ရာသီလာချိန်မှာ အားအင်ကုန်ခမ်း ပင်ပန်းသလို ခံစားနေရတာ ဘာကြောင့်များလဲ!

ရာသီလာချိန်မှာ အားအင်ကုန်ခမ်း ပင်ပန်းသလို ခံစားနေရတာ ဘာကြောင့်များလဲ!
ရာသီလာချိန်မှာ အားအင်ကုန်ခမ်း ပင်ပန်းသလို ခံစားနေရတာ ဘာကြောင့်များလဲ!

ခေါင်းစဉ်လေးကို ဖတ်ပြီးတော့ အဖြေက ရှင်းနေတာပဲလေ။ ရာသီလာချိန်မှာ ကိုယ်တွင်းက သွေးတွေဆုံးရှုံးသွား တာမို့ ရာသီလာချိန်မှာ အားအင်ကုန်ခမ်းပင်ပန်းသလို ခံစားရတာလေလို့ ပြောမလို့လား! ဒါက လုံးဝတိတိကျကျ မှန်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီတော့ ရာသီလာချိန်မှာ အားအင်ကုန်ခမ်း ပင်ပန်းသလို ခံစားနေရတာ ဘာကြောင့်လဲဆိုတာကို ပြောပြပေးသွားမယ်နော်။

ရာသီလာချိန်မှာ အားအင်ကုန်ခမ်း ပင်ပန်းသလို ခံစားနေရတာ ဘာကြောင့်များလဲ!

ရာသီလာချိန်မှာ အားအင်ကုန်ခမ်း ပင်ပန်းသလို ခံစားရတာက အခုလိုမျိုး အကြောင်းအရင်းတွေကြောင့်ပါ။ 

  • ဟော်မုန်း ပြောင်းလဲတာ

ရာသီလာချိန်မှာ ကိုယ်တွင်း အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဆိုတဲ့ ဟော်မုန်းတွေပြောင်းလဲမှု ဖြစ်ပေါ်ပါတယ်။ ရာသီလာချိန်မှာ ဒီဟော်မုန်းတွေက အနိမ့်ဆုံး အနေအထားထိ ကျဆင်းသွားတာမျိုး ရှိနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်း ပြောင်းလဲမှုတွေ၊ ဟော်မုန်း အတက်အကျ မြန်တာတွေကြောင့် ရာသီလာချိန်မှာ ခြေကုန်လက်ပမ်း ကျတာ၊ ပင်ပန်းတာတွေကို ခံစားရတာပါ။ 

  • ရာသီသွေးဆင်းတာ

ရာသီသွေးဆင်းတဲ့အခါ ရာသီသွေးနဲ့အတူ ကိုယ်တွင်းက ရေဓာတ်၊ ဓာတ်ဆားဓာတ်တွေနဲ့ သံဓာတ်တွေကို ဆုံးရှုံးသွားပါတယ်။ ဒီလိုမျိုး ရာသီလာချိန်မျာ ကိုယ်တွင်းက သံဓာတ်တွေ ဆုံးရှုံးသွားတဲ့အခါ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်ရောက်ရှိမှု နည်းသွားပါတယ်။ ဒီလို အခြေအနေကလည်း ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျတာကို ခံစားရတာပါ။ 

  • သားအိမ်ကျုံ့ဆန့်မှုခံစားရတာ

ရာသီလာတယ်ဆိုတာက သန္ဓေအောင်မှုဖြစ်စဉ်အတွက် ပြင်ဆင်ထားတဲ့အရာတွေက သန္ဓေအောင်မှုဖြစ်စဉ် အထမမြောက်တာကြောင့် သားအိမ်တွင်း အမြှေးပါးတွေ ကွာကျပြီး ရာသီသွေးအနေနဲ့ ကိုယ်ပြင်ပကို ဆင်းလာတာပါ။ ဒီလို အခြေအနေမှာ သံဓာတ်ရော အခြားဓာတ်တွေကိုပါ ဆုံးရှုံးလိုက်ရတာကြောင့် ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျတာကို ခံစားရတာပါ။ 

  • ကောင်းကောင်းအိပ်မပျော်တာ

ရာသီလာချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်တာကို ခံစားကြရပါတယ်။ ဒီအခြေအနေကပဲ ရာသီလာချိန်မှာ အိပ်ရေးမဝတာကြောင့် ခြေကုန်လက်ပမ်းကျတာကို ခံစားရတာပါ။ 

  • အစားရှောင်တာ

ရာသီလာချိန်မှာ အချို့သော အစားအစာတွေကို မစားရဘူး ဆိုပြီး ရှောင်ကြတာ ဥပမာ – သံဓာတ် စုပ်ယူမှုကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် C ပါဝင်နေတဲ့ အချဉ်ဓာတ်ရှိတဲ့ အသီးတွေကို ရှောင်ကြတာကြောင့်လည်း သံဓာတ်ချို့တဲ့ပြီး ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျတာကို ခံစားရတာပါ။ 

  • သွေးအားနည်းရောဂါ ရှိတာ

နေ့စဉ်စားသုံးမှုမှာ သံဓာတ်လုံလောက်စွာ ရရှိအောင် မစားမိတာကြောင့် သွေးအားနည်းရောဂါကို ခံစားနေရသူတွေမှာလည်း သံဓာတ်ချို့တဲ့မှုကြောင့် ရာသီလာချိန် ခြေကုန်လက်ပမ်းကျတာကို ခံစားရနိုင်ပါတယ်။ 

တကယ်လို့ ရာသီလာချိန်မှာ အရမ်းကို ခြေကုန်လက်ပမ်းကျမယ်၊ သွေးဆင်းများနေမယ်၊ အရမ်းအားနည်းသလို ခံစားနေရမယ်ဆိုရင် တတ်သိနားလည်သူတွေနဲ့ ပြသပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ အကြံပြုချင်ပါတယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

ရာသီလာချိန်မှာ ပင်ပန်းသလို အားအင်ကုန်ခမ်းသလို ခံစားရတာက ဟော်မုန်းအတက်အကျဖြစ်တာကြောင့်နဲ့ ရာသီလာချိန်မှာ သွေးဆင်းမှုကြောင့် ကိုယ်တွင်းက သံဓာတ်တွေ ဆုံးရှုံးသွားတာကြောင့်ပါ။ ရာသီလာချိန်မှာ ကိုယ်တွင်းက အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်း ကျဆင်းသွားတာက ကိုယ်ထဲမှာ အားနည်းပြီး ခြေကုန်လက်ပမ်းကျတာကို ခံစားရနိုင်ပါတယ်။ 

ဒီအချက်တွေအပြင် ရာသီလာချိန်မှာ သားအိမ်ကျုံ့ဆန့်မှု ဖြစ်စဉ်ကြောင့် ဗိုက်အောင့်တာ ဆီးစပ်ကိုက်တာတွေကို ခံစားရတာကြောင့်လည်း နေရတာ ပင်ပန်းပြီး အားအင်ကုန်ခမ်းသလို ခံစားလာရတာပါ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *