နေကြာပျားရည် ကျန်းမာရေးကောင်းကျိုး များသလား!

နေကြာပျားရည် ကျန်းမာရေးကောင်းကျိုး များသလား!

နေကြာပျားရည် ဆိုတာက လူတိုင်းနဲ့တော့ မရင်းနှီးတာမျိုး ရှိနိုင်ပေမယ့် ဈေးကွက်တွေထဲမှာလည်း ရရှိနိုင်ပါတယ်။ နေကြာပျားရည်က ပျားရည်လိုပဲ ကျန်းမာရေး ကောင်းကျိုးတွေ များတယ်ဆိုတဲ့ အဆိုတွေ ရှိနေတာကြောင့် လိုတိုရှင်း ပရိသတ်ကြီးလည်း သိထားရအောင် နေကြာပျားရည် ဆိုတာ ဘာလဲ! ဘယ်လိုတွေ ဆေးဖက်ဝင်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ 

နေကြာပျားရည် ဆိုတာ ဘာများလဲ!

နေကြာပျားရည် ဆိုတာက အဝါရောင် ရင့်ရင့်လေးကနေ လိမ္မော်ရောင်အထိ ရှိနိုင်ပြီး အမိုင်နို အက်ဆစ် အပါအဝင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ပါဝင်နေတဲ့ ဆေးဖက်ဝင် အရာ တစ်ခုပေါ့။

နေကြာပျားရည်ဆိုတာက နေကြာဝတ်မှုန်ကို စားထားတဲ့ ပျားလေးတွေဆီကနေ ရတဲ့ ပျားရည်ပါ။ နေကြာဆီက ကျန်းမာရေးအတွက် ကောင်းစေသလို ပျားရည်ကလည်း ကျန်းမာရေး အကျိုးထူးတွေ ရှိတာကြောင့် ကျန်းမာရေးကို များစွာ အထောက်အကူပြုမယ်ဆိုတာကတော့ အသေအချာပါ။

ဘယ်လို အာဟာရတွေ ပါဝင်နေလဲ!

နေကြာပျားရည်မှာ – 

  • အမိုင်နိုအက်ဆစ်
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ
  • ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်တွေ
  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်းတို့ ပါဝင်နေပါတယ်။

နေကြာပျားရည် ကျန်းမာရေးကောင်းကျိုး များသလား!

နေကြာပျားရည်က ကျန်းမာရေးကောင်းကျိုး များသလား! ဆိုတော့ များပါတယ်။ အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေ ရရှိစေမှာပါ။

  • အနာကျက်စေမယ်

နေကြာပျားရည်က အနာပိုးဝင်တာတွေကို ကာကွယ်ပေးသလို ဘက်တီးရီးယားတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အနာကျက်စေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။

  • အသက်ရှူလမ်းကြောင်း ကျန်းမာစေမယ်

အသက်ရှူလမ်းကြောင်း ပိုးဝင်တာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေကို သက်သာစေနိုင်ပါတယ်။ အအေးမိ ဖျားနာတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

  • အစာအိမ်အူလမ်းကြောင်း ကျန်းမာစေမယ်

အစာအိမ်အူလမ်းကြောင်း ကျန်းမာချင်တယ်ဆိုရင် မနက်စောစောမှာ နေကြာပျားရည် တစ်ဇွန်းလောက် သောက်ပေးပါ။ ဒီလိုလုပ်ပေးတာက အစာအိမ်ကိုရော အူလမ်းကြောင်းကိုပါ ကျန်းမာစေနိုင်ပါတယ်။

  • အာဟာရပြည့်ဝစေမယ်

ပျားရည်က အာဟာရပြည့်ဝစေတယ်ဆိုတာ သိပြီး ဖြစ်မှာပါ။ နေကြာပျားရည်မှာလည်း ပျားရည်နည်းတူ အာဟာရတွေ ပါဝင်နေသလို နေကြာပင်ကနေရရှိနိုင်တဲ့ အာဟာရတွေကိုပါ အပိုဆုအနေနဲ့ ရရှိနိုင်မှာ ဖြစ်တာကြောင့် အာဟာရ ပြည့်ဝစေမှာ အသေအချာပါ။

  • အသားအရေ ကျန်းမာစေမယ်

နေကြာပျားရည်က မျက်နှာ အသားအရေ သန့်စင်ဖို့၊ ဝက်ခြံတွေ သက်သာစေဖို့နဲ့ ချွေးပေါက်တွေ ပွင့်စေသလို ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ရေနွေးလေးနဲ့ သောက်သုံးပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက်အသုံးပြုပေးလို့လည်း ရပါတယ်။

  • နာတာရှည် ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေ လျှော့ချပေးတယ်

ဓာတ်တိုးပစ္စည်းတွေကြောင့် အရေပြား ထိခိုက်တာ၊ ဆဲလ်တွေ ပျက်စီးတာနဲ့ ဆီးချို၊ သွေးတိုး၊ ကင်ဆာ စတဲ့ နာတာရှည်ရောဂါတွေ မဖြစ်စေဖို့အတွက် နေကြာပျားရည်ကို သောက်သုံးပေးလို့ ရပါတယ်။

  • ကိုယ်ခံအား ကောင်းစေမယ်

နေကြာဝတ်မှုန်ကရော ပျားရည်ကပါ ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နေကြာပျားရည်ကို ပုံမှန်လေး ဆေးဖြစ်ဝါးဖြစ် သောက်ပေးတာက ကိုယ်ခံအား ကောင်းပြီး အဖျားအနာကင်းစေမှာပါ။

  • ဝမ်းမှန်စေမယ်

နေကြာပျားရည်က အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေနိုင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်သလို ဝမ်းချုပ်တတ်သူတွေ အနေနဲ့ ရေနွေးနွေးလေးနဲ့ သောက်သုံးပေးလို့ ရပါတယ်။

နေကြာပျားရည်က အခုလိုလေး ဆေးဖက်ဝင်ပါတယ်။

# သတင်းစကား

ဆီးချို ရှိသူတွေ နဲ့ ရောဂါအခံရှိသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးပေးဖို့ အကြံပြုလိုပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း အလွန်အကျွံ မဟုတ်ဘဲ ဆေးဖြစ်ဝါးဖြစ်လေး သောက်သုံးပေးဖို့လည်း အကြံပြုချင်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *