ကော်ဖီအကြောင်း အကောင်းအဆိုး အထွေထွေ

ကော်ဖီ အကြောင်း အကောင်းအဆိုး အထွေထွေ
ကော်ဖီ အကြောင်း အကောင်းအဆိုး အထွေထွေ

ကော်ဖီဆိုတာနဲ့ ဆတ်ခနဲ ခေါင်းထောင်သွားမယ့်သူတွေ ရှိကြတယ်မဟုတ်လား။ နေ့တိုင်း မနက်တစ်ခွက် နေ့လယ် တစ်ခွက်နဲ့ သောက်သောက်ဖြစ်နေတဲ့ ကော်ဖီက ကျန်းမာရေးကို အကျိုးပြုသလား၊ မပြုသလား စေ့စေ့ငင တွေးမိဖူးရဲ့လား။ ဒီဆောင်းပါးလေးထဲမှာတော့ ကော်ဖီရဲ့ ကျန်းမာရေး အာနိသင်လေးတွေကို ပြောပြပေးသွားပါမယ်နော်။

ကော်ဖီက စိတ်ကို လန်းဆန်းစေတယ်၊ စိတ်ခံစားမှုကောင်းစေတယ်ဆိုတဲ့ အပြောမျိုးကိုတော့ လူတိုင်းကြားဖူးကြမယ်ထင်ပါတယ်နော်။ တကယ်တမ်းအားဖြင့်တော့ ကော်ဖီက ရင်ကြပ်ရောဂါ၊ ခေါင်းကိုက်ရောဂါ၊ သွေးပေါင်ကျတာ၊ အအေးမိတာ၊ ဘိန်းဆိပ်သင့်တာနဲ့ အစာစားချင်စိတ် ပျောက်တာတွေကိုပါ လျော့ပါးသက်သာစေတဲ့ အာနိသင်မျိုးရှိပါတယ်။

တစ်ချို့လေ့လာချက်တွေမှာဆိုရင် ကော်ဖီမှီဝဲပေးခြင်းဟာ ပါကင်ဆန်ရောဂါ၊ သည်ခြေကျောက်တည်တာ၊ အမျိုးအစား – ၂ ဆီးချိုရောဂါ၊ အူလမ်းကြောင်းကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်ပွားမှုတွေကိုတောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားတာမျိုး ရှိပါတယ်။  ကာကွယ်ရန်လည်း အသုံးပြုကြပါတယ်။။

သေချာတာတစ်ခုကတော့ ကော်ဖီမှာပါဝင်နေတဲ့ ကဖင်းဓါတ်က ခန္ဓါကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အပေါ်မှာ  အကျိုးသက်ရောက်မှု များစွာရှိနေတဲ့အပြင် ၎င်းဓာတ်ဟာ ပင်မအာရုံကြောမကိုလှုံ့ဆော်ခြင်းကဲ့သို့သော အာနိသင်ကိုလည်း ပိုင်ဆိုင်ထားကြောင့် ကော်ဖီသောက်တဲ့အခါတိုင်း သင့်ကို ပိုလန်းဆန်းတက်ကြွစေပြီး အင်အားတက်စေတာပါ။

ဒါပေမယ့် ဒီလို အကျိုးအာနိသင်တွေအပြင် ကော်ဖီမှာ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေပါသေးတယ်။ ဘယ်လို ဘေးထွက်ဆိုးကျိုးတွေလည်း ဆိုရင်တော့

•           ကော်ဖီအသောက်များသွားတဲ့အခါ စိတ်ခံစားချက်နဲ့ အိပ်စက်မှုပုံစံ အနှောင့်အယှက်ဖြစ်နိုင်တာ

•           ကော်ဖီကို အကြာကြီးစွဲသောက်ပြီးမှ ရပ်လိုက်ရင် ဆေးစွဲသူတစ်ယောက်လိုမျိုး လက္ခဏာတွေ ပြသတတ်တာ ၊ ကတုန်ကရီဖြစ်တတ်တာ

•           ကော်ဖီမှာပါဝင်နေတဲ့ ကဖင်းဓာတ်ရဲ့ ဦးနှောက်ကို လှုံ့ဆော်မှုတွေကြောင့် စိုးရိမ်ပူပန်စိတ်ကို တိုးပွားစေတာ

•           သွေးတိုးဝေဒနာရှင်တွေကို ရောဂါပိုတိုးစေတာ

•           အသင့်သောက် ကော်ဖီများကို ပုံမှန်မှီဝဲပါက သွေးတွင်းကိုလက်စထရောနှင့် အဆီဓာတ်တိုးပြီး သွေးပေါင်ချိန်တက်စေနိုင်တာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်လာတာ

•           ငယ်ရွယ်သည့် ကလေးငယ်များအနေဖြင့် အခန့်မသင့်ပါက ကဖင်းဓာတ်မတည့်မှုဖြစ်နိုင်တာ

•           ကော်ဖီထဲမှာ ကဖင်းဓါတ် ပမာဏများနေပါက ရေဓာတ်ခန်းခြောက်ပြီး ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ အူလမ်းကြောင်းမကောင်းတဲ့ရောဂါတွေ ပိုဆိုးစေနိုင်တာ စတဲ့ အချက်တွေကို သတိထားဖို့ လိုအပ်ပါလိမ့်မယ်။

အရွယ်ရောက်ပြီး လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ကော်ဖီ ၂ ခွက် ကနေ ၃ ခွက်လောက်အထိ သောက်လို့ရပါတယ်။ ကလေးငယ်လေးတွေနဲ့ နို့တိုက်မိခင်တွေဆိုရင်တော့ ၂ ခွက် ထက် ပိုမသောက်ဖို့ အကြံပြုချင်ပါတယ်။

ကော်ဖီက လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်သလို ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များပေမယ့် တန်ဆေးလွန်ဘေးဆိုသလို ချင့်ချိန်သောက်သုံးဖို့တော့ လိုအပ်မှာဖြစ်ကြောင်း အကြံပြုလိုက်ပါရစေနော်။

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *