ချိစ်ဆိုတာက အခုနောက်ပိုင်း လူကြီးရော ကလေးတွေပါ ကြိုက်တဲ့ အစားအစာ တစ်မျိုးပါ။ ဒီလို ကလေးတွေ နှစ်သက်တဲ့ အရသာရှိတဲ့ cheese ကို ဘေဘီလေးတွေ စားလို့ ရလား! ဘယ်အချိန်မှာ ဘေဘီလေးကို cheese စကျွေးလို့ ရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။
ဘေဘီလေးတွေကို ဘယ်အချိန်မှာ cheese ကျွေးလို့ရမလဲ!
ဘေဘီလေးက အသက် ၆ လပြည့်ပြီးချိန်မှာ ချိစ်စကျွေးလို့ ရပါပြီ။ ချိစ်စကျွေးတဲ့အခါ အဆီပြည့်ပါပြီး ပိုးသတ်သန့်စင်ထားတဲ့ ချိစ်ကို နည်းနည်းချင်းစီ စကျွေးလို့ ရပါတယ်။ ဆားပါဝင်မှုကို သေချာလေး စစ်ဆေးကြည့်ဖို့တော့ လိုပါမယ်။
လတ်လတ်ဆတ်ဆတ်နဲ့ သေချာလေး ပိုးသတ်သန့်စင်ထားတဲ့ ချိစ်ကို စားပေးဖို့ လိုပါမယ်။
ချိစ်က ဘေဘီလေးတွေကို ကျန်းမာစေမလား!
ချိစ်က ကျန်းမာပြီး အရသာရှိတဲ့ ဘေဘီလေးတို့အတွက် စားစရာတစ်ခုပါ။ ချိစ်မှာ ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ နို့ကနေ ပြုလုပ်ထားတဲ့ ချိစ်မှာ ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေသလို အဆီဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D၊ ဗီတာမင် B12 တို့ ပါဝင်နေပါတယ်။
ချိစ်က ဘေဘီလေး ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ထောက်ကူပေးသလို အရိုးတွေ သန်မာစေဖို့ ကြွက်သားတွေရဲ့ လုပ်ဆောင်မှုတွေ ကောင်းစေဖို့နဲ့ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးဆဲလ်တွေ ကျန်းမာစေဖို့နဲ့ အာရုံကြောစနစ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ကလေးကို ချိစ်စကျွေးချိန်မှာ ဓာတ်မတည့်မှု လက္ခဏာ ရှိနေလားဆိုတာကို သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ချိစ်က ကလေးကျန်းမာဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်တယ်ဆိုပေမယ့် နွားနို့ကို အသုံးပြုပြီး ထုတ်ထားတဲ့ ချိစ်မှာ နို့သကြားဓာတ် ပါဝင်နေတာကြောင့် ကလေးမှာ နို့သကြားဓာတ်မတည့်တာမျိုး ရှိနေမယ်ဆိုရင် စားသုံးဖို့ မသင့်ပါဘူး။ ဒါကြောင့် ကလေးကို ချိစ်စကျွေးချိန်မှာ ဓာတ်မတည့်မှု လက္ခဏာ တစ်ရပ်ရပ် ခံစားရသလားဆိုတာကို သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။