မေမေတို့သိချင်နေမယ့် ဘေဘီလေးရဲ့ Gut-Brain Axis အကြောင်း

မေမေတို့သိချင်နေမယ့် ဘေဘီလေးရဲ့ Gut-Brain Axis အကြောင်း
မေမေတို့သိချင်နေမယ့် ဘေဘီလေးရဲ့ Gut-Brain Axis အကြောင်း

အရင့်အရင်ကာလတွေကတော့ ကလေးတစ်ယောက် ဉာဏ်ကောင်းဖို့ဆိုရင် မျိုးရိုးဗီဇက အရေးကြီးတယ်လို့ပဲ သတ်မှတ်ထားခဲ့ကြတာပါ။ ဒါပေမယ့် တိုးတက်လာတဲ့ ခေတ်အလျောက်မှာ လုပ်ဆောင်လာခဲ့တဲ့ လေ့လာမှုတွေ အရ သိလာရတာက ကလေးတစ်ယောက် ဉာဏ်ကောင်းစေဖို့နဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ဆိုတဲ့နေရာမှာ မျိုးရိုးဗီဇက ၂၀ ရာခိုင်နှုန်းလောက်ပဲ ပါဝင်နေတာဖြစ်ပြီး Gut-Brain Axis ရဲ့ ပါဝင်မှုနဲ့ ပျိုးထောင်မှုက အတော်လေးကို သက်ရောက်နေတယ်ဆိုတာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ထက်မြက်တဲ့ ဘေဘီလေးအဖြစ် ကြီးပြင်းလာစေဖို့ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ Gut-Brain Axis အကြောင်းလေးကို မေမေတို့ ဗဟုသုတ ရစေဖို့ မျှဝေပေးလိုက်ပါတယ်။ 

ဘေဘီလေးရဲ့  Gut-Brain Axis ဆိုတာ ဘာလဲ!

Gut-Brain Axis ဆိုတာကို နားလည်လွယ်အောင် ပြောပြရရင်တော့ အစာအိမ်အူလမ်းကြောင်းနဲ့ ဦးနှောက်အကြားက အချိန်အဆက်လေးတစ်ခုပေါ့။ ဘယ်လို ချိတ်ဆက်နေလဲဆိုရင်တော့ ဘေဘီလေး စားသုံးတဲ့ အစားအစာတွေက ဦးနှောက်ဖွံ့ဖြိုးဖို့နဲ့ ဘေဘီလေးရဲ့ အာရုံခံစားနိုင်စွမ်း၊ စိတ်ခံစားမှုတို့အပေါ်မှာ လွှမ်းမိုးနေတဲ့ အာရုံကြောဆဲလ်လေးတွေ၊ ကိုယ်ခံအားနဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းစွာလုပ်ဆောင်နိုင်စေဖို့ အတွက် ထောက်ကူအားဖြည့်ပေး နေတာပါ။ ကျန်းမာရေအတွက် ညီညွတ်အောင် စားသုံးတာက ဦးနှောက် အပါအဝင် ဘက်စုံကောင်းစွာ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပြီး အာဟာရ ပြည့်ဝစုံလင်မှု အားနည်းမယ်ဆိုရင် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာသန်စွမ်းမှုကို ထိခိုက်စေမှာပါ။

ဒါကြောင့် အတိုချုပ်ပြောရရင် ဘေဘီလေးတစ်ယောက် ကျန်းမာထက်မြက်စွာနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့ ထောင့်စေပအောင် လုပ်ဆောင်ပေးတဲ့ ဖွံ့ဖြိုးမှုထောက်ကူပြုအာဟာရထောက်ပံ့မှု စနစ်တစ်ရပ်ကို Gut-Brain Axis လို့ ခေါ်တယ်လို့ ဆိုရပါမယ်။ 

Gut-Brain Axis အရေးကြီးသလား!

ဘေဘီလေးတစ်ယောက်က ရုပ်ပိုင်းဆိုင်ရာ ကောင်းစွာဖွံ့ဖြိုးပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စွာနဲ့ ကြီးပြင်းလာစေဖို့အတွက် Gut-Brain Axis က အတော်လေးကို အရေးပါပါတယ်။ အကြောင်းကတော့ ဒီစနစ်ကြီးက ကလေးရဲ့ ဦးနှောက်နဲ့ အစာခြေစနစ်အကြားမှာ အပြန်အလှန်ဆက်သွယ်ပေးထားတဲ့ ပင်မ ဆက်သွယ်ရေးလမ်းကြောင်းတစ်ရပ်ဖြစ်နေလို့ပါ။

Gut-Brain Axisက ကလေးရဲ့ အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယားတွေကို ပေါက်ဖွားရှင်သန်စေဖို့ ထောက်ကူပေးရင်း ကလေးရဲ့ အစောပိုင်းကာလ ဦးနှောက်နဲ့ အာရုံကြောမကြီးဖွံ့ဖြိုးစေဖို့၊ ကိုယ်ခံအား ကောင်းစေဖို့၊ စိတ်ခံစားမှုကောင်းစေဖို့၊ အပြုအမူပိုင်းဆိုင်ရာ ကောင်းမွန်စေဖို့၊ ဟော်မုန်းစနစ် ကျန်းမာစေဖို့၊ ဇီဝကမ္မဖြစ်စဉ်တွေ တိုးတက်ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးနေတာပါ။ 

ကလေးကို မွေးစကနေစလို့ အသက်အရွယ်အလိုက်မှာ ဖွံ့ဖြိုးလာရမယ့် ဦးနှောက်ဖွံ့ဖြိုးမှုတွေ ရရှိစေဖို့၊ စိတ်ခံစားမှုတွေနဲ့ အာရုံခံစားနိုင်စွမ်းတွေ ဖွံ့ဖြိုးစေဖို့၊ သင်ယူနိုင်စွမ်း၊ မှတ်မိနိုင်စွမ်းတွေ၊ ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းတွေကောင်းစေဖို့အတွက် ဦးနှောက်ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေတဲ့ ဆီရိုတိုနင် ဟော်မုန်းနဲ့ short-chain fatty acids (SCFAs)တို့ကို ထုတ်လုပ်ပေးနိုင်တဲ့ အူလမ်းကြောင်းတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေကို တိုးပွားပေါက်ဖွားနိုင်စေဖို့ ထောက်ကူပေးပါတယ်။ 

မေမေတို့သိချင်နေမယ့် ဘေဘီလေးရဲ့ Gut-Brain Axis အကြောင်း
မေမေတို့သိချင်နေမယ့် ဘေဘီလေးရဲ့ Gut-Brain Axis အကြောင်း

မွေးစကလေးတွေမှာရော ဘယ်လိုတွေ ထောက်ကူပေးသလဲ!

Gut-Brain Axisက မွေးစကလေးလေးတွေမှာဆိုရင် – 

  • ကောင်းကျိုးပြုဘက်တီးရီးယားတွေ ကောင်းစွာ လုပ်ဆောင်နိုင်စေတယ် – ဘေဘီလေး မွေးလာတဲ့အရွယ်ကနေစပြီး သူတို့လေးတွေရဲ့ အူလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားလေးတွေက စတင်အလုပ်လုပ်ဆောင်လာပြီး ဆီရိုတိုနင်လိုမျိုး ဦးနှောက်ဆီကို ရောက်ရှိသတင်းပို့ အာဟာရဖြည့်တင်းရပေးမယ့် ဓာတုပစ္စည်းလေတွေနဲ့ အာရုံကြောဆဲလ်လေးတွေကို ဖြစ်ပေါ်စေဖို့ ပူညီပေးရင်း ကြီးထွားဖွံ့ဖြိုးဖို့နဲ့ အသက်အရွယ်အလိုက် တိုးတက်မှုဖြစ်စဉ်တွေ ဖြစ်ပေါ်စေဖို့ လုပ်ဆောင်ပေးပါတယ်။
  • အရေးပါတဲ့ ဆက်သွယ်ရေးပင်မလမ်းကြောင်း အာရုံကြောစနစ် ကောင်းမွန်စေတယ် – Vagus အာရုံကြောမကြီးက ကိုယ်တွင်းက အချက်အလက်တွေကို သက်ဆိုင်ရာ အင်္ဂါအစိတ်အပိုင်းတွေနဲ့ ဦးနှောက်က ထိန်းချုပ်တဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို သတင်းပို့ရင်း ပြန်ကြားချက်တွေကို အပြန်အလှန် ပို့ဆောင်ပေးနေတဲ့ အချက်အလက်ပေးပို့မှု ပင်မလမ်းကြောင်းပါ။ ဒီစနစ်ကြီးထဲမှာ အူလမ်းကြောင်းဆီကနေ ဦးနှောက်ဆီကို ပေးပို့စီးဆင်းနေတဲ့ သတင်းအချက်အလက်က ၉၀ % လောက်ကို ရှိနေတာပါ။ အစားစားတာ၊ ကလေးရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေနဲ့ စိတ်ဖိစီးမှုအပေါ် တုံ့ပြန်ပုံတွေ ပါဝင်နေပြီး ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ အရေးပါတဲ့ ဒီစနစ်ကို ကောင်းမွန်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။
  • ကိုယ်ခံအားကောင်းမွန်စေတယ် – ဘေဘီလေးတွေ ကိုယ်ခံအားစနစ် ကောင်းမွန်စွာ ဖွံ့ဖြိုးလာစေဖို့နဲ့ ကိုယ်ခံအားကောင်းပြီး ဖျားနာမှု ကင်းစေဖို့အတွက်လည်း အူလမ်းကြောင်းတွင်းက ဘက်တီးရီးယား တွေက အကောင်းဆုံး ထောက်ကူပေးနေတာပါ။ 
  • Metabolites တွေ ဖြစ်ပေါ်စေတယ် – Metabolites ဆိုတာက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေ (ဇီဝကမ္မဖြစ်စဉ်) ဆောင်ရွက်တဲ့အခါ လိုအပ်တဲ့ ပစ္စည်းတွေပဲဖြစ်တယ်။ ဒီပစ္စည်းလေးတွေက သွေးလည်ပတ်မှုစနစ်ထဲကိုရောက်ရှိပြီး မျိုးဗီဇလုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှုရှိ သလို ကလေးရဲ့ အစားစားချင်စိတ်နဲ့ ဦးနှောက်ထိန်းချုပ်မှုတွေအပေါ်မှာ သက်ရောက်မှုတွေ ဖြစ်စေပါတယ်။

ကလေးရဲ့ အစောပိုင်းကာလအတွက် ဘယ်လိုတွေသက်ရောက်နေသလဲ!

Gut-Brain Axisက ဘေဘီလေးရဲ့ အစောပိုင်းကာလကစလို့ ဖွံ့ဖြိုးနေတဲ့ ကာလတလျှောက်လုံးမှာ အခုလို ဖွံ့ဖြိုးမှုတွေအတွက် တာဝန်ယူဖြည့်ဆည်းပေးတာပါ။

  • အာရုံကြောနဲ့သိမြင်မှုပိုင်းတွေ ဖွံ့ဖြိုးစေတယ် – ကလေးတစ်ယောက်အတွက် အရေးပါတဲ့ အခြေခံကျတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အခြေခံကျတဲ့ သိမြင်မှုစွမ်းရည်နဲ့ အာရုံကြောဖွံ့ဖြိုးမှုတွေ အတွက် ထောက်ကူပေးနိုင်ပါတယ်။
  • စိတ်ခံစားမှုနဲ့ အပြုအမူပိုင်းဆိုင်ရာ ကောင်းမွန်စေတယ် – အူလမ်းကြောင်းကနေပြီး စိတ်ခံစားမှုအပေါ် လွှမ်းမိုးသက်ရောက်နေတဲ့ ဆီရိုတိုနင်ဟော်မုန်း ၉၅ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးပြီး စိတ်ခံစားမှု ကောင်းမွန်စေဖို့နဲ့ အပြူအမူပိုင်းဆိုင်ရာ ကောင်းမွန်စွာ တိုးတက်လာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
  • ကျန်းမာရေးကောင်းစေမယ် – ကျန်းမာတဲ့ အူလမ်းကြောင်းက ရေရှည်မှာ သိမြင်မှုစွမ်းရည် ကောင်းစေ ဖို့ ထောက်ကူပေးနိုင်သလို၊ စိတ်ခံစားမှု ကောင်းစေဖို့နဲ့ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေး နိုင်ပါတယ်။ 

ဘေဘီလေးအတွက် ကျန်းမာစေမယ့် Gut-Brain Axis ရစေဖို့

ဘေဘီလေးအတွက် ကျန်းမာတဲ့ Gut-Brain Axis ရစေဖို့ဆိုရင် ဘေဘီလေးကို အခုပြောခဲ့တာလေးတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။ 

  • မိခင်နို့ ပြည့်ပြည့်ဝဝ တိုက်ပါ – မိခင်နို့က ကလေးအတွက် လုံလောက်တဲ့ အကျိုးပြု ဘက်တီးရီးယား တွေကို ထောက်ပံ့ပေးနိုင်တဲ့ အာဟာရအပြည့်ဝဆုံးသော အရာပါ ဒါကြောင့် ဘေဘီလေးကို မွေးစကနေ စပြီး မိခင်နို့ကို လုံလောက် ပြည့်ဝအောင် တိုက်ကျွေးပေးပါ။
  • အာဟာရပြည့်ဝမျှတအောင် ပြင်ဆင်ပေးပါ – ကလေးကို အစားစစားနိုင်တဲ့အချိန်မှာလည်း အကျိုးပြု ဘက်တီးရီးယားတွေ ပြည့်ဝစွာ ပါဝင်နေတဲ့ အစားအစာလေးတွေကို ပြင်ဆင်ပေးပါ။
  • အချဉ်ဖောက်ထားတဲ့ အစားအစာတွေ – ကလေးကို ဒိန်ချဉ်၊ ကင်မ်ချီ၊ အိမ်လုပ်ချဉ်ဖတ် စတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ အစားအစာလေးတွေကို ပြင်ဆင်ပေးပါ။
  • Omega-3s နဲ့ Polyphenols – ငါးတွေ၊ ဘယ်ရီသီးတွေနဲ့ သံလွင်ဆီတို့မှာ ပါဝင်နေတတ်ပြီး ဦးနှောက်ဖွံ့ဖြိုး ကျန်းမာစေဖို့ရော အူလမ်းကြောင်း ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

ဘေဘီလေးတစ်ယောက် ကျန်းမာဖွံ့ဖြိုးစေဖို့နဲ့ ဉာဏ်ရည်ဉာဏ်သွေး ကိုယ်ရည်ကိုယ်သွေး ထက်မြက်စေဖို့ဆိုရင် ကျန်းမာတဲ့ Gut-Brain Axis ရစေဖို့ လိုအပ်တဲ့ စားသောက်နေထိုင်မှုပုံစံတွေကို သေချာလေး ဂရုစိုက်ပေးတာက အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *