ဆေးလိပ်သောက်ခြင်းက ဆယ်ကျော်သက်ကျန်းမာရေးကို ဘယ်လို ထိခိုက်စေမလဲ!

ဆေးလိပ်သောက်ခြင်းက ဆယ်ကျော်သက်ကျန်းမာရေးကို ဘယ်လို ထိခိုက်စေမလဲ!
ဆေးလိပ်သောက်ခြင်းက ဆယ်ကျော်သက်ကျန်းမာရေးကို ဘယ်လို ထိခိုက်စေမလဲ!

ဆယ်ကျော်သက်တွေက ငယ်ရွယ်နုပျိုတဲ့အရွယ်လေးတွေ ဖြစ်တာကြောင့် ဆေးလိပ်သောက်တဲ့အခါ သူတို့မှာ ပြင်းထန်တဲ့ ကျန်းမာရေးဆိုးကျိုးတွေ ခံစားရတယ်ဆိုရင်တောင် သိပ်သတ်မထားမိတာမျိုး ရှိနိုင်ပါတယ်။ တကယ်ကတော့ ဆေးလိပ်သောက်တာက ဘယ်အသက်အရွယ်မှာမဆို ထိခိုက်မှု ကြီးကြပါတယ်။ ဒါကြောင့် အခုတစ်ခေါက်တော့ ဆေးလိပ်သောက်ခြင်းက ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။ 

ဆေးလိပ်သောက်ခြင်းက ဆယ်ကျော်သက်ကျန်းမာရေးကို ဘယ်လို ထိခိုက်စေမလဲ!

ဆယ်ကျော်သက်အရွယ်လေးတွေကို ဆေးလိပ်ရဲ့ဘေးထွက်ဆိုးကျိုးတွေအကြောင်း အသိပညာပေးနိုင်ဖို့ အရမ်းပဲ အရေးကြီးပါတယ်။ ဒါကြောင့် ကလေးတွေကို ဆေးလိပ်သောက်တဲ့အကျင့် အစမပြုမိစေဖို့ သေချာလေး ဂရုစိုက်ပျိုးထောင်ဖို့ လိုသလို ကလေးက ဆေးလိပ်သောက်တတ်နေတာမျိုး ဖြစ်မယ်ဆိုရင်လည်း ဆေးလိပ်ဖြတ်နိုင်ဖို့ ကူညီပေးရပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်သောက်တာက – 

အလှပျက်တယ်

ဆေးလိပ်သောက်တာက ငယ်ရွယ်ပျိုမြစ်နေတဲ့ ဆယ်ကျော်သက်အရွယ်ကာလရဲ့ အလှအပကို အများကြီး ထိခိုက်စေတာပါ။ ဆေးလိပ်သောက်တာက အရွယ်အိုမင်းလွယ်သလို၊ ခံတွင်းနံ့ဆိုးတာ၊ သွားတွေဝါတာလိုမျိုး အလှပျက်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အားနည်းစေတယ်

ဆေးလိပ်သောက်တာက သက်လုံမကောင်းတာ အမောမခံနိုင်တာတွေကို ဖြစ်စေနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု အပေါ်မှာ အများကြီး ထိခိုက်စေနိုင်ပါတယ်။

ဖျားနာလွယ်တယ်

ဆေးလိပ်သောက်တဲ့သူက အသက်ရှူလမ်းကြောင်း ကျန်းမာရေးအားနည်းသလို ကိုယ်ခံအားလည်း မကောင်းတတ်ကြပါဘူး။ ဒါကြောင့် ရာသီအကူးအပြောင်းမှာ ဖျားနာလွယ်သလို အအေးမိ၊ တုပ်ကွေး ကူးစက်ခံရနိုင်ခြေကလည်း အခြားသူတို့ထက် ပိုများနေတတ်ပါတယ်။

အသက်ရှူလမ်းကြောင်း ကျန်းမာရေး ထိခိုက်လွယ်တယ်

ဆေးလိပ်သောက်သူတွေမှာ လေပြွန်ရောင်တာ၊ အဆုတ်ရောင်တာလိုမျိုး ကျန်းမာရေးပြဿနာတွေနဲ့ အဆုတ်ပွတာတွေကိုလည်း ခံစားရနိုင်ပါတယ်။ 

အဆုတ်ကို ထိခိုက်စေနိုင်တယ်

ဆေးလိပ်သောက်တာက အဆုတ်ကို တိုက်ရိုက်ထိခိုက်တာ ဖြစ်တာကြောင့် အဆုတ်ဖွံ့ဖြိုးဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်သောက်တာက အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။ 

နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားရစေနိုင်တယ်

ဆေးလိပ်သောက်တာက ရေရှည်မှာ နာတာရှည် ကျန်းမာရေးပြဿနာ အနေနဲ့ 

  • နှလုံးရောဂါ
  • ဆီးချိုရောဂါ 
  • လေဖြတ်တာ
  • အဆုတ်ပျက်စီးတာ
  • လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အစာအိမ်ကင်ဆာတွေကို ခံစားရတာ
  • အသက်တိုတာ
  • သွားဖုံးရောဂါ
  • မျက်လုံးရောဂါ
  • အရိုးတွေအားနည်းတာ၊ ကျိုးလွယ်တာ
  • အရေပြားပြဿနာ (ဆိုရီရေးစစ် လိုမျိုး)
  • ခံတွင်းအနာ 
  • အရွတ်တွေ၊ အဆစ်တွေ ထိခိုက်တာ
  • အနာကျက်နှေးတာ စတာတွေကို ခံစားရနိုင်ပါတယ်။ 

စိတ်ကျန်းမာရေး ထိခိုက်နိုင်တယ်

ဆေးလိပ်သောက်တာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုတွေ အနေနဲ့ – 

  • စိတ်ပင်ပန်းလွန်းတာ
  • စိတ်က အနားမရတမ်း တွေးနေတာ
  • စိုးရိမ်စိတ် လွန်ကဲတာ
  • စိတ်ဓာတ်ကျတာ
  • အာရုံစူးစိုက်ဖို့ ခက်ခဲတာ
  • မေ့လွယ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ 

ငယ်ရွယ်စဉ်မှာ ဆေးလိပ်သောက်သုံးတာက နေ့စဉ်ဘဝမှာ ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရတာ ဖြစ်သလို အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေလည်း များတာကြောင့် ဆယ်ကျော်သက် အရွယ်ကစလို့ ဆေးလိပ်ကို အစမလုပ်ဘဲ ရှောင်ကြဉ်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ဆေးလိပ်သောက်တာက ဆယ်ကျော်သက်တွေမှာလည်း ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ အဆုတ်ပျက်စီးတာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို ထိခိုက်တာ၊ နီကိုတင်း စွဲလမ်းတာနဲ့ နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားရစေတာမျိုးတွေအထိ ခံစားရစေနိုင်တာမို့ အတတ်စမ်းတဲ့အနေနဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲတာ၊ Vape သုံးတာမျိုးတွေ မလုပ်ကြဖို့ အကြံပြုချင်ပါတယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *