အမျိုးသားနဲ့ အမျိုးသမီးမှာ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို ဘယ်သူက ပိုမိုခံစားရရှိနိုင်မလဲ!

အမျိုးသားနဲ့ အမျိုးသမီးမှာ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို ဘယ်သူက ပိုမိုခံစားရရှိနိုင်မလဲ!
အမျိုးသားနဲ့ အမျိုးသမီးမှာ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို ဘယ်သူက ပိုမိုခံစားရရှိနိုင်မလဲ!

လေ့ကျင့်ခန်းလုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးတယ်ဆိုတာကို တော်တော်များများ သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့် အခုတစ်ခေါက်မှာတော့ လေ့ကျင့်ခန်းလုပ်တာက တူညီတဲ့ အတိုင်းအတာမှာ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ဘယ်သူကပိုပြီး အကျိုးသက်ရောက်မှု ကောင်းတယ်ဆိုတာကို မျှဝေပေးချင်တာပါ။

အမျိုးသားနဲ့ အမျိုးသမီးမှာ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို ဘယ်သူက ပိုမိုခံစားရရှိနိုင်မလဲ!

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လုပ်ဆောင်ပေးနိုင်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက အတိုင်းအတာ အတူတူ ဖြစ်မယ်ဆိုရင်တောင် အမျိုးသမီးလေးတွေမှာ အမျိုးသားတွေထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ပြောပြပေးသွားပါမယ်။

လေ့လာမှု အသစ်တစ်ရပ်အရ သိရတာက ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာပါ။ အမျိုးသမီးတွေနဲ့ အမျိုးသားတွေမှာ အချိန်အတိုင်းအတာအားဖြင့် ဖြစ်ဖြစ်  အင်အားအသုံးပြုမှု အတိုင်းအတာအားဖြင့် ဖြစ်ဖြစ် တူညီနေရင်တောင်မှ ရရှိမယ့် အကျိုးကျေးဇူးကတော့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုများတယ်ဆိုတာပါ။ 

တူညီတဲ့ ပမာဏအတိုင်းအတာနဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရင်တောင်မှ အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ နှိုင်းယှဉ်လေ့လာရင် နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေက ၃ ဆလောက် နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ 

လေ့လာမှုရလဒ်အရ သိရတာက အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ကြမယ်ဆိုရင်တော့ အမျိုးသမီးလေးတွေက အမျိုးသားတွေရဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့ အချိန်အတိုင်းအတာရဲ့ တဝက်စာလောက်ပဲ လုပ်ရင်တောင် တူညီတဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ရရှိနိုင်တယ်ဆိုတာပါ။ ဆိုလိုချင်တာကတော့ အမျိုးသားတွေက အချိန် ၁ နာရီကြာလေ့ကျင့်ခန်း လုပ်မှ ရမယ့် ကျန်းမာရေး အကျိုးကျေးဇူးကို အမျိုးသမီးလေးတွေက နာရီဝက် လုပ်ရုံနဲ့ တူညီတဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို ရနိုင်တယ်ဆိုတာပါ။ 

လေ့လာမှုရလဒ်အရ သိရတာက အမျိုးသားတွေအနေနဲ့ တစ်ပတ်ကို အသင့်အတင့်ရှိတဲ့ ကိုယ်လက်လေ့ကျင့်ခန်း ကို မိနစ် ၅၃၀ လောက်လုပ်တာက နှလုံးရောဂါခံစားရနိုင်ခြေကို ၃၀% လျှော့ချပေးနိုင်ပြီး အမျိုးသမီးတွေ ကတော့ တစ်ပတ်ကို မိနစ် ၂၅၀ လုပ်ရုံနဲ့ နှလုံးရောဂါခံစားရနိုင်ခြေကို ၃၀% လျှော့ချပေးနိုင်တယ်ဆိုတာပါ။

အမျိုးသမီးတွေက အပတ်စဉ် မိနစ် ၁၅၀ လောက် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ရုံနဲ့ နှလုံးရောဂါ ခံစားရနိုင်ခြေကို ၂၂% အထိလျှော့ချပေးနိုင်ပြီး အမျိုးသားတွေမှာတော့ အပတ်စဉ် မိနစ် ၁၅၀ လေ့ကျင့်ခန်း လုပ်တာက နှလုံးရောဂါ ခံစားရနိုင်ခြေကို ၁၇% အထိလျှော့ချပေးနိုင်တယ်ဆိုတာပါ။

ဖြစ်နိုင်ခြေတစ်ခုကတော့ အမျိုးသမီးတွေက ကိုယ်လက်လှုပ်ရှားမှုတွေကို ပိုပြီး ကောင်းကောင်းတုံ့ပြန်နိုင်တယ် ဆိုတာပါ။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ အီစထရိုဂျင်ဟော်မုန်းတွေက အမျိုးသားတွေမှာထက် ပိုများတာကြောင့်လည်း လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို ပိုပြီး ရရှိတာပဲဖြစ်ပါတယ်။ အီစထရိုဂျင်က ကိုယ်လက်လှုပ်ရှားမှု လုပ်ချိန်မှာ ခန္ဓာကိုယ်က အဆီတွေကို လောင်ကျွမ်းစေဖို့ ပိုမိုလှုံ့ဆော်နိုင်တာကြောင့်ဖြစ်နိုင်ပါတယ်၊ လို့ သုတေသီတွေက ဆိုပါတယ်။ 

အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ကြွက်သားဖွဲ့စည်းပုံ မတူတာကြောင့်လည်း အမျိုးသမီးတွေမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ခြင်းရဲ့ အကျိုးရလဒ်ကို ပိုမိုခံစားရရှိတာဖြစ်ပါတယ်။ 

လေ့လာမှုရလဒ်အရ သိလိုက်ရတာက အမျိုးသားနဲ့ အမျိုးသမီးတွေမှာ လေ့ကျင့်ခန်းကို အတိုင်းအတာ အတူတူ၊ အချိန်အပိုင်းအခြား အတူတူ လုပ်ရင်တောင်မှ အမျိုးသမီးတွေမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်တာကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးက ပိုများတယ်ဆိုတာပါ။

[Ref: medicinenet: 30; October; 2025]

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *