ဖရုံစေ့လှော် ကျန်းမာစေသလား!

ဖရုံစေ့လှော် ကျန်းမာစေသလား!
ဖရုံစေ့လှော် ကျန်းမာစေသလား!

အစေ့အဆံလေးတွေက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေဖို့ ထောက်ကူပေးတယ်လို့ တော်တော်များများ သိထားပြီးဖြစ်ပေမယ့် ဘယ်လိုတွေထောက်ကူပေးလဲဆိုတာကို တိတိကျကျ သိသူကတော့ နည်းပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အပျင်းပြေစေဖို့ ဝါးတာဖြစ်ဖြစ်၊ ကျန်းမာစေတယ်ဆိုလို့ စားတာဖြစ်ဖြစ် ဖရုံစေ့ကို စားပေးရင်း ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေ ရရှိစေနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

ဖရုံစေ့ဆိုတာ 

ဖရုံစေ့ဆိုတာက ရွှေဖရုံသီးရဲ့ အစေ့လေးတွေပါ။ အပေါ်ခွံဖြူဖြူလေးနဲ့ အတွင်းထဲမှာ အစိမ်းရောင်၊ ဒါမှမဟုတ် အဖြူရောင် အစေ့အဆံလေးပါ။ ဝါးလိုက်ရင် မွမွလေးနဲ့ ဆိမ့်တဲ့အရသာရှိပါတယ်။ ရွှေဖရုံသီးစေ့ကို အခြောက်ခံ၊ လှော်ပြီး အသင့်စားလို့ရတဲ့ အနေအထားပါ။

ဖရုံစေ့ရဲ့အာဟာရဓာတ်များ

စားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ ဖရုံစေ့မှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။ 

  • ပရိုတင်း
  • အမျှင်ဓာတ်
  • ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီ
  • မဂ္ဂနီဆီယမ်
  • သံဓာတ်
  • ပိုတက်ဆီယမ်
  • ဇင့်ဓာတ်
  • ဗီတာမင် E တို့ ပါဝင်နေပါတယ်။

ဖရုံစေ့လှော် ကျန်းမာစေသလား!

ဖရုံစေ့လှော် ကျန်းမာစေသလားဆိုတော့ အခုလို ကျန်းမာရေးကောင်းကျိုးတွေ ရရှိစေနိုင်ပါတယ်။ 

  • သွေးပေါင်ချိန် ထိန်းညှိပေးတယ်

ပိုတက်ဆီယမ် ပါဝင်နေတာက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေ စားပေးလို့ရတဲ့ အဆာပြေစားစရာတစ်မျိုးပါ။

  • အိပ်ပျော်စေတယ်

မဂ္ဂနီဆီယမ်ပါဝင်နေတာက အာရုံကြောတွေကို ပြေလျော့စေပြီး စိတ်ပိုင်းဆိုင်ရာ သက်သာစေဖို့ ထောက်ကူပေးသလို ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးပါတယ်။ 

  • အာရုံကြောအားကောင်းစေတယ်

အာရုံကြောကျန်းမာစေဖို့လည်း ဖရုံစေ့ကို စားပေးလို့ ရပါတယ်။ အာရုံကြောအားနည်းတတ်သူတွေ စားပေးလို့ ရပါတယ်။ 

  • အသားအရေ ကျန်းမာစေတယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေတာ၊ ဗီတာမင် E ပါဝင်နေတာတွေက အသားအရေ ကျန်းမာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ 

  • အရိုးကျန်းမာစေတယ်

ဖရုံစေ့က အရိုးတွေကို သန်မာစေသလို အရိုးပါးတာ အရိုးပွတာမျိုးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါ တယ်။ 

  • အရောင်ကျစေတယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာက အရေပြားရောင်ရမ်းတာ အပါအဝင် ခန္ဓာကိုယ်တွင်းကိုယ်ပ ရောင်ရမ်းမှုတွေကိုပါ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • နှလုံးကျန်းမာစေတယ်

မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ အကျိုးပြုအဆီတွေ ပါဝင်နေတာက နှလုံးသွေးကြောနဲ့ နှလုံးကြွက်သားတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နှလုံးကျန်းမာစေဖို့ နေ့စဉ်ပုံမှန် စားပေးလို့ ရပါတယ်။ 

  • ကိုယ်ခံအားကောင်းစေတယ်

ပရိုတင်းနဲ့ ဇင့်ဓာတ် ပါဝင်နေမှုက ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အဖျားအနာကင်းစေဖို့ ပုံမှန်စားပေးလို့ ရပါတယ်။ 

  • အစာခြေစနစ်ကျန်းမာစေတယ်

အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုက အူတွေရဲ့ လှုပ်ရှားမှု ကောင်းစေဖို့ရော ဝမ်းမှန်စေဖို့နဲ့ အူနံရံတွေ ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ 

  • စိတ်ဖိစီးမှု သက်သာစေတယ်

စိတ်ဖိစီးနေတာ၊ စိုးရိမ်စိတ်လွန်ကဲနေတာတွေကို သက်သာစေဖို့ ဖရုံစေ့လှော်ကို ပုံမှန်လေး စားပေးလို့ ရပါတယ်။

  • ဆီးကျိတ်နဲ့ ဆီးအိမ်ကျန်းမာစေတယ်

ဖရုံစေ့က ဆီးသွားရခက်တာကို သက်သာစေသလို ဆီးအိမ်နဲ့ ဆီးကျိတ်ကိုလည်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

ဘယ်သူတွေ မစားသင့်ဘူးလဲ

ဖရုံစေ့က လူတိုင်းနဲ့  တည့်ပေမယ့် ဓာတ်မတည့်မှု ခံစားရဖူးသူတွေ၊ ရောဂါအခံ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးပါ။ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုင်မိခင်တွေလည်း ဆရာဝန်နဲ့ မေးမြန်းပြီးမှ စားပေးပါ

ဘာတွေသတိထားရမလဲ

ဖရုံစေ့က ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် အလွန်အကျွံ စားမယ်ဆိုရင်တော့ လေထိုးလေအောင့်တာမျိုးဖြစ်နိုင်ပါတယ်။

ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ!

လှော်ပြီးသား ဖရုံစေ့လှော်ကို သူ့အတိုင်းပဲ စားလို့ ရသလို ဒိန်ချဉ်၊ အုတ်ဂျုံစတာတွေနဲ့လည်း စားလို့ ရပါတယ်။ 

Lotoshin ရဲ့ စကားလက်ဆောင်

ဖရုံစေ့လှော်က ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ကောင်းကျိုးများတယ်ဆိုပေမယ့် အလွန်အကျွံစားတာမျိုး မလုပ်မိဖို့ လိုပါမယ်။ အစားအစာတိုင်းက တန်ဆေးလွန်ဘေးဆိုတာကို သတိပြုဖို့လည်း အကြံပြုလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *