ဘေဘီလေးတွေကို ဘယ်အချိန်မှာ ပျားရည် စကျွေးလို့ရမလဲ!

ဘေဘီလေးတွေကို ဘယ်အချိန်မှာ ပျားရည် စကျွေးလို့ရမလဲ!
ဘေဘီလေးတွေကို ဘယ်အချိန်မှာ ပျားရည် စကျွေးလို့ရမလဲ!

ဘေဘီလေးကို နို့ချိုတိုက်ကျွေးပြီးတိုင်း ဖြစ်ဖြစ်၊ အစားတစ်ခုခု ကျွေးပြီးတိုင်းဖြစ်ဖြစ် အစာကြေအောင်၊ လေကြေအောင်ဆိုပြီး ကျွေးတတ်ကြတဲ့ သဘာဝဆေးတစ်မျိုး ရှိပါတယ်။ ဒါကတော့ ပျားရည်ပါ။ ဘေဘီလေးကို ဘယ်အချိန်မှာ ပျားရည် စကျွေးလို့ ရမလဲ! ဘေဘီလေးကို ပျားရည်ကျွေးတာက ဘေးကင်းရဲ့လား! ဆိုတာကို ပြောပြပေးချင်ပါတယ်။

ဘေဘီလေးတွေကို ဘယ်အချိန်မှာ ပျားရည် စကျွေးလို့ရမလဲ!

ဘေဘီလေးကို အသက် ၁ နှစ်ပြည့်ပြီးချိန်မှာမှ ပျားရည်ကို နည်းနည်းချင်း စကျွေးလို့ ရပါပြီ။ ပျားရည်ကို စကျွေးချိန်မှာ နည်းနည်းချင်း ကျွေးရင်း ဓာတ်မတည့်မှု လက္ခဏာရှိလားဆိုတာကို သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။ 

ဘေဘီလေးကို အသက် ၁ နှစ် မပြည့်ခင်မှာ ပျားရည်စကျွေးတာမျိုး မလုပ်ပါနဲ့။ အကြောင်းကတော့ ပျားရည်မှာ ဝတ်မှုန်တွေ ပါဝင်နေတတ်တာကြောင့် Clostridium botulinum တွေရောနှောပါနေတတ်ပါတယ်။ ဒီဝတ်မှုန် တွေက ဘေဘီလေးတွေကို ပြင်းထန်တဲ့ အစာအဆိပ်သင့်မှု တစ်မျိုးဖြစ်တဲ့ infant botulism ကို ခံစားရစေပြီး အာရုံကြောတွေကို ထိခိုက်စေနိုင်သလို အရိုးနဲ့ကြွက်သားတွေ တုံ့ဆိုင်းတာကို ဖြစ်စေနိုင်ပါတယ်။ 

ကလေးက ပျားရည်နဲ့ ဓာတ်မတည့်တာမျိုး ဖြစ်မယ်ဆိုရင်တော့ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ 

  • ဝမ်းချုပ်တာ
  • နို့စို့ဖို့ အခက်အခဲဖြစ်တာ
  • မျက်ခွံတွေ တွဲကျတာ
  • ငိုရင်း အသံမထွက်တာ
  • အသက်ရှူရ အခက်အခဲဖြစ်တာ
  • ကြွက်သားတွေ အားနည်းတာလိုမျိုး လက္ခဏာတွေကိုပါ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေက အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ 

ဒါကြောင့် ဘေဘီလေးကို ပျားရည် စကျွေးပြီးချိန်မှာ အခုလို လက္ခဏာတွေ ခံစားရလားဆိုတာကို သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။ လက္ခဏာတွေ ခံစားနေရမယ်ဆိုရင် ချက်ချင်း ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။ 

ကလေးက ကိုယ်ခံအားနည်းတာ၊ ကျန်းမာရေးပြဿနာ အခံတစ်ခုခု ရှိနေမယ်ဆိုရင်တော့ ကလေးကို ပျားရည် မကျွေးတာ အကောင်းဆုံး ဖြစ်မှာပါ။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ကလေးရဲ့ ကျန်းမာရေးကို  ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ကလေးကို အသက် ၁ နှစ်ပြည့်မှ ပျားရည်ကို နည်းနည်းချင်း စကျွေးပါ။ ပျားရည်က အချိုဓာတ်ပါတာကြောင့် ကလေးကို သကြားအစားထိုး ကျွေးလို့ ရပါတယ်။ ပျားရည်ကျွေးမယ်ဆိုရင် ကလေးကို အခြား အချိုစာတွေကို လျှော့ကျွေးဖို့ လိုပါမယ်။

 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *