှိနေတာ

သားအိမ်ထဲမှာ အလုံးတည်နေတာ၊ ရေအိတ်တည်နေတာတွေကလည်း ရာသီသွေးဆင်းများတာ၊ သွေးဆင်းရက်ရှည်ကြာတာတွေကို ဖြစ်စေနိုင်ပါတယ်။

  • ဆေးဝါးတွေ

နေ့စဉ်သောက်သုံးနေရတဲ့ ဆေးတွေထဲမှာ သွေးကျဲဆေးတွေ ပါနေတာ၊ စိတ်ကျရောဂါ သက်သာစေတဲ့ဆေးတွေ သောက်နေရတာ၊ ဟော်မုန်းပါတဲ့ တားဆေးတွေ သောက်နေရတာ၊ ထိုးနေရတာ နဲ့ သားအိမ်တွင်းထည့် သားဆက်ခြားနည်းတစ်မျိုးဖြစ်တဲ့ (IUDs) ကို အသုံးပြုပြီး သားဆက်ခြားထားတာမျိုးတွေ ဆိုရင်လည်း ရာသီသွေးဆင်းရက်ရှည်တာကို ခံစားရနိုင်ပါတယ်။ 

  • အသက်အရွယ်

အပျိုဖော်စဝင်ချိန်မှာ ရာသီသွေးဆင်းတဲ့ရက် ရှည်ကြာတာမျိုး ခံစားရနိုင်သလို သွေးဆုံးခါနီးကာလတွေ၊ အသက် ၃၅ နောက်ပိုင်းကာလတွေကိုရောက်လာချိန်မှာလည်း ရာသီသွေးဆင်းရက်ရှည်တာ၊ သွေးဆင်း မမှန်တာလိုမျိုး ရာသီစက်ဝန်းပြဿနာကို ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ပေါ်လိုက်ပြီး ဟော်မုန်းပြောင်းလဲမှုတွေကို ခံစားရတာကြောင့်ပါ။

ရာသီသွေးဆင်းရက်ရှည်နေရတာ ဘာကြောင့်များလဲ!
ရာသီသွေးဆင်းရက်ရှည်နေရတာ ဘာကြောင့်များလဲ!
  • စိတ်ဖိစီးတာ

စိတ်ဖိစီးမှုတွေ အရမ်းများနေတာက ကိုယ်တွင်းဟော်မုန်းပမာဏအပေါ်မှာ သက်ရောက်မှုဖြစ်စေပြီး ရာသီစက်ဝန်းကို ပြောင်းလဲစေနိုင်သလို ရာသီထိမ်တာ၊ ရာသီသွေးဆင်းရက် မမှန်တာ၊ ရာသီသွေးဆင်းရက် ရှည်လွန်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ 

  • ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်တာ

ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်တာကလည်း ရာသီသွေးဆင်းမှု အပေါ် သက်ရောက်မှု ရှိစေပြီး ရာသီသွေးဆင်းများတာ၊ သွေးဆင်းရက်ရှည်တာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။ 

  • စားသောက်မှုပုံစံ

နေ့စဉ်နေထိုင်စားသောက်မှုကလည်း ရာသီစက်ဝန်းအပေါ် သက်ရောက်မှု ရှိနေပါတယ်။ ပုံမှန်စားသောက်နေကျ ပုံစံကို ပြောင်းလဲလိုက်တာမျိုးကလည်း ရာသီသွေးဆင်းများတာကို ဖြစ်စေနိုင်ပါတယ်။ 

  • ကျန်းမာရေး အခြေအနေတွေ

သားဥအိမ်ရေအိတ်တည်တာ၊ သိုင်းရွိုက်ကျန်းမာရေးပြဿနာ တစ်ရပ်ရပ် ခံစားနေရတာ၊ သွေးရောဂါတစ်ခုခု ခံစားနေရတာ၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာလိုမျိုး အမျိုးသမီးမျိုးဆက်ပွား အင်္ဂါရဲ့ အစိတ်အပိုင်းတစ်ခုခုမှာ ကင်ဆာခံစားနေရတာလိုမျိုး နဲ့ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါလိုမျိုး နာတာရှည် ကျန်းမာရေးပြဿနာတွေကို ခံစားနေရမယ်ဆိုရင်လည်း ရာသီသွေးဆင်း ရက်ရှည်တာကို ခံစားရစေနိုင်ပါတယ်။ 

ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်ပြဖို့ လိုမလဲ!

ရာသီသွေးဆင်းရက်ရှည်တာက ၁၀ ရက်နဲ့အထက်ဖြစ်နေပြီ၊ သွေးဆင်းတာကလည်း များမယ်။ အနံ့ဆိုးမယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ရာသီသွေးဆင်းတာက ရက်ရှည်နေပြီဆိုရင် ခပ်ပေါ့ပေါ့မနေဘဲ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး အသင့်တော်ဆုံး ကုသမှုကို ခံယူတာက မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မှာပါ။ ဒါကြောင့် ရာသီသွေးဆင်းတာက ရက်ရှည်ကြာတာမျိုးဖြစ်နေမယ်ဆိုရင်တော့ အာထရာဆောင်းရိုက်တာ၊ တင်ပဆုံပိုင်းစစ်ဆေးတာတွေကို ခံယူဖို့ အကြံပြုလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *