နှမ်းစေ့လေးတွေက သေးပေမယ့် ကျန်းမာစေနိုင်ပါတယ်

နှမ်းစေ့လေးတွေက သေးပေမယ့် ကျန်းမာစေနိုင်ပါတယ်

လက်ဖက်အပါအဝင် အသုပ်တွေထဲမှာ ထည့်စားလေ့ ရှိကြသလို အချိုပွဲတွေမှာပါ ထည့်သွင်းစားသုံးလေ့ရှိတဲ့ နှမ်းစေ့လေးတွေက အမြင်အရ သေးငယ်လှတယ်လို့ ထင်စရာရှိပေမယ့် ကျန်းမာရေးကောင်းကျိုကတော့ တော်တော်လေး များပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ နှမ်းစေ့လေးတွေကို နေ့စဉ် စားသုံးမှုမှာ ထည့်သွင်း စားသုံးပေးရုံနဲ့ ဘယ်လိုမျိုး ကျန်းမာရေး ကောင်းကျိုးတွေ ရရှိစေနိုင်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။ 

နှမ်းစေ့လေးတွေက သေးပေမယ့် ကျန်းမာစေနိုင်ပါတယ်

ရှေးယခင် ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် အသိအမှတ်ပြုခဲ့ကြတဲ့ နှမ်းစေ့လေးတွေကို နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားသုံးပေးမယ်ဆိုရင် အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်မှာပါ။ 

  • အာဟာရကြွယ်ဝတယ်

နှမ်းစေ့လေးတွေက အာဟာရကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။ နှမ်းစေ့လေးမှာ အဆီဓာတ်၊ ပရိုတင်းဓာတ်တွေ ပါဝင်နေသလို ဗီတာမင် B အပါအဝင် ဗီတာမင် များစွာ ပါဝင်နေပါတယ်။ ဒါတင်မကသေးပါဘူး နှမ်းစေ့လေးတွေမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ် နဲ့ သံဓာတ်တို့လိုမျိုး သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ 

အာဟာရပြည့်ဝတဲ့ နှမ်းစေ့လေးတွေက တစ်နေ့တာရဲ့ လိုအပ်တဲ့ အာဟာရတွေကို ကောင်းကောင်းဖြည့်ပေးနိုင် မှာပါ။ 

  • နှလုံးကျန်းမာစေတယ်

နှမ်းစေ့မှာ monounsaturated fat တွေနဲ့ polyunsaturated fat တွေ ပါဝင်နေတာကြောင့် သွေးထဲမှာ အကျိုးပြု ကိုလက်စထရောတွေ တိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီလို အကျိုးပြုအဆီတိုးစေတာက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် အရောင်ကျစေပြီး နှလုံးသွေးကြောစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • အရိုးတွေ သန်မာစေတယ်

နှမ်းစေ့မှာ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လိုမျိုး အရိုးတွေကို သန်မာစေနိုင်မယ့် သတ္တုဓာတ်တွေ ပါဝင်နေတာ ကြောင့် အရိုးတွေကို သန်မာစေဖို့ ထောက်ကူပေးနိုင်သလို အရိုးပါးတာ၊ အရိုးပွတာမျိုး ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ အရိုးသိပ်သည်းဆ ကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

နှမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုကို ကင်းစေပြီး ဆီးချို၊ သွေးတိုး၊ နှလုံးကျန်းမာရေး ပြဿနာတွေလိုမျိုး နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ 

  • အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ်

နှမ်းမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • အသားအရေနဲ့ ဆံသားကျန်းမာလှပစေတယ်

နှမ်းမှာ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို အစိုဓာတ်ထိန်းပေးပြီး အသားအရေ စိုပြေလှပစေဖို့ ထောက်ကူပေးသလို ဆံသားတွေ ကျန်းမာသန်စွမ်းစေဖို့လည်း ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ 

 

နှမ်းစေ့လေးတွေက စားလို့ကောင်းသလို အခုပြောပြခဲ့တဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေကိုလည်း ရစေနိုင် တယ်ဆိုတော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးသင့်တယ်ဆိုတာကို ထွေထွေထူးထူး ပြောစရာမလိုအောင်ကို သိပြီထင်တယ်နော်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *