အစားလျှော့တာ နဲ့ အဝလွန်တာ ဘယ်ဟာ ပိုအန္တရာယ်များသလဲ

အစားလျှော့တာ နဲ့ အဝလွန်တာ ဘယ်ဟာ ပိုအန္တရာယ်များသလဲ

အစားအသောက်ကို လျှော့ချပြီး ဝိတ်အလွန်အကျွံချတာဟာ အဝလွန်နေခြင်းလိုပဲ သင့်ရဲ့ ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယ်တဲ့။ စိတ်ဝင်စားစရာပဲနော်။ ဒီတော့ အစားလျှော့တာ နဲ့ အဝလွန်တာ ဘယ်လို အန္တရာယ်များကြလဲ ကြည့်ကြရအောင်။ 

သိပ္ပံနည်းကျ လေ့လာချက်တွေအရဆိုရင်တော့ ကယ်လိုရီ ပမာဏကို အလွန်အမင်းလျှော့ချပြီး အစားအသောက်တွေကို ခွဲခြားရွေးချယ်စားသောက်နေတာဟာ မှန်ကန်တဲ့ အပြုအမူတစ်ခုမဟုတ်ဘူးလို့ ဆိုပါတယ်။ အာဟာရဓာတ်ကို ပြည့်ဝအောင် မဖြည့်ဆည်းတဲ့အတွက် အစာအိမ်နဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေတာပါ။

အစားအသောက်ကို အာဟာရမျှတစွာမစားပဲ ဝိတ်ချလို့ ဘယ်လို့ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ …

ဝိတ်ချတာဟာ အစာချေဖျက်မှုစနစ်ကို ရှုပ်ထွေးစေပါတယ် – အစားလျှော့စားပြီး ဝိတ်ချတဲ့အခါမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ အနည်းဆုံး စွမ်းအင်ပမာဏကိုမရပဲ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုတွေ ရှုပ်ထွေးကုန်ပါတယ်။

အစားလျော့တာ ဟာ အစာအိမ်ကျန်းမာရေးကို ထိခိုက်စေပါတယ် – အစာစားတဲ့ ပုံစံကို ပြောင်းလဲပြီး ဝိတ်လျှော့ဖို့ အတင်းအကျပ်ကြိုးပမ်းခြင်းဟာ သွေးဖိအား၊ သွေးတွင်းသကြား ပမာဏ၊ ကိုလက်စထရောတို့သာမက အစာအိမ်အတွင်းက အနုဇီဝပိုးမွှားတွေအထိပါ သက်ရောက်လေ့ရှိပါတယ်။ ဒါဟာ အစာအိမ်နဲ့ သက်ဆိုင်တဲ့ ရောဂါတွေဖြစ်စေဖို့ လမ်းစဖြစ်ပါတယ်။

ဝိတ်ချခြင်းဟာ လိုအပ်တဲ့ အဆီတွေကိုပါ ဒုက္ခတွေ့စေပါတယ် – ဝိတ်ချကြတယ်ဆိုတာဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆီတွေကို လျှော့ချဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆီတွေဟာ အားလုံး ညီတူမျှတူ ပိုလျှံနေကြတာမဟုတ်ပါဘူး။ ဝိတ်အလွန်အကျွံချတဲ့အခါ ခန္ဓာကိုယ်က လိုအပ်တဲ့အဆီတွေပါ လျော့နည်းပြီး ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။

အစားလျှော့တာ နဲ့ အဝလွန်တာ ဘယ်ဟာ ပိုအန္တရာယ်များသလဲ

ဝိတ်ချတာဟာ စိတ်ပိုင်းကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ် – အစားလျှော့ပြီး ဝိတ်ချတဲ့အခါ Serotonin ထုတ်လုပ်မှုပမာဏကိုလည်း လျော့နည်းစေတာမို့ အိပ်မပျော်တာ၊ အိပ်ချိန်မမှန်တာ၊ စိတ်ခံစားချက်မကောင်းတာ၊ စိတ်ဖိစီးမှုများတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဒီတော့ နည်းမှန်လမ်းမှန်နဲ့ ဝိတ်ကျချင်တယ်ဆိုရင် အစားလျှော့တာ မျိုးထက် ခန္ဓာကိုယ်အတွက် လိုအပ်မယ့် အာဟာရကို ပြည့်ဝအောင် စားသောက်ရပါမယ်။ အစားအသောက်ကို ခွဲစားတာမျိုးနဲ့ လေ့ကျင့်ခန်းကို သင့်တော်ရုံ မျှတအောင်လုပ်ရပါမယ်။

အထူးသဖြင့် အစာစားတဲ့ ပမာဏကို ထိမ်းချုပ်နိုင်အောင် အရင်လုပ်သင့်ပါတယ်။ တစ်ကြိမ်တစ်ခါတည်းနဲ့ အမြောက်အများစားတာဟာ ဝိတ်တက်စေနိုင်ပါတယ်။ အသားနဲ့ အသီးအရွက်ကို မျှတအောင်ပြင်ဆင်ပြီး နည်းနည်းစီစားတာ အကောင်းဆုံးပါပဲ။ ဒီလိုမဟုတ်ရင်တောင်မှာ ပုံမှန် ကိုယ်စားနေကျပမာဏထက် ၁၀% လောက် လျှော့ချစားသောက်ရင်တောင်မှ သင့်အတွက် အကျိုးရှိလာတာမြင်ရပါလိမ့်မယ်။

လူတစ်ယောက်ဟာ တစ်နေ့ကို ကယ်လိုရီ ၁၅၀၀-၂၀၀၀ ကြားစားပေးနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းကို မျှမျှတတလုပ်ပြီး အစားအသောက်ကိုလည်း အာဟာရမျှတအောင် စားပေးမယ်ဆိုရင် လိုချင်တဲ့ ခန္ဓာကိုယ်အလေးချိန်ကို ဘေးအန္တရာယ်မရှိပဲ ရောက်ရှိနိုင်မှာပါ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *