နနွင်းလို့ ပြောလိုက်ရင် ဟင်းချက်ရာမှာဖြစ်ဖြစ် ဆီးမွှေးလေးချက်ရင်ဖြစ်ဖြစ် သုံးတတ်ကြသလို မနက်စာအဖြစ် စားတတ်ကြတဲ့ ဆီထမင်းပူပူလေးကို ချက်ပြုတ်ပြင်ဆင်ရာမှာလည်း နနွင်းကို ထည့်တတ်ကြပါသေးတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုမှာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ပါဝင်နေတတ်တဲ့ ဆေးဖက်ဝင်တယ်လို့လည်း ရှေးကတည်းက သိခဲ့ကြတဲ့ နနွင်းက ဘယ်လိုဆေးဖက်ဝင်သလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။
နနွင်းဆိုတာက ဘာလဲ!
နနွင်းတိုတာက ချင်း (ဂျင်း) ရဲ့ မျိုးရင်းဝင်အပင်တစ်မျိုးဖြစ်တဲ့ Curcuma longa အပင်ရဲ့ မျိုးရင်းဝင်ပါ။ နနွင်းမှာ အဝါရောင်တောက်တောက်လေးကို ရစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါရှိစေတဲ့ curcumin ပါဝင်နေတာပါ။ နနွင်းကို နနွင်းတက်ပုံစံနဲ့ တွေ့ရနိုင်သလို သုံးနေကျအတိုင်း နနွင်းမှုန့်အဖြစ်နဲ့လည်း တွေ့ရ နိုင်ပါတယ်။
နနွင်းက ဘယ်လိုဆေးဖက်ဝင်သလဲ!
နနွင်းက အခုလိုလေး ဆေးဖက်ဝင်ပါတယ်။
- အရောင်ကျစေနိုင်တယ်
နနွင်းမှာ curcumin ပါဝင်နေတာကြောင့် အရောင်ကျစေဖို့ ထောက်ကူပေးနိုင်သလို အနာကျင်စေဖို့နဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နာတာရှည် ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။
- ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်တယ်
နနွင်းက ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပြီး autoimmune ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့အတွက်နနွင်းကို စားသုံးပေးလို့ ရပါတယ်။
- နှလုံးကျန်းမာစေတယ်
နနွင်းက ဓာတ်တိုးပစ္စည်းကြွယ်ဝတာကြောင့် နှလုံးသွေးကြောတွေ ကျန်းမာစေဖို့ ထောက်ကူပေးသလို နှလုံးကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်
နနွင်းက ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချပေးပြီး ကင်ဆာဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ရပ်အထိ လျှော့ချပေးနိုင်ပါသေးတယ်။
- နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်
နနွင်းမှာပါဝင်နေတဲ့ curcuminက လေဖြတ်တာ၊ နှလုံးရောဂါနဲ့ အမျိုးအစား (၂) ဆီးချိုအပါအဝင် နာတာရှည်ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
- အဆစ်ရောင်နာကို သက်သာစေနိုင်တယ်
နနွင်းမှာ အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အဆစ်တွေရောင်ရမ်းတာကို သက်သာစေနိုင်သလို အဆစ်ရောင်နာကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
- ဦးနှောက်ကျန်းမာစေတယ်
နနွင်းက ဦးနှောက်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို ဗဟိုအာရုံကြောစနစ်ကိုလည်း စိတ်ဖိစီးမှုကြောင့် ထိခိုက်တာမျိုး ဝန်ပိတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- စိတ်ဓာတ်ကျတာကို သက်သာစေတယ်
နနွင်းက စိတ်ဓာတ်ကျတာကို ကုသရာမှာလည်း ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် စိုးရိမ်စိတ်လွန်ကဲတာနဲ့ စိတ်ဓာတ်ကျတာကို သက်သာစေဖို့ နနွင်းကို စားပေးလို့ ရပါတယ်။

အမျိုးသမီးလေးတွေအတွက်ရော ဘယ်လို ကောင်းကျိုးလေးတွေ ရှိနိုင်လဲ!
နနွင်းက လေဒီလေးတွေအတွက်လည်း အခုလို ထောက်ကူပေးနိုင်ပါတယ်။
- သားအိမ်ရေအိတ်တည်တာကို သက်သာစေတယ်
နနွင်းမှာပါတဲ့ curcumin က အန်ထရိုဂျင်ပမာဏကို ကျဆင်းစေပြီး သားအိမ်ရေအိတ်တည်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကျစေဖို့၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိစေနိုင်ဖို့၊ သွေးတွင်းအဆီကျစေဖို့နဲ့ အင်ဆူလင်ဟော်မုန်း ထွက်ရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- ရာသီအကြိုလက္ခဏာကို သက်သာစေတယ်
နနွင်းမှာပါတဲ့ အရောင်ကျစေနိုင်တဲ့ အာနိသင်က လေဒီလေးတွေမှာ ခံစားရနိုင်တဲ့ ရာသီအကြိုလက္ခဏာတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
- သားအိမ်အတွင်းဆဲလ်တွေ နေရာလွဲနေခြင်း (endometriosis ) ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်
နနွင်းက သားအိမ်အတွင်းဆဲလ်တွေ နေရာလွဲနေခြင်းကို သက်သာစေဖို့နဲ့ ဖြစ်နိုင်ခြေကို လျှော့ချပေးဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
နနွင်းနဲ့ပတ်သက်ပြီး မှားယွင်းပြီး သိထားတဲ့ အကြောင်းအရာများ
- နနွင်းက ဝိတ်ကျစေနိုင်တယ်
နနွင်းက ဝိတ်ကျစေနိုင်ဖို့အတွက်လည်း ထောက်ကူပေးနိုင်တယ်လို့ ပြောကြပေမယ့် လေ့လာမှုတွေအရကတော့ နနွင်းက ဝိတ်ကျစေနိုင်တယ်လို့ မတွေ့ရှိခဲ့ရပါဘူး။
- ဓာတ်မတည့်မှုကို သက်သာစေနိုင်တယ်
လေ့လာမှုတွေအရ တွေ့ရတာက နနွင်းက ဓတာ်မတည့်မှုကို သက်သာစေနိုင်တယ်ဆိုတာက လူသားတွေမှာ သိသာတဲ့ ရလဒ် မတွေ့ရှိရဘူးလို့ သိရပါတယ်။
- အူလမ်းကြောင်း ကျန်းမာစေနိုင်တယ်
လေ့လာမှုအချို့အရ သိရတာက နနွင်းက အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို ထိန်းညှိပေး နိုင်တယ် ဆိုတာကလည်း မဟုတ်ဘူးဆိုတာပါ။
- အသက်ရှည်စေနိုင်တယ်
အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတဲ့ နနွင်းက အရွယ်တင်စေဖို့ ထောက်ကူပေးနိုင်တယ်ဆိုတာကြောင့် လူအချို့က အသက်ရှည်စေနိုင်မယ်လို့ ယူဆနေကြမယ်လို့ ထင်ပါတယ်။ တကယ်ကတော့ နနွင်းက အသက်ရှည်စေဖို့ ထောက်ကူမပေးနိုင်ပါဘူး။
နနွင်းက ဘေးထွက်ဆိုးကျိုးတွေ ရှိလား!
နနွင်းက ဆေးဖက်ဝင်တယ်ဆိုပေမယ့် တစ်နေ့ကို ၈ ဂရမ်ထက် မပိုဘဲ စားသုံးမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာ မရှိပါဘူး။ ဒါပေမယ့် အလွန်အကျွံ စားသုံးမိမယ်ဆိုရင်တော့ –
- ဝမ်းပျက်တာ
- ခေါင်းကိုက်တာ
- မအီမသာဖြစ်တာ
- အရေပြားမှာ အဖုအပိမ့်တွေ ထွက်တာ
- ဝမ်းအဝါရောင်တွေ သွားတာမျိုးတွေ ခံစားရနိုင်ပါတယ်။
ဖြစ်တောင့်ဖြစ်ခဲ ဘေးထွက်ဆိုးကျိုးအနေနဲ့ နနွင်းကို အလွန်အကျွံစားသုံးတာက အသည်းမှာ အဆိပ်အတောက်ဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ!
နနွင်းက ဆေးဖက်ဝင်တယ်ဆိုပေမယ့်
- ကျောက်ကပ်မှာ ကျောက်တည်နေတဲ့သူတွေ
- ကိုယ်ဝန်ဆောင်တွေ
- နို့တိုက်မိခင်တွေ
- သွေးကျဲဆေးလိုမျိုး ဆေးတစ်မျိုးမျိုး သောက်သုံးနေရသူတွေအနေနဲ့ မစားသုံးသင့်ပါဘူး။





