ဆယ်ကျော်သက်လေးတွေ ဘာကြောင့် ဆေးလိပ်သောက်ကြတာလဲ!

ဆယ်ကျော်သက်လေးတွေ ဘာကြောင့် ဆေးလိပ်သောက်ကြတာလဲ!
ဆယ်ကျော်သက်လေးတွေ ဘာကြောင့် ဆေးလိပ်သောက်ကြတာလဲ!

အခုနောက်ပိုင်းမှာ ဆယ်ကျော်သက်ကလေးတွေ ကျား/ မ မရွေး အားလုံးကြားမှာ E-cigarettes၊ Vape စတာတွေကို အလွယ်တကူ ရနေနိုင်တာကြောင့် ဆေးလိပ်နဲ့ vape လိုမျိုး အရာတွေပေါ်မှာ စွဲလမ်းမှုတွေက အရင်ကထက် ပိုပြီး များလာတာကို တွေ့ရပါတယ်။  ဒီလိုဖြစ်ရတာ ဘာကြောင့်လဲ! ဆယ်ကျော်သက်လေးတွေ ဘာကြောင့် ဆေးလိပ်သောက်ကြတာလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ 

ဆယ်ကျော်သက်လေးတွေ ဘာကြောင့် ဆေးလိပ်သောက်ကြတာလဲ! 

ဆယ်ကျော်သက်လေးတွေ ဘာကြောင့် ဆေးလိပ်သောက်ကြတာလဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေ ကြောင့်ပါ။

လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားတွေ

  • ရွယ်တူချင်းကြားက ဖိအားတွေကြောင့်

ဆယ်ကျော်သက်တွေကို အလွှမ်းမိုးနိုင်ဆုံးသူတွေက သူငယ်ချင်းတွေပါ။ သူနဲ့အတူတွဲနေတဲ့ သူငယ်ချင်းတွေက ဆေးလိပ်သောက်မယ်ဆိုရင် သူတို့က ရှောင်လွှဲဖို့ အဆင်မပြေတဲ့ အခြေအနေမျိုးတွေမှာ သူတို့ပါအတူ ဆေးလိပ်လိုက်သောက်ကြပါတယ်။ ဒီလိုမျိုး သူငယ်ချင်းတွေရဲ့ ဖိအားကြောင့်လည်း ဆယ်ကျော်သက်လေးတွေ ဆေးလိပ်သောက်ကြတာပါ။

  • လူမှုပုံရိပ်တွေကြောင့်

ဆယ်ကျော်သက်လေးတွေက လူကြီးဖြစ်ချင်စိတ်အထက်သန်ဆုံးရှိနေတဲ့ အရွယ်လေးတွေပါ။ ဒါကြောင့် ရုပ်ရှင်တွေနဲ့ သူတို့မြင်နေတဲ့ ဆိုရှယ်မီဒီယာပေါ်က ပုံရိပ်တွေထဲမှာ ရင့်ကျက်ပြီး အရွယ်ရောက်ပြီးသူတွေက ဆေးလိပ်သောက်ကြတယ်လို့ မြင်မိကြတာ ထင်မိကြတာမျိုးတွေကြောင့်လည် ဆယ်ကျော်သက်လေးတွေက ဆေးလိပ်သောက်ကြတာပါ။

  • မိသားစုလွှမ်းမိုးမှုကြောင့်

မိဘတွေ၊ မွေးချင်းတွေထဲမှာ ဆေးလိပ်သောက်တဲ့သူတွေ ရှိမယ်ဆိုရင်လည်း ဆယ်ကျော်သက်လေးတွေက အတုမြင် အတတ်သင်ဆိုတဲ့အတိုင်း ဆေးလိပ်သောက်ကြပါတယ်။ 

ဆေးလိပ်သောက်မှ အဆုတ် ထိခိုက်တာ မဟုတ်ဘူးနော်

စိတ်ပိုင်းဆိုင်ရာ အကြောင်းတရားတွေ

  • စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဖြေရှင်းတာ 

ဆယ်ကျော်သက်လေးတွေက သူတို့ကြုံတွေ့ ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်စိတ်လွန်ကဲနေတာတွေ၊ စိတ်ဓာတ်ကျတာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းအနေနဲ့လည်း ဆေးလိပ်သောက်ကြပါတယ်။ 

  • နီကိုတင်းစွဲနေတာ 

နီကိုတင်းစွဲနေတာက ဆယ်ကျော်သက်တွေကြားမှာ အဖြစ်အများဆုံး စွဲလမ်းမှု တစ်ရပ်ပါ။ ဒါကြောင့်ပဲ ဆယ်ကျော်သက်လေးတွေ ဆေးလိပ်သောက်ကြတာပါ။

  • စူးစမ်းချင်တာ

ဆယ်ကျော်သက်အရွယ်ဆိုတာက အရာရာကို စူးစမ်းချင်တဲ့ အရွယ်လေးပါ။ ဒါကြောင့်ပဲ ဆေးလိပ်က ဘယ်လိုများနေလဲဆိုတာကို သိချင်တဲ့ စိတ်ကြောင့်လည်း ဆေးလိပ်ကို သောက်ကြတာပါ။ 

  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းတာ

အချို့သော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းတဲ့ ဆယ်ကျော်သက်လေးတွေအနေနဲ့လည်း စိတ်ခံစားမှု ကောင်းစေဖို့ ဆေးလိပ်သောက်တတ်ကြပါတယ်။ 

ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားတွေ

  • ဆေးရွက်ကြီး ဈေးကွက်ချဲ့ထွင်မှုကြောင့် 

ဆေးလိပ်နဲ့ ဆေးရွက်ကြီး ကုမ္ပဏီတွေက ဆယ်ကျော်သက်တွေကို ပစ်မှတ်ထား ကြော်ငြာတာတွေကြောင့်လည်း ဆယ်ကျော်သက်တွေက ဆေးလိပ်သောက်ကြတာပါ။

  • ဈေးနှုန်းအရ သက်သာတာကြောင့်

ဈေးနှုန်းအရ ကလေးတွေ လက်လှမ်းမီတဲ့ ဈေးနှုန်းဖြစ်တာကြောင့်လည်း ဆယ်ကျော်သက်လေးတွေ ဆေးလိပ်သောက်ကြတာပါ။ 

  • ဝယ်ရလွယ်တာကြောင့် 

ဝယ်ရလွယ်တာကြောင့်လည်း ဆယ်ကျော်သက်တွေမှာ ဆေးလိပ်သောက်သုံးမှုတွေ ပိုများလာကြတာပါ။ ဒါကလည်း ကလေးတွေကို ဆေးလိပ်စမ်းသောက်ဖို့ တွန်းအားပေးနေတဲ့ အချက်တစ်ခုပေါ့။ 

  • မီဒီယာတွေကြောင့် 

မီဒီယာတွေမှာ ဆေးလိပ်သောက်တဲ့ပုံတွေ၊ တီဗွီကြော်ငြာ၊ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ဆေးလိပ်သောက်တာတွေ ပါနေတာကြောင့်လည်း ကလေးတွေက ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုလို့ ယူဆပြီး ဆယ်ကျော်သက်လေးတွေ ဆေးလိပ်သောက်ကြတာပါ။ 

ဆယ်ကျော်သက်လေးတွေက အခုလို အကြောင်းအရင်းတွေကြောင့် ဆေးလိပ်ကို စမ်းတဲ့သဘောကနေ တောက်လျောက်စွဲလမ်းပြီး ဆေးလိပ်သောက်ကြတာပါ။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ဆယ်ကျော်သက်လေးတွေ ဆေးလိပ်နဲ့ ဆေးရွက်ကြီး အသုံးပြုရတာက လူမှုပတ်ဝန်းကျင်၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားတွေကြောင့် အဖြစ်များကြပါတယ်။ ရွယ်တူသူငယ်ချင်း တွေထဲမှာ ဆေးလိပ်သောက်တဲ့သူတွေရှိတာကြောင့်လည်း ကလေးတွေက ဆေးလိပ် သောက်ကြတာပါ။ အချို့သော ဆယ်ကျော်သက်လေးတွေကတော့ ဆယ်ကျော်သက်အရွယ်မှာ တွေ့ကြုံ ခံစားရတဲ့ အပြောင်းအလဲတွေကြောင့် စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေကြောင့်လည်း ဆေးလိပ်သောက်ကြတာပါ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *