ခန္ဓာကိုယ်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေ မလုံလောက်တော့ဘူးလား!

ခန္ဓာကိုယ်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေ မလုံလောက်တော့ဘူးလား!
ခန္ဓာကိုယ်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေ မလုံလောက်တော့ဘူးလား!

ခန္ဓာကိုယ်က နေ့စဉ် လှုပ်ရှားသွားလာနိုင်နေတိုင်းလည်း ကျန်းမာနေတယ်လို့ မဆိုသာပါဘူး။ တစ်ခါတလေမှာ နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်နေတယ်ဆိုပေမယ့် ခန္ဓာကိုယ်က လိုတာထက် ပိုပင်ပန်းနေတာ၊ ခြေကုန်လက်ပမ်းကျနေတာ၊ ဆံပင်တွေ ဖြူလာတာတွေက ကျန်းမာဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ နည်းနေပြီဆိုတာကို ဖော်ပြနေတာပါ။

ဒီဆောင်းပါးလေးထဲမှာတော့ ခန္ဓာကိုယ်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေ မလုံလောက်တော့တဲ့အခါ ဘယ်လိုတွေ လက္ခဏာပြတတ်လဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။ 

ခန္ဓာကိုယ်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေ မလုံလောက်တော့ဘူးလား!

ခန္ဓာကိုယ်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေ မလုံလောက်တော့ဘူးဆိုရင် အခုလိုတွေ ခံစားရနိုင်ပါတယ်။

  • ခါးနာက တော်တော်နဲ့ မသက်သာဘဲ ကြာနေတာ

နာတာရှည်ခါးနာတာမျိုး ခံစားနေရတာ၊ ခါးနာတာက တော်တော်နဲ့ မသက်သာဘဲ အချိန်တော်တော်ကြာကြာ ခံစားနေရတာက ခန္ဓာကိုယ်မှာ အရိုးတွေကျန်းမာရေးနဲ့ ကြွက်သားလုပ်ဆောင်မှုတွေ ကောင်းမွန်စေဖို့ ထောက်ကူပေးတဲ့ ဗီတာမင် D နည်းနေတာကြောင့်ပါ။ ဗီတာမင် D က ခန္ဓာကိုယ်ရဲ့ အရိုး၊ အဆစ်နဲ့ ကြွက်သားတွေရဲ့ လှုပ်ရှားမှု ကောင်းစေဖို့ ထောက်ကူအားဖြည့်ပေးပါတယ်။ 

  • အမြဲလိုလို ဗိုက်ဆာနေတာ

အမြဲလိုလို ဗိုက်ဆာနေတာက ကိုယ်တွင်းမှာ ဟော်မုန်းတွေကို ထိန်းညှိပေးပြီး အင်အားပြည့်ဝစေဖို့နဲ့ ကြွက်သားတွေကို အားဖြည့်ပေးတဲ့ အမိုင်နိုအက်ဆစ် နည်းနေတာကြောင့်ပါ။ 

  • အမြဲလိုလို ပင်ပန်းနေတာ

နေ့တိုင်းမှာ ပင်ပင်ပန်းပန်း မလုပ်ဘဲ အမြဲလိုလို ပင်ပန်းနေတာက ကိုယ်တွင်းမှာ သံဓာတ်အားနည်းနေတာပါ။ သံဓာတ်က ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သွေးထဲကနေတဆင့် အောက်ဆီဂျင်တွေ ပို့ဆောင်ပေးပြီး အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။

  • ဆံပင်တွေဖြူလာတာ

ဆံပင်တွေဖြူလာတာက ကိုယ်တွင်းမှာ သိုင်းရွိုက်လုပ်ဆောင်မှု ပုံမှန် မဟုတ်တာကြောင့် Copper မလုံလောက်တာကြောင့်ပါ။ 

  • အသက်ရှူရခက်နေတာ

အသက်ရှုရတာ ခက်တာ၊ အသက်ရှူရကြပ်သလိုလို ခံစားနေရတာက အာရုံကြောနဲ့ သွေးနီဥဆဲလ်တွေ ကျန်းမာစေဖို့ အရေးပါတဲ့ ဗီတာမင် B12 ကျဆင်းနေပြီဆိုတာကို ဖော်ပြနေတာပါ။

  • ချွေးထွက်များနေတာ

ချွေးက ပုံမှန်ထက် ပိုထွက်နေတာ၊ ချွေးထွက်များနေတာတွေက ကိုယ်တွင်းမှာ အာရုံကြော၊ ကြွက်သား ကျန်းမာဖို့နဲ့ နဲ့ ကိုယ်တွင်းအရည်ဓာတ်တွေကို ထိန်းညှိပေးဖို့ အရေးပါတဲ့ မဂ္ဂနီဆီယမ် လုံလောက်မှု မရှိဘူးဆိုတာကို ဖော်ပြနေတာပါ။ 

  • လက်သည်းတွေ ပြာနေတာ

လက်သည်းတွေက နီနေ၊ ပန်းရောင်သန်းနေတာမျိုး မဖြစ်ဘဲ လက်သည်းတွေ ပြာနေမယ်ဆိုရင် သွေးအားနည်းတာ ဒါမှမဟုတ် ရောဂါအခံ တစ်ခုခု ရှိနေတာကြောင့် သွေးစီးဆင်းမှု မကောင်းတာ၊ သွေးတွင်း အောက်ဆီဂျင် နည်းနေတာတွေကြောင့်ပါ။

ခန္ဓာကိုယ်မှာ ဒီလက္ခဏာတွေ ပြနေပြီဆိုရင် ကျန်းမာရေးအားနည်းနေတာမျိုး ဖြစ်နိုင်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ 

Lotoshin ရဲ့ စကားလက်ဆောင်

အချို့သော အခြေအနေတွေက ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ခံစားရနေတယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ နေ့စဉ်တိုင်းမှာ အာဟာရ ပြည့်ဝစွာ ပါဝင်နေအောင် စားသုံးတာ၊ အိပ်ရေးဝဝအိပ်တာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပုံမှန် လုပ်ဆောင်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *