မျက်ကြောလိုက်တာက မျက်စိလေဖြတ်တာရဲ့ အစောပိုင်းလက္ခဏာဖြစ်နိုင်

မျက်ကြောလိုက်တာက မျက်စိလေဖြတ်တာရဲ့ အစောပိုင်းလက္ခဏာဖြစ်နိုင်
မျက်ကြောလိုက်တာက မျက်စိလေဖြတ်တာရဲ့ အစောပိုင်းလက္ခဏာဖြစ်နိုင်

မျက်ကြောလိုက်တာက ကလေးတွေမှာရော လူကြီးတွေမှာပါ ဖြစ်တတ်ပါတယ်။ မျက်ကြောလိုက်တာက ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာ မရှိဘဲ အာရုံကြော အားနည်းတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မျက်ကြောလိုက်တာက မျက်စိလေဖြတ်တာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ ဘယ်လို အခြေအနေဆိုရင် သတိထားဖို့ လိုမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

မျက်ကြောလိုက်တာက မျက်စိလေဖြတ်တာရဲ့ အစောပိုင်းလက္ခဏာဖြစ်နိုင်

မျက်ကြောလိုက်တာက အဖြစ်များတဲ့ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ခုပါ။ များသောအားဖြင့် ကတော့ အန္တရာယ်မရှိပါဘူး။ အိပ်ရေးပျက်တာ၊ စခရင်မ်တိုင်းမ်များတာ၊ အာရုံကြောအားနည်းတာ၊ စိတ်ဖိစီးမှု များတာ၊ ကဖင်းစားသုံးမှု များတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဒီလိုမျိုး မျက်ကြောလိုက်တာက အမြဲလိုလို ဖြစ်နေမယ်။ ဒီလို ဖြစ်နေတာနဲ့အတူ ရုတ်တရက် ခေါင်းကိုက်တာ၊ စကားပြောရ ခက်ခဲတာ၊ ခန္ဓာကိုယ် ဟန်ချက်မညီတာမျိုးပါ ခံစားနေရပြီဆိုရင်တော့ ဒါက အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ် ခံစားရနိုင်ခြေ ရှိတာ ဖြစ်သလို မျက်စိလေဖြတ်နိုင်ခြေ ရှိတယ်ဆိုတာကို ဖော်ပြနေတဲ့ အစောပိုင်း လက္ခဏာ ဖြစ်နေတာကြောင့် လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။

မျက်ကြောလိုက်တာက များသောအားဖြင့်ကတော့ အပေါ်မျက်ခွံမှာ ဖြစ်လေ့ရှိတာဖြစ်ပြီး မျက်ခွံကြွက်သား တွေက သူ့အလိုလို လှုပ်ရှားမှု ဖြစ်တာပါ။ ဒီလိုဖြစ်ရတာက စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပါတယ်။ စိတ်ဖိစီးတာ၊ ခြေကုန်လက်ပမ်းကျတာ၊ စခရင်မ်တိုင်းမ် များတာကြောင့် မျက်လုံးတွေ ညောင်းတာ၊ ကဖင်းစားသုံးမှု များတာ၊ စိတ်ဖိစီးမှု များလွန်းတာကလည်း မျက်ကြောလိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အနားယူလိုက်ရင်ကို သက်သာသွားတတ်ပါတယ်။ 

ဒါပေမယ့် မျက်ကြောလိုက်တာနဲ့အတူ အခုလို လက္ခဏာတွေကို ခံစားနေရပြီဆိုရင်တော့ မျက်စိလေဖြတ်နိုင်ခြေ ရှိနေပြီဆိုတာကို ဖော်ပြနေတဲ့ အစောပိုင်း လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ 

  • ရုတ်တရက် ခေါင်းကိုက်တာ
  • အမြင်အာရုံပြောင်းလာတာ
  • စကားတွေ လုံးနေတာ
  • စကားပြောဖို့ အခက်အခဲဖြစ်နေတာ
  • မျက်နှာတစ်ခြမ်း အားနည်းနေတာ၊ ထုံကျဉ်နေတာ
  • ခန္ဓာကိုယ် ဟန်ချက်ညီဖို့ ခက်ခဲနေတာတွေပါ ခံစားနေရပြီဆိုရင်တော့ လိုအပ်တဲ့ ကုသမှုကို ချက်ချင်း ခံယူဖို့ လိုပါမယ်။ 

 

မျက်စိလေဖြတ်တယ်ဆိုတာက ဘာလဲ!

မျက်စိလေဖြတ်တယ်ဆိုတာက မျက်ကြည်လွှာနဲ့ အမြင်လွှာတွေဆီကို သွေးစီးဆင်းရောက်ရှိမှု အဟန့်အတား ဖြစ်သွားတာကြောင့် ဖြစ်ရတဲ့ အခြေအနေ တစ်ခုပါ။ ဒီအခြေအနေက မျက်စိတစ်ဖက်တည်းမှာ မျက်ကြောလိုက်တာနဲ့အတူ အမြင်အာရုံ ဝေဝါးတာ၊  ရုတ်တရက် အမြင်အာရုံဆုံးရှုံးတာကို ခံစားရနိုင်ပါတယ်။ ဒီအခြေအနေကို ခံစားနေရပြီဆိုရင်တော့ ချက်ချင်း စစ်ဆေးကုသမှု ခံယူဖို့ လိုအပ်ပါမယ်။ 

မျက်ကြောလိုက်တာကို ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲ!

မျက်ကြောလိုက်တာကို ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတွေကတော့ – 

  • မျက်ခံတွေ သူ့အလိုလို ကျုံ့ဆန့်တာကို ဖြစ်စေတဲ့ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ် ခံစားနေရတာ
  • မျက်နှာ တစ်ခြမ်းမှ ကြွက်သားတွေ သူ့အလိုလို လှုပ်နေတာ
  • Multiple Sclerosis (MS) လို့ ခေါ်တဲ့ ဗဟိုအာရုံကြော ရောဂါကို ခံစားရစေနိုင်တဲ့ auto immune ရောဂါ တစ်ရပ်ရပ် ခံစားနေရတာကြောင့်ပါ။ 

ဘယ်လို အခြေအနေဆိုရင် ချက်ချင်းကုသမှု ခံယူဖို့ လိုမလဲ!

မျက်ကြောလိုက်တာက အခုလို အခြေအနေဆိုရင်တော့ ချက်ချင်း ကုသမှု ခံယူဖို့ လိုပါမယ်။ 

  • တစ်ပတ်ကျော်တဲ့အထိ မျက်ကြောလိုက်တာ ဖြစ်နေမယ်
  • မျက်လုံးတဝိုက် ရောင်တာ၊ နီတာ၊ မျက်ဝတ်တွေ ထွက်နေတာမျိုး ဖြစ်မယ်
  • မျက်ကြောလိုက်တာကြောင့် မျက်စိက လုံးဝပိတ်သွားတာမျိုးဖြစ်မယ်
  • မျက်နှာပေါ်က အခြား အစိတ်အပိုင်းတွေကိုပါ သက်ရောက်မှု ရှိမယ် (အထူးသဖြင့် မျက်နှာတစ်ခြမ်း)
  • အပေါ်မျက်ခွံ အိတွဲကျတာမျိုး ဖြစ်မယ်
  • မျက်လုံးက နာကျင်နေမယ်
  • မျက်စိလေဖြတ်တာရဲ့ လက္ခဏာတစ်ရပ်ရပ် ခံစားနေရမယ်ဆိုရင် ချက်ချင်းကုသမှု ခံယူဖို့ လိုပါမယ်။ 

မျက်ကြောလိုက်တာက နေ့စဉ်ဘဝမှာ စိတ်အနှောင့်အယှက် ဖြစ်စေတာအပြင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်နိုင်တာကြောင့် သေချာလေး သတိထားဖို့ အကြံပြုလိုက်ပါရစေ။ 

Lotoshinn ရဲ့ စကားလက်ဆောင်

မျက်ကြောလိုက်တာက တစ်ခါတလေမှာ အန္တရာယ်မရှိဘဲ စိတ်ဖိစီးမှုများတာ၊ ကဖင်းအလွန်အကျွံသောက်တာ တွေကြောင့် ဖြစ်နိုင်တယ်ဆိုပေမယ့် မျက်ကြောလိုက်တာက အချိန်အတော်ကြာတဲ့အထိ ဖြစ်နေမယ်။ ဒီလို ဖြစ်တာနဲ့အတူ အမြင်အာရုံပြောင်းလဲလာတာ၊ မျက်စိအားနည်းတာ၊ မျက်နှာတွေထုံတာတွေပါ ဖြစ်လာမယ် ဆိုရင်တော့ မျက်စိလေဖြတ်တာအပါအဝင် ပြင်းထန်တဲ့ အာရုံကြောဆိုင်ရာ ပြဿနာ ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ 

မျက်ကြောလှုပ်တာတစ်ခုတည်းကတော့ လေဖြတ်တာရဲ့ အစောပိုင်း လက္ခဏာမဟုတ်ပေမယ့် ရုတ်တရက် ခေါင်းကိုက်တာ၊ စကားပြောရ ခက်ခဲတာ၊ ဟန်ချက်ညီဖို့ အခက်အခဲ ရှိလာတာမျိုးပါ ခံစားနေရမယ်ဆိုရင်တော့ လေဖြတ်တာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နိုင်တာမို့ အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *