ဘုမ္မရာဇာပင်ကို ဆေးဖက်ဝင်တယ်လို့ တော်တော်များများ သိထားပြီး ဖြစ်မှာပါ။ အနာတရဖြစ်မှုတွေကစလို့ သွေးတိုးတာအထိ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာအတွက် ဆေးဖက်ဝင်တယ်လို့ အရင့်အရင် ကာလတွေ ကတည်းက အသုံးပြုခဲ့တဲ့ ဘုမ္မရာဇာပင် ဆေးဖက်ဝင်သလား! ဆိုတာကို ဆက်ကြည့်လိုက်ရအောင် နော်။
ဘုမ္မရာဇာပင် ဆိုတာ
ဘုမ္မရာဇာပင်ဆိုတာက အမြဲစိမ်းပင် တစ်မျိုးပါ။ ချုံပင်တစ်မျိုးပေါ့။ အရွက် အစိမ်းရောင် ဝိုင်းဝိုင်းလေးတွေပါ။ အသီးသေးသေး အနက်ရောင်၊ ခရမ်းရောင်စိုစိုလေးတွေပါ။ အပွင့်လေးတွေကတော့ ပန်းရောင် ဒါမှမဟုတ် အဖြူရောင် အပွင့် သေးသေးလေးတွေပါ။
အိန္ဒိယ မျိုးရင်းပင် တစ်မျိုးဖြစ်ပြီး စိုစွတ်ပြီး အရိပ်ရတဲ့ သစ်တောတွေထဲမှာ ပေါက်ရောက်ကြပါတယ်။ ပင်လယ်ပြင် မျက်နှာအထက် ပေ ၄၀၀၀ လောက်မှာ ပေါက်ရောက်ကြပါတယ်။ အိန္ဒိယအပြင် ဘုမ္မရာဇာပင်က နီပေါ၊ မြန်မာ၊ သီရိလင်္ကာနိုင်ငံတွေမှာ ပေါက်ရောက်ကြပါတယ်။
ဘုမ္မရာဇာပင် ဆေးဖက်ဝင်သလား!
ဘုမ္မရာဇာပင် ဆေးဖက်ဝင်သလား! ဆိုတော့ အခုလို ဆေးဖက်ဝင်ပါတယ်။
- သွေးတိုး ထိန်းပေးတယ်
ဘုမ္မရာဇာပင်က သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးကြောတွေကို ပြေလျော့စေဖို့နဲ့ သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးကြောတွေဆီကနေ နှလုံးဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးသက်သာစေနိုင်တာပါ။
- အိပ်မပျော်တာကို သက်သာစေတယ်
ဘုမ္မရာဇာပင်က ဦးနှောက်ကို အနားရစေပြီး စိတ်ပိုင်းဆိုင်ရာ အနားရစေဖို့ ကူညီပေးနိုင်ပါတယ်။ ဗဟိုအာရုံကြော စနစ်ကို ကျန်းမာစေပြီး ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ညဘက် အိပ်မပျော်ဘူးဆိုရင် ဘုမ္မရာဇာပင်ကို အသုံးပြုပေးလို့ ရပါတယ်။
- အဖျားသက်သာစေနိုင်တယ်
ဘုမ္မရာဇာပင်က ကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်သလို အဖျားသက်သာစေဖို့ နဲ့ အဖျားကျစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
- နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တယ်
အရောင်ကျစေပြီး အကိုက်အခဲ သက်သာစေနိုင်တဲ့ ဘုမ္မရာဇာပင်က ကြွက်သားနာကျင်တာ၊ ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ခေါင်းကိုက်တာကို သက်သာစေတာပါ။
- အစာခြေစနစ် ကျန်းမာစေတယ်
ဗိုက်အောင့် ဗိုက်နာတာကို သက်သာစေသလို အစာကြေစေဖို့နဲ့ အစာခြေစနစ် ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အစာခြေစနစ် ကျန်းမာစေဖို့ ဘုမ္မရာဇာပင်ကို အသုံးပြုပေးလို့ ရပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာ၊ ဝမ်းကိုက်တာတွေကို သက်သာစေနိုင်ပါတယ်။
- ဝမ်းချုပ်တာကို သက်သာစေတယ်
ဝမ်းချုပ်တာကို သက်သာစေဖို့အတွက်လည်း ဘုမ္မရာဇာပင်ကို အသုံးပြုပေးလို့ ရပါတယ်။ ဒါကြောင့် ဝမ်းချုပ်တတ်ဆိုရင် ဝမ်းမှန်စေဖို့ ဘုမ္မရာဇာကို အသုံးပြုလို့ ရပါတယ်။
- အနာကျက်စေနိုင်တယ်
အရောင်ကျစေနိုင်တဲ့ ဘုမ္မရာဇာပင်က အရေပြားမှာ ဖြစ်တဲ့ အနာတွေကို ကျက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရေပြားရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အရွက်ကို ကြိတ်ပြီး အနာပေါ်မှာ အုံပေးရင်လည်း အဆင်ပြေပါတယ်။
- အရေပြား ကျန်းမာစေတယ်
ဘုမ္မရာဇာပင်က အရေပြားမှာ ဖြစ်တဲ့ ဆိုရီရေးစစ်၊ နှင်းခူနဲ့ အမျိုးမျိုးသော အရေပြား ပြဿနာတွေကို သက်သာစေနိုင်ပြီး အရေပြား ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အသားအရေ ကျန်းမာ လှပစေဖို့လည်း ဘုမ္မရာဇာကို အသုံးပြုပေးလို့ ရပါတယ်။
ဘာတွေ သတိထားရမလဲ!
ဘုမ္မရာဇာပင်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံ သုံးမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင် ပါတယ်။ နောက်ပြီး ရောဂါအခံရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် ပုံမှန် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက်လည်း မသင့်တော်ပါဘူး။
ကူးယူမျှဝေခွင့်ပြုပါ