ကလေးလေးတွေမှာ မွေးဖွားမှုရဲ့ အစဉ်အလိုက်ကွဲလို့ဖြစ်ဖြစ် တစ်ဦးတည်းအဖြစ်မွေးလို့ရယ် ဖြစ်ဖြစ် မတူကွဲပြားမှုတွေအပေါ်မှာ လိုက်ပြီး ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးလေးတွေ ကွာခြားတတ်ပါတယ်။ ဥပမာ – အကြီးလေးမို့ ညှာတတ်တယ်။ အလတ်လေးမို့ အနွံနာခံတတ်တယ်။ သိတတ်နားလည်နိုင်စွမ်းမြင့်တယ်။ အငယ်ဆုံးမို့ ဂျစ်ကျတယ်။ အချစ်ခံချင်တယ် စဖြင့်ပေါ့။ ဒီလိုမွေးဖွားမှု အစဉ်အလိုက်မှာမှ အကြီးကလည်းသူပဲ၊ အလတ်လည်းသူ၊ အငယ်ဆုံးကလည်း သူပဲမို့ ဖေဖေမေမေတို့ ချစ်မဝဖြစ်လွန်းလှတဲ့ တစ်ဦးတည်းသော သားသားမီးမီး တို့ရဲ့ မွေးရာပါ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို ဖေဖေမေမေတို့ သိရှိရအောင်ဖော်ပြပေးလိုက်ပါတယ်။
တစ်ဦးတည်းသော ကလေးဆိုတာ ဘာများပါလိမ့်!
တစ်ဦးတည်းသော ကလေးဆိုတာက အခြားသော မွေးချင်း တစ်ယောက်တစ်လေတောင် မရှိတဲ့ ကလေးပါ။ ဖေဖေမေမေတို့ရဲ့ အကြီးဆုံးလည်း သူတို့ပဲ၊ အငယ်ဆုံးကလည်း သူတို့ပဲ ဖြစ်သလို အလတ်ကလေးတွေကလည်း သူတို့ဖြစ်နေတဲ့ မွေးချင်းမရှိတဲ့ တစ်ယောက်တည်းသော ဘေဘီလေးတွေပါ။
တစ်ဦးတည်းသော သားသားမီးမီး တို့ရဲ့ ကိုယ်ရည်ကိုယ်သွေး
တစ်ဦးတည်းသော သားသားမီးမီး တို့ရဲ့ ကိုယ်ရည်ကိုယ်သွေး တွေကတော့
- လိုက်လျောညီထွေ နေတတ်ကြသူလေးတွေပါ
လေ့လာမှုတွေအရတော့ တစ်ဦးတည်းသော ကလေးလေးတွေက ပတ်ဝန်းကျင်ကသူတွေနဲ့ လိုက်လျောညီထွေနေတတ်ကြပြီး ဒါကလည်း သူတို့လေးတွေရဲ့ မိဘတွေက မသင်ရဘဲ တတ်မြောက်လာတဲ့ မွေးရာပါဗီဇလေး တစ်ခုပေါ့။ ရောက်လေရာနေရာတိုင်းမှာ အဆင်ပြေအောင် နေတတ်ကြပါတယ်။
- အများနဲ့ မတူတဲ့ တွေးခေါ်မှု ရှိကြသူလေးတွေပါ
MRI စစ်ဆေးမှု ရလဒ် တစ်ခုအရ သိရတာက တစ်ဦးတည်းသော ကလေးလေးတွေရဲ့ ဦးနှောက်ဖွဲ့စည်းပုံက အခြားသော ကလေးလေးတွေနဲ့ မတူဘူးဆိုတာကိုပါ။ ဒါကြောင့်ပဲ တစ်ဦးတည်းသော ကလေးတွေရဲ့ တွေးခေါ်ပုံတွေက အများနဲ့ မတူတာပါ။
- ထက်ထက်မြက်မြက် ရှိကြသူလေးတွေပါ
အချစ်ခံရမှု ဂရုစိုက်မှုတွကို တစ်ပုံတစ်ပင် ရထားကြတဲ့ တစ်ဦးတည်းသော ကလေးလေးတွေရဲ့ ဦးနှောက်မှာ gray matterက ပိုများနေတာကြောင့် တစ်ဦးတည်းသော ကလေးတွေက ထက်မြက်ကြတာပါ။
- ခေါင်းမာကြသူလေးတွေပါ
ဘာကိုမှ မျှဝေမပေးရဘဲ ကြီးပြင်းခဲ့ရတဲ့သူလေးတွေ ဖြစ်တာကြောင့် တစ်ဦးတည်းသော ကလေးလေးတွေက သည်းညည်းခံနိုင်စွမ်း နည်းကြသလို အရာရာကိုလည်း အလွယ်တကူ လက်သင့်ခံခဲကြပါတယ်။ confidence level so high ကြသူလေးတွေပေါ့။
- ပျော်ပျော်နေတတ်ကြသူလေးတွေပါ
တစ်ဦးတည်းသော ကလေးလေးတွေရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အချက်တစ်ခုက ပျော်ပျော်နေတတ် ကြတာပါ။ အခြားသူတွေနဲ့ မတူတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားကြတဲအပြင် ဖြစ်လာတဲ့ အခြေအနေတိုင်းကို ပျော်ပျော်နေတတ်ကြပါတယ်။
- တစ်ကိုယ်တည်း ရပ်တည်နိုင်ကြသူလေးတွေပါ
တစ်ဦးတည်းသောလေးတွေရဲ့ နောက်ထပ် အားသာချက် တစ်ခုက ငယ်စဉ်ကတည်းက မွေးချင်း မရှိတာကြာင့် အရာရာကို ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်ရင်း တစ်ကိုယ်တည်း ရပ်တည်နိုင်ကြသူလေးတွေအဖြစ် ကြီးပြင်းလာကြပါတယ်။
- မိဘတွေနဲ့ လက်ပွန်းတတီးရှိကြတာများပါတယ်
တစ်ဦးတည်းသောတိုင်းလို့ မဆိုပေမယ့် များသောအားဖြင့်ကတော့ တစ်ဦးတည်းသော ကလေးလေးတွေက အခြားမွေးချင်းရှိတဲ့ ကလေးတွေထက် မိဘတွေကိုပဲ သူငယ်ချင်းလုပ် မိဘကိုပဲ မောင်နှမ လုပ်ရတာကြောင့် မိဘတွေနဲ့ ပိုရင်းနှီးကြပါတယ်။
- ရည်မှန်းချက် ကြီးကြသူတွေပါ
တစ်ဦးတည်းသော ကလေးလေးတွေက မိဘတွေရဲ့ အလုံးစုံ အားကိုရတဲ့ သူလေးတွေပေါ့။ ဒါကပဲ သူတို့လေးတွေကို ရည်မှန်းချက် ကြီးတဲ့သူလေးတွေအဖြစ် ကြီးပြင်း အရွယ်ရောက်လာစေတာပါ။
- ပေါင်းသင်းဆက်ဆံရေး ကောင်းသူလေးတွေပါ
တစ်ဦးတည်းသော ကလေးတွေက ပျော်ပျော်ရွှင်ရွှင်နေရတာကို နှစ်သက်ကြသလို သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စရာ အချိန်တွေကိုလည်း ဖန်တီးတတ်ကြပါတယ်။
Every child is special ဆိုတဲ့အတိုင်း ကလေးတိုင်းမှာ မတူတဲ့ ကိုယ်ရည်ကိုယ်သွေး ကိုယ်စီကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့် မေမေဖေဖေတို့ကို အသိပေးချင်တာက မတူတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားတဲ့ ကလေးတွေကို ကောင်မွန်စွာ ကြီးပြင်းလာစေဖို့အတွက် အကောင်းဆုံး ပျိုးထောင်လိုက်ဖို့ပါ။