တရားထိုင်တာက ဉာဏ်ရည်ထက်မြက်စေမလား!

တရားထိုင်တာက ဉာဏ်ရည်ထက်မြက်စေမလား!
တရားထိုင်တာက ဉာဏ်ရည်ထက်မြက်စေမလား!

တရားထိုင်တာက အရမ်းကို တန်ဖိုးရှိလှတာကြောင့် မွေးမြူသင့်တဲ့ အလေ့အထတစ်ခုပါ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာနဲ့ တရားထိုင်တာ ဉာဏ်ရည်ထက်မြက်စေမလား! ဆိုတာကို ပြောပြပေးချင်ပါတယ်။ 

တရားထိုင်တာက ဉာဏ်ရည်ထက်မြက်စေမလား!

တရားထိုင်တာက လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကလည်းက လိုက်နာ လုပ်ဆောင်ခဲ့ကြတဲ့ အလေ့အထတစ်ခုပါ။ တရားထိုင်တာက ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ တိုက်ရိုက် သက်ရောက်မှု ရှိနေပြီး အတွေးတွေ အပေါ်မှာလည်း သက်ရောက်မှု ရှိနေပါတယ်။ တရားထိုင်တာက စိတ်ဖိစီးမှုကို ဖြေလျော့ပေးသလို အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ တရားထိုင်တာကို ပုံမှန် လုပ်ပေးမယ်ဆိုရင် – 

  • Gray Matter တိုးလာစေတယ်

ပုံမှန် တရားထိုင်တာက ဦးနှောက်ရဲ့ Gray Matter ကို တိုးစေပြီး သင်ယူနိုင်စွမ်း၊ မှတ်မိနိုင်စွမ်းနဲ့ စိတ်ခံစားမှု ထိန်းချုပ်နိုင်စွမ်းတွေကို ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တရားထိုင်တာက ဦးနှောက်အရွယ်အစားကို တိုးစေပြီး ဦးနှောက်ကျုံ့တာမျိုး ဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။

  • ဆုံးဖြတ်ချက်ချနိုင်စွမ်း ကောင်းစေတယ်

ပုံမှန်တရားထိုင်တာက ဦးနှောက်ရဲ့ သိမြင်မှုစွမ်းရည်၊ အာရုံစူးစိုက်နိုင်စွမ်း၊ မှတ်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စေဖို့အတွက် တရားထိုင်ပေးလို့ ရပါတယ်။

  • အာရုံကြောဆဲလ်လေးတွေကြား ချိတ်ဆက်မှု ကောင်းစေတယ်

ပုံမှန်တရားထိုင်တာက ဦးနှောက်ကို အသစ်အသစ်သော အရာတွေကို သင်ယူနိုင်စွမ်းကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တရားထိုင်တာက ဦးနှောက်ရဲ့ အစိတ်အပိုင်း အသီးသီးက အာရုံကြောဆဲလ်လေးတွေကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နိုင်စွမ်းကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • Dopamine နဲ့ Serotonin

Dopamine နဲ့ Serotonin ပမာဏ တိုးစေပြီး ကောင်းကောင်းအိပ်ပျော်စေဖို့နဲ့ ဇီဝကမ္မဖြစ်စဉ်တွေ တိုးတက် ကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီဟော်မုန်းတွေက စိတ်ပျော်စေဖို့နဲ့ အကောင်းမြင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • ဦးနှောက်လှိုင်းတွေ ပြောင်းလဲစေတယ်

တရားထိုင်တာက သွေးတိုးကျစေဖို့ရော၊ အသက်ရှုနှုန်းနဲ့ နှလုံးခုန်နှုန်းကိုပါ ထိန်းညှိပေးနိုင်ပါတယ်။ ဒါတွေအပြင် ဦးနှောက်လှိုင်းတွေကိုပါ ပြောင်းလဲစေပါတယ်။ တရားထိုင်တာက စိတ်အပန်းပြေစေဖို့ရော၊ အာရုံစူးစိုက်မှု ကောင်းစေဖို့ရော ထောက်ကူပေးသလို သတင်းတွေကို ပိုပြီး ကောင်းကောင်းမှတ်သားထားနိုင်စေဖို့ ထောက်ကူပေးနိုင်ပါသေးတယ်။ 

  • ဒေါသတွေနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တယ်

ပုံမှန်တရားထိုင်တာက ဒေါသထွက်တာကို လျှော့ချပေးနိုင်သလို စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင် ပါတယ်။ ပြဿနာ ဖြေရှင်းနိုင်စွမ်းကောင်းစေပြီး စိတ်တိုလွယ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ 

ဒီအချက်တွေအပြင် တရားထိုင်တာက – 

  • သွေးတိုးကျစေနိုင်တယ်
  • စိုးရိမ်စိတ် လျော့ကျစေတယ်
  • နာကျင်မှုကို သက်သာစေတယ်
  • အိပ်ရေးဝဝအိပ်ပျော်စေတယ်
  • Self-image တိုးတက်စေတယ်
  • ကိုယ့်ကိုယ်ကိုယ် ပိုပြီး သိလာစေမယ်
  • အကောင်းမြင်စိတ်များလာမယ် စတဲ့ ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ 

တရားထိုင်တဲ့အခါ လိုက်နာရမှာလေးတွေရှိပါတယ်။ ဒါကတော့ – 

  • တိတ်ဆိတ်ငြိမ်သက်တဲ့နေရာကို ရွေးချယ်ပါ
  • သက်တောင့်သက်သာလေး ထိုင်ပါ
  • စိတ်လွှင့်မှုကင်းစေဖို့ ဂရုစိုက်ပါ
  • အသက်ရှူတဲ့အပေါ်မှာ အာရုံစိုက်ပါ။

Lotoshinn ရဲ့ စကားလက်ဆောင်

တရားထိုင်တာက ဦးနှောက်ကို ကျန်းမာစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို မိနစ် အနည်းငယ်စီလောက် အစပျိုးပြီး တရားထိုင်ပေးသွားရင်း တစ်နေ့ကို နည်းနည်းစီ တိုးထိုင်သွားတာက ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာကို ၁၀ မိနစ်လောက် တရားထိုင်ဖို့ အကြံပြုလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *