ရာသီလာချိန်မှာ ချမ်းနေတယ်လို့ ခံစားနေရတာ ဘာကြောင့်များလဲ!

ရာသီလာချိန်မှာ ချမ်းနေတယ်လို့ ခံစားနေရတာ ဘာကြောင့်များလဲ!

ရာသီလာချိန်မှာ နေရတာက ပုံမှန်မဟုတ်ဘဲ ချမ်းနေသလိုလို ခံစားနေရတယ်ဆိုရင်တော့ ဒီစာလေးကို ဖတ်ကြည့်ဖို့ လိုပါမယ်။ ရာသီလာတယ်ဆိုတာက အမျိုးသမီးလေးတွေအတွက် ကျန်းမာနေတယ်ဆိုတဲ့ ပြယုဂ် တစ်ခုပါ။ ဒါကြောင့် ရာသီလာရင် စိတ်ရှုပ်တယ်ဆိုပေမယ့် ရာသီမလာပြန်ရင်လည်း စိတ်ရှုပ်နေရတာဟုတ်။ ဒါပေမယ့် အခုတစ်ခေါက် ပြောချင်တာက ရာသီလာချိန်မှာ ချမ်းနေတယ်လို့ ခံစားနေရတာ ဘာကြောင့်များလဲ! ဆိုတာကိုပါ။ 

ရာသီလာချိန်မှာ ချမ်းနေတယ်လို့ ခံစားနေရတာ ဘာကြောင့်များလဲ!

ရာသီလာချိန်မှာ ချမ်းနေတယ်လို့ ခံစားနေရတာ ဘာကြောင့်များလဲ! ဆိုတော့ ဖြစ်နိုင်ခြေ အရှိဆုံးက ကိုယ်တွင်းက ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။ ဒါပေမယ့် ရာသီလာချိန်မှာ ချမ်းနေတယ်လို့ ခံစားနေရတာက ဒီအချက် တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ အခြား အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

ရာသီလာချိန်မှာ ချမ်းတာက ပုံမှန်ပဲလား!

ရာသီလာချိန်မှာ အေးတယ်၊ ချမ်းတယ်လို့ ခံစားနေရတာက ပုံမှန် ဖြစ်စဉ် တစ်ခုပါပဲ။ ခန္ဓာကိုယ်က ယာယီအားဖြင့် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲလေးတွေကို တုံ့ပြန်မှုလေးပါ။ 

တကယ်လို့ ရာသီလာချိန်မှာ ချမ်းတာက ပုံမှန်ပဲဆိုပေမယ့် အရမ်းပြင်းထန်ရင် ဖြစ်ဖြစ်၊ ကာလရှည်ကြာ ခံစားနေရရင် ဖြစ်ဖြစ်၊ အခြားသော လက္ခဏာတွေနဲ့အတူ ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာ တိုင်ပင် စစ်ဆေးကြည့်ဖို့ လိုပါမယ်။ 

ရာသီလာချိန်မှာ ချမ်းရတဲ့ အကြောင်းအရင်းများ

ရာသီလာချိန်မှာ ချမ်းရတဲ့ အကြောင်းအရင်းတွေက ဒီအချက်လေးတွေကြောင့်ပါတဲ့။ 

  • ဟော်မုန်း အတက်အကျကြောင့်ပါ

ရာသီလာချိန်မှာ ဟော်မုန်းပြောင်းလဲတာက ခန္ဓာကိုယ် အပူချိန်ပေါ်မှာ သက်ရောက်မှု ရှိပြီး ကိုယ်မှာ အပူချိန် ပြောင်းလဲတာကို ခံစားရတာပါ။ ဒါကြောင့် ကိုယ်တွင်းမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေ ပြောင်းလဲတာက အချို့သော အမျိုးသမီးတွေကို ရာသီလာချိန်မှာ ချမ်းတယ်လို့ ခံစားရတာပါ။ 

  • သွေးစီးဆင်းမှု ပြောင်းလဲတာကြောင့်ပါ

ရာသီလာချိန်မှာ ကိုယ်တွင်းသွေးစီးဆင်းမှု ပြောင်းလဲတာကို ဖြစ်ပေါ်စေပြီး ကိုယ်အပူချိန် ပြောင်းလဲတာ၊ ရာသီလာချိန်မှာ ချမ်းတာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ပြောင်းလဲလာတဲ့ သွေးစီးဆင်းမှုကြောင့် ချမ်းတာကိ ခံစားရတာပါ။

  • သွေးအားနည်းနေတာကြောင့်ပါ

သွေးအားနည်းတာက သွေးနီဥဆဲလ်တွေ လျော့ပါးလာတာကြောင့်ပါ။ ဒီလိုပါပဲ ရာသီလာချိန်မှာ ကိုယ်တွင်းက သွေးတွေဆင်းသွားတဲ့အခါ ကိုယ်ထဲမှာ သံဓာတ်တွေ နည်းသွားပြီး ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ရောက်ရှိမှု နည်းသွားပြီး ချမ်းတာမျိုးကို ခံစားရတာပါ။ 

  • ရေဓာတ်ခမ်းခြောက်တာကြောင့်ပါ

ရာသီသွေးဆုံးရှုံးတာက အထူးသဖြင့် ရာသီသွေးဆင်းများတဲ့ သူတွေမှာ ရေဓာတ်ဆုံးရှုံးနိုင်ခြေက ပိုများပါတယ်။ ဒီအခြေအနေမှာ ရေကို လုံလောက်အောင် မသောက်မိဘူးဆိုရင် ရေဓာတ်ခမ်းခြောက်မှုကြောင့် ကိုယ်တွင်း အပူချိန် ကျဆင်းပြီး ရာသီလာချိန်မှာ ချမ်းတာကို ခံစားရနိုင်ပါတယ်။ 

  • သိုင်းရွိုက် လုပ်ဆောင်မှု ကျဆင်းနေတာ

သိုင်းရွိုက်ဂလင်းတွေက သိုင်းရွိုက်ဟော်မုန်းတွေကို လုံလောက်အောင် မထုတ်လုပ်နိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမ ဖြစ်ပြီး ခြေကုန်လက်ပမ်းကျတာ၊ ချမ်းသလိုလို ဖြစ်တာ၊ အအေးဒဏ်ကို မခံနိုင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ 

  • ပိုးဝင်ကူးစက်တာ၊ ဖျားနာနေတာ

တစ်ခါတလေ ရာသီလာချိန်မှာ ချမ်းသလိုလို  ခံစားရတာက ပိုးဝင်ကူးစက်တာ ဒါမှမဟုတ် အအေးမိတာရဲ့ လက္ခဏာ တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဗိုက်အောက်ဖက်နား နာကျင်တာ၊ အနံ့ဆိုးတဲ့ အချွဲအကျိတွေ ဆင်းတာ၊ အဖျားရှိနေတာတွေကြောင့်လည်း ရာသီလာချိန်မှာ ချမ်းသလိုလို ခံစားရနိုင်ပါတယ်။ 

ဒါကြောင့် ရာသီလာချိန်မှာ ချမ်းသလိုလို ခံစားရတာက အခုလို အချက်လေးတွေထဲက ဘယ်အချက်ကြောင့် ဖြစ်နိုင်မလဲဆိုတာကို ကိုယ်တိုင် ဆန်းစစ်ကြည့်လိုက်ပါဦးနော်။ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဖြစ်မယ်လို့ သံသယရှိမယ်ဆိုရင်လည်း လိုအပ်တဲ့ စစ်ဆေးကုသမှုကို ခံယူဖို့ လိုပါမယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *