Women Supplement တွေက ရာသီလာချိန်မှ သောက်ရမှာလား!

Women Supplement တွေက ရာသီလာချိန်မှ သောက်ရမှာလား!
Women Supplement တွေက ရာသီလာချိန်မှ သောက်ရမှာလား!

တကယ်ကတော့ Evening Prime Rose Oil ကို အခြေခံပြီး ထုတ်ထားတဲ့  Women Supplement အပါအဝင် အမျိုးမျိုးသော Women Supplement တွေကို ရာသီလာချိန်မှ သောက်သုံးတာမျိုး မဟုတ်ဘဲ နေ့စဉ် တစ်နေ့တစ်လုံး ပုံမှန် သောက်တာက နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒီလို ပြောရတာက Evening primrose oil (EPO) ကို အခြေခံပြီး ထုတ်ထားတဲ့ Women Supplement  တွေကို ပုံမှန်သောက်တာက အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေကို ရရှိစေနိုင်လို့ပါ။ 

Women Supplement တွေက ရာသီလာချိန်မှ သောက်ရမှာလား!

Evening primrose oil (EPO) ကို ပုံမှန်လေး သောက်သုံးပေးတာ Omega-6 Fatty Acid လို့ သိကြတဲ့ gamma-linolenic acid (GLA) တို့ပါဝင်နေတာကြောင့်  လေဒီလေးတွေကို ရာသီအကြိုလက္ခဏာတွေကို သက်သာစေဖို့ ထောက်ကူပေးသလို သွေးဆုံးကာလမှာ ခံစားရတာတွေကိုလည်း သက်သာစေဖို့ ထောက်ကူပေး နိုင်ပါသေးတယ်။ ဒါတွေတင် မကသေးဘဲ အခြားသော ကျန်းမာရေး ကောင်းကျိုးတွေ အနေနဲ့ – 

  • ဟော်မုန်းတွေ ထိန်းညှိပေးတယ်

Evening primrose oil (EPO) က ကိုယ်တွင်းဟော်မုန်းကို ထိန်းညှိပေးတာကြောင့် ရာသီမလာခင် အကြို လက္ခဏာတွေကို သက်သာစေဖို့ ထောက်ကူပေးသလို သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ ရင်သားပြောင်းလဲမှုတွေနဲ့ ပူစပ်ပူလောင်ဖြစ်တာတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

  • အသားအရေ ကျန်းမာစေတယ်

Evening primrose oil (EPO) ကို ပုံမှန်လေး သောက်သုံးပေးတာက အရေပြားကို ရေဓာတ်ထိန်းညှိပေးနိုင် သလို အရေပြားကျုံ့ဆန့်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရေပြားပြဿနာတွေ ဖြစ်တဲ့ ဝက်ခြံ၊ အရေပြားခြောက်သွေ့တာ၊ အရေပြားယားယံတာမျိုးတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • ရာသီလာချိန် နာကျင်ကိုက်ခဲမှု သက်သာစေဖို့ ထောက်ကူပေးတယ်

Evening primrose oil (EPO) ကို အခြေခံပြီးထုတ်ထားတဲ့ Supplement ကို သောက်သုံးပေးတာက ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ရာသီလာချိန်မှာ ခံစားရတဲ့ ဆီးစပ်ကိုက်တာတွေကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။

Women Supplement တွေက ရာသီလာချိန်မှ သောက်ရမှာလား!
Women Supplement တွေက ရာသီလာချိန်မှ သောက်ရမှာလား!
  • ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်

ခန္ဓာကိုယ်မှာဖြစ်တဲ့ အဆစ်တွေ နာကျင်ရောင်ရမ်းတာ အပါအဝင် ရာသီလာချိန် ခြေဆစ်လက်ဆစ်ကိုက်တာ တွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ နာတာရှည် နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေဖို့ လည်း ထောက်ကူပေးနိုင်ပါတယ်။ 

  • ဆဲလ်တွေ ကျန်းမာစေတယ်

Evening primrose oil (EPO) က ခန္ဓာကိုယ်က ဆဲလ်တွေကို ကျန်းမာစေဖို့ ထောက်ကူပေးပြီး ဆဲလ်တွေရဲ့ လုပ်ဆောင်မှု ကောင်းစေဖို့နဲ့ အရေပြားမှာ ခံစားရတဲ့ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေဖို့ ထောက်ကူပေး နိုင်ပါတယ်။ 

  • အရိုးနဲ့ ကြွက်သားတွေ ကျန်းမာစေမယ်

Evening primrose oil (EPO) ပါတဲ့ Supplement ကို သောက်သုံးပေးတာက အဆစ်တွေကို ကျန်းမာစေဖို့နဲ့ ကြွက်သားတွေ ပြေလျော့ပြီး သက်တောင့်သက်သာဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • အူမကြီး ကျန်းမာစေတယ်

Evening primrose oil (EPO) ပါတဲ့ Supplement ကို သောက်သုံးပေးတာကနေ ရရှိနိုင်မယ့် နောက်ထပ် ကျန်းမာရေးအကျိုးကျေးဇူးတစ်ခုက အူမကြီးကို ကျန်းမာစေပြီး ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

  • အရိုးပါးနိုင်ခြေကို လျှော့ချပေးတယ်

အသက်အရွယ်ကြီးရင့်လာချိန်မှာ ခံစားရနိုင်တဲ့ အရိုးသိပ်သည်းဆ ကျပြီး အရိုးပါးတာ၊ အရိုးပွတာတွေကြောင့် အရိုးကျိုးလွယ် အက်လွယ်တာမျိုးတွေကို ကာကွယ်ဖို့အတွက်လည်း လေဒီလေးတွေ အနေနဲ့ Evening primrose oil (EPO) ပါတဲ့ Supplement ကို သောက်သုံးပေးလို့ ရပါတယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

လေဒီလေးတို့အနေနဲ့ Omega-6 Fatty Acid လို့ သိကြတဲ့ gamma-linolenic acid (GLA) တို့ပါဝင်နေတဲ့ Evening primrose oil (EPO) ကို ပုံမှန်လေး သောက်သုံးပေးတာ  လေဒီလေးတွေကို ရာသီအကြိုလက္ခဏာတွေကို သက်သာစေဖို့ ထောက်ကူပေးသလို သွေးဆုံးကာလမှာ ခံစားရတာတွေကိုလည်း သက်သာစေဖို့ ထောက်ကူပေး နိုင်ပါသေးတယ်။ ဒါတွေတင် မကသေးဘဲ အခြားသော ကျန်းမာရေး ကောင်းကျိုးတွေ အနေနဲ့ အာရုံကြောတွေ ကျန်းမာစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေဖို့နဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် Evening primrose oil (EPO) ကို ပုံမှန်လေး သောက်သုံးပေးပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *