ချောင်းဆိုးတာက အောင့်ထားလို့ မရတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ လူကြားထဲမှာ ချောင်းဆိုးချင်တာက တော်တော်ဆိုးသလို ချောင်းဆိုးရင်း ညဘက် အိပ်မရတာကလည်း တော်တော့်ကို ဆိုးပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ချောင်းဆိုးနေတာကို သက်သာစေဖို့ လုပ်ဆောင်လို့ရမယ့် အိမ်တွင်း နည်းလမ်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။
ချောင်းဆိုးနေလား ….. ဆားရည်နွေးနဲ့ အာလုပ်ကျင်းပါ
ချောင်းဆိုးနေပြီဆိုရင် ချောင်းဆိုးတာအတွက် ဆေးမသောက်ချင်တာမျိုး ဆိုရင်တော့ လုပ်ဆောင်လို့ရမယ့် အိမ်တွင်းကုထုံးလေး တစ်ခုရှိပါတယ်။ ဒါကတော့ ချောင်းဆိုးနေချိန်မှာ လည်ချောင်းထဲက ချွဲသလိပ်တွေ ကင်းစေဖို့နဲ့ အသက်ရှူရ ကောင်းမွန်စေဖို့အတွက် လုပ်လို့ရတဲ့ နည်းလမ်းတစ်ခုက ဆားရည်နွေးနွေးလေးနဲ့ အာလုပ်ကျင်းပေးတာပါ။
ဒါကြောင့် ချောင်းဆိုးနေချိန်မှာ ဆားရည်နွေးနဲ့ အာလုပ်ကျင်းမယ်ဆိုရင် ဘယ်လို ကောင်းကျိုးလေးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးသွားမယ်နော်။
- အရောင်ကျစေနိုင်တယ်
ချောင်းဆိုးနေချိန်မှာ ဆားရည်နဲ့အာလုပ်ကျင်းတာက ချောင်းဆိုးတာကို သက်သာစေပြီး လေပြွန်ရောင်တာကို သက်သာစေနိုင်ပါတယ်။ ဆားရည်နွေးနွေးနဲ့ အာလုပ်ကျင်းတဲ့အခါ အသက်ရှူရ သက်သာစေပြီး ချောင်းဆိုးတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- ချွဲပျော်စေနိုင်တယ်
ချောင်းဆိုးနေချိန်မှာ ဆားရည်နွေးနွေးနဲ့ အာလုပ်ကျင်းတာ ချွဲပျော်စေပြီး ချောင်းဆိုးရ သက်သာစေဖို့နဲ့ အသက်ရှူရကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
- ရောဂါပိုးတွေ ဖယ်ရှားပေးနိုင်တယ်
ချောင်းဆိုးနေချိန်မှာ ဆားရည်နွေးနွေးလေးနဲ့ အာလုပ်ကျင်းတာက အသက်ရှူလမ်းကြောင်းတလျှောက် ပိုးဝင်တာကို သက်သာစေဖို့နဲ့ အသက်ရှူလမ်းကြောင်းတလျှောက်က ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးဖို့ ထောက်ကူပေးနိုင်ပါတယ်။

- ချောင်းဆိုးတာကို သက်သာစေနိုင်တယ်
ချောင်းဆိုးနေချိန်မှာ ဆားရည်နဲ့အာလုပ်ကျင်းတာက လည်ချောင်းထဲက ချွဲတွေကို ပျော်သွားစေပြီး ချောင်းဆိုးတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဆားရည်နွေးနွေး ဒီလိုလုပ်ပါ
ချောင်းဆိုးတာ လည်ချောင်းနာတာကို သက်သာစေဖို့ ဆားရည်နွေးနဲ့ အာလုပ်ကျင်းနိုင်ဖို့ ရေနွေးကို ဆူနေအောင် တည်ပါ။ ရေနွေးနွေး ၄ အောင်စကနေ ၈ အောင်စလောက်ထဲကို ဆားလက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ ဒါမှမဟုတ် ဇွန်းတဝက်စာထည့်ပြီး သေချာလေး မွှေလိုက်ပါ။ ပြီးရင်တော့ စက္ကန့် ၃၀ ကြာ အာလုပ်ကျင်းပေးပါ။ တစ်နေ့ကို ၂ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်လောက်အထိ လုပ်ပေးလို့ ရပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ဆားရည်နွေးနဲ့ အာလုပ်ကျင်းတာက ချောင်းဆိုးတာကို သက်သာစေဖို့ရော လည်ချောင်းနာတာကို သက်သာစေဖို့ပါ ထောက်ကူပေးနိုင်သလို ဖျားနာတာကိုလည်း သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက သွေးတိုးရောဂါ ရှိနေတာမျိုးဆိုရင်လည်း မသင့်တော်သလို အသက် ၆ နှစ်အောက်ကလေးတွေဆိုရင်လည်း သီးတာမျိုး ဖြစ်နိုင်တာကြောင့် မလုပ်သင့်ပါဘူး။





