ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ အာဟာရမပြည့်ဝရင် ဘာတွေ ဖြစ်လာနိုင်မလဲ!

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ အာဟာရမပြည့်ဝရင် ဘာတွေ ဖြစ်လာနိုင်မလဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ အာဟာရမပြည့်ဝရင် ဘာတွေ ဖြစ်လာနိုင်မလဲ!

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့အတွက် မေမေက အစားအစာတွေကို အမျိုးအစား စုံစုံလင်လင် စားသုံးဖို့ လိုပါမယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အာဟာရ မပြည့်ဝတာမျိုး ဖြစ်မယ်ဆိုရင် မိခင်ရော ကလေးမှာပါ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်တာကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ အာဟာရမပြည့်ဝရင် ဘာတွေ ဖြစ်လာနိုင်မလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ အာဟာရမပြည့်ဝရင် ဘာတွေ ဖြစ်လာနိုင်မလဲ!

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အာဟာရလုံလောက်စွာ မစားရတာမျိုး ဖြစ်မယ်။ အစားအစာတွေကို အမျိုးအစား စုံလင်စွာ မစားသုံးမိတာမျိုး ဖြစ်မယ်ဆိုရင်တော့ မိခင်ရော ကလေးမှာပါ အခုလို အကျိုးဆက်‌တွေ ဖြစ်စေနိုင်ပါတယ်။

အာဟာရ မပြည့်ဝမှုက မေမေမှာ အခုလို ထိခိုက်နိုင်ပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝစွာ မစားသုံးမိတာက မိခင်မှာ အခုလို ထိခိုက်စေနိုင်ပါတယ်။

  • သွေးအားနည်းရောဂါ

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရလိုအပ်ချက်က ပုံမှန်ထက် ပိုမြင့်ပါတယ်။ ဒီလို အချိန်မှာ မေမေက အစားသေချာစွာ မစားမိတာမျိုး ဖြစ်မယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ မရှိမဖြစ် လိုအပ်မယ့် သံဓာတ်၊ ဖောလိတ်တွေ လုံလောက်စွာ မရရှိတာကြောင့် ခန္ဓာကိုယ်က သွေးနီဥဆဲလ်တွေကို လုံလောက်စွာ မထုတ်နိုင်တာ၊ သွေးတွင်း အောက်ဆီဂျင် ပမာဏ နည်းတာတွေကြောင့် သွေးအားနည်းတာကို ဖြစ်စေနိုင်ပါတယ်။

  • သွေးဆိပ်တက်တာ

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရလုံလောက်စွာ မစားမိတာက မဂ္ဂနီဆီယမ် ချို့တဲ့မှုဖြစ်ပြီး သွေးဆိပ်တက်တာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာတွေကို ဖြစ်စေနိုင်ပါတယ်။ 

  • သွေးသွန်တာ

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရချို့တဲ့တာက မီးဖွားနေစဉ်နဲ့ မီးဖွားပြီးချိန်မှာ မိခင်ရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ သွေးသွန်တာကို ဖြစ်စေနိုင်ပါတယ်။ 

ဒီအချက်တွေအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ လုံလောက်ပြည့်ဝအောင် မစားသုံးတာက ကိုယ်ဝန်ဆောင် ဆီးချို၊ ကိုယ်ဝန်ဆောင် သွေးတိုးတာနဲ့ အခြားသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ 

အာဟာရ မပြည့်ဝမှုက ဘေဘီလေးမှာ အခုလို ထိခိုက်နိုင်ပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝစွာ မစားသုံးမိတာက ဘေဘီလေးမှာ အခုလို ထိခိုက်စေနိုင်ပါတယ်။

  • သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အာဟာရပြည့်ဝလုံလောက်အောင် မစားသုံးမိတာက မိခင်ရဲ့ ဝမ်းထဲမှာ သန္ဓေသားအဖြစ် ရှိနေတဲ့ ဘေဘီလေးမှာ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

  • ပေါင်မပြည့်ဘဲ မွေးဖွားနိုင်တယ်

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အာဟာရပြည့်ပြည့်ဝဝ မစားမိဘူးဆိုရင် ကလေးက ပေါင်မပြည့်ဘဲ မွေးတာကို ဖြစ်စေနိုင်ပါတယ်။

  • လမစေ့ဘဲ မွေးဖွားနိုင်တယ်

နောက်ထပ်ဖြစ်နိုင်ခြေ တစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ လုံလောက်ပြည့်ဝစွာ မစားမိတာက ကလေးကို လမစေ့ဘဲ မွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။

  • ကလေးအသေမွေးနိုင်ခြေ များစေတယ်

ကိုယ်ဝန်ဆောင်မိခင်က အာဟာရ ပြည့်ဝစွာ မစားသုံးတာက ကလေးအသေမွေးတာမျိုး ဖြစ်စေနိုင်ပါတယ်။

  • ဖွံ့ဖြိုးမှု နောက်ကျမယ်

သန္ဓေသားအရွယ်မှာ အာဟာရ ပြည့်ပြည့်ဝဝ မရရှိခဲ့တာက ကလေးကို မွေးဖွားပြီးချိန်မှာ ဖွံ့ဖြိုးမှုက အသက်အရွယ်ထက် နောက်ကျတာ၊ နှေးတာတွေကို ခံစားရစေနိုင်ပါတယ်။ 

  • နာတာရှည်ရောဂါ ခံစားရနိုင်ပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အာဟာရ လုံလောက်ပြည့်ဝအောင် မစားသုံးမိတာက ကလေး အသက်အရွယ်ရ လာချိန် (အသက် ၅၀ နောက်ပိုင်းလောက်) မှာ အဝလွန်တာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါတွေ ခံစားရနိုင်ပါတယ်။

ဒါကြောင့် မိခင်ရော ကလေးပါ ကျန်းမာစေဖို့ မီးဖွားနေစဉ်နဲ့ မီးဖွားပြီးချိန်တွေမှာ ကျန်းမာစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ အစာအုပ်စု စုံစုံလင်လင် စားပေးဖို့ လိုပါမယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ပြည့်ဝဝ စားပေးတာက မိခင်ရော ကလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ အိုင်အိုဒင်း၊ သံဓာတ်၊ ဖောလိတ်၊ ကယ်လ်ဆီယမ်၊ ဇင့်၊ မဂ္ဂနီဆီယမ်တို့ကို ပြည့်ပြည့်ဝဝ စားသုံးဖို့ လိုပါမယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *