ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာများ

ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာများ
ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာများ

ရင်သားကင်ဆာက အမျိုးသမီးတွေမှာတင် ဖြစ်နိုင်တာမဟုတ်ဘဲ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေက ပိုများပြီး အမျိုးသမီးတွေကို သေဆုံးစေနိုင်တဲ့ အဖြစ်များတဲ့ အကြောင်းအရင်းခံ တစ်ခုပါပဲ။

ရင်သားကင်ဆာက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် စောစောသိရှိ ကာကွယ်နိုင်မယ် ဆိုရင်တော့ ထိခိုက်နိုင်ခြေကို တော်တော်လေး လျှော့ချနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လေဒီလေးတိုင်း သိထားသင့်တဲ့ ရင်သားကင်ဆာ အစောပိုင်း လက္ခဏာတွေ အကြောင်းကို မျှဝေပေး လိုက်ပါတယ်။ 

ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာများ

လေဒီလေးတွေမှာ တွေ့ရနိုင်တဲ့ ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာများ ကတော့ – 

  • အဖုအကျိတ်လေးတွေ ဖြစ်တာ

ရင်သား ဒါမှမဟုတ် ချိုင်းအောက်ဖက်နားမှာ အဖုလေးတွေ၊ အကျိတ်တွေ ဖြစ်လာတာမျိုးဖြစ်မယ်။ ဒီအဖုအကျိတ်ကလည်း ခပ်ပျော့ပျော့ပဲဖြစ်မယ် ဟိုဒီရွှေ့ကြည့်လို့ ရတာမျိုးတွေ ဖြစ်မယ်ဆိုရင်တော့ ရင်သားကင်ဆာ စစ်ဆေကြည့်ဖို့ လိုပါမယ်။ 

  • ရင်သား အရွယ်အစား၊ ပုံပန်းသဏ္ဍာန် ပြောင်းလဲလာတာ

ရာသီလာခါနီးမှာ ရင်သားတွေက တင်းတာ၊ ပုံမှန်ထက် ပိုပြီး ကြီးလာတာမျိုး ခံစားရနိုင်တယ်ဆိုပေမယ့် ရင်သားက တစ်ဖက်တည်းပဲ ကြီးတာ တင်းတာမျိုး ဖြစ်မယ်ဆိုရင်တော့ ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နေနိုင်တာကြောင့် သေချာလေး စစ်ဆေးကြည့်ဖို့ လိုပါမယ်။

  • ရင်သားထိပ်ပုံစံပြောင်းလဲတာ

ရင်သားထိပ်ပုံစံတွေ ပြောင်းလဲလာတာ၊ ရင်သားထိပ်က အတွင်းဘက်ကို ချိုင့်ဝင်သွားတာလိုမျိုး ပုံမှန် မဟုတ်တဲ့ အခြေအနေမျိုး ခံစားရမယ်ဆိုရင်လည်း ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နေနိုင်တာကြောင့် သေချာလေး စစ်ဆေးကုသမှု ခံယူဖို့ လိုပါမယ်။ 

  • ပုံမှန်မဟုတ်တဲ့ အရည်တွေထွက်တာ

ရင်သားကနေ ( ရင်သားထိပ်) ပုံမှန်မဟုတ်တဲ့ အရည်တွေ ထွက်တာ နို့ချိုမဟုတ်ဘဲ အဝါရောင်၊ အညိုရောင်နဲ့ စေးပျစ်ပျစ် အရည်တွေထွက်တာမျိုး ဖြစ်မယ်ဆိုရင်လည်း သေချာလေး စစ်ဆေးမှုကို ခံယူပေးပါ။ 

  • ရင်သားအရေပြားက နီမြန်းတာ၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ရပ်ရပ် ခံစားရတာ

အရေပြားကို ပိုးဝင်တဲ့အခါ အခုလို လက္ခဏာတွေကို တွေ့ရနိုင်တယ်ဆိုပေမယ့် အရေပြား အရောင်ပြောင်းတာ နဲ့အတူ ရင်သားထိပ် အရေပြားက ပူသလိုလို နာသလိုလိုတွေ ခံစားရမယ်ဆိုရင် ရင်သားကင်ဆာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နေနိုင်တာကြောင့် သေချာလေး စစ်ဆေကုသမှု ခံယူဖို့ လိုပါမယ်။

ရင်သားကင်ဆာက ရင်သားကနေတဆင့် အခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီကို ပြန့်နှံ့ရောက်ရှိပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် ရင်သားကင်ဆာရဲ့ အစောပိုင်းလက္ခဏာတွေကို သေချာလေး သိရှိအောင် လုပ်ဆောင်ပြီး ကြိုတင်စစ်ဆေးလို့ လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့ အကြံပြုလိုက်ပါရစေ။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ရင်သားကင်ဆာက အရွယ်မရွေး အမျိုးသမီးတိုင်းမှာ ဖြစ်တတ်ပြီး အစောပိုင်းလက္ခဏာတွေကို သိရှိပြီး စောစော ကုသမှု ခံယူမယ်ဆိုရင် ထိခိုက်နိုင်ခြေနည်းတာကြောင့် ရေချိုးတိုင်း တစ်ပတ်တစ်ခါ ဒါမှမဟုတ် တစ်လတစ်ခါ ကိုယ်တိုင်စမ်းသပ်စစ်ဆေးကြဖို့လည်း အကြံပြုလိုက်ပါရစေ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *