ရာသီဥတု အခြေအနေကရော period pain အပေါ် သက်ရောက်မှု ရှိနေလား!

ရာသီဥတု အခြေအနေကရော period pain အပေါ် သက်ရောက်မှု ရှိနေလား!
ရာသီဥတု အခြေအနေကရော period pain အပေါ် သက်ရောက်မှု ရှိနေလား!

ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို တော်တော်များများ ခံစားဖူးကြမှာပါ။ ဒီလို ခံစားရတာကလည်း လေဒီလေး တစ်ယောက်နဲ့ တစ်ယောက် မတူကြတာမျိုး ရှိနိုင်သလို အခြားသက်ရောက်နေတဲ့ အရာတစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ ရာသီဥတု အခြေအနေပါ။ ရာသီဥတု အခြေအနေကလည်း ရာသီလာချိန် နာကျင်ကိုက်ခဲမှု အပေါ် သက်ရောက်မှု ရှိနေပါတယ်။ 

ရာသီဥတု အခြေအနေကရော period pain အပေါ် သက်ရောက်မှု ရှိနေလား!

ရာသီဥတု အခြေအနေ အထူးသဖြင့် အေးတဲ့ရာသီဥတုကလည်း သွေးကြောတွေကို ကျုံ့စေပြီး ကြွက်သားတွေကို တောင့်တင်းစေနိုင်တာကြောင့် သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပြီး prostaglandin  ထွက်ရှိမှုကို တိုးစေနိုင်တာကြောင့် ရာသီလာချိန် နာကျင်ကိုက်ခဲတာကို ပိုဆိုးစေနိုင်ပါတယ်။ 

ပြင်ပမှာ ရာသီဥတုပူနေမယ်၊ စိုထိုင်းဆ များနေမယ်ဆိုရင်လည်း အရည်စုပုံမှုကို တိုးစေနိုင်သလို‌ ရေဓာတ်ခမ်းခြောက်တာကို ဖြစ်စေပြီး  ရာသီလာချိန်မှာ ခံစားကြရတဲ့ ဗိုက်ပွတာ၊ ခေါင်းကိုက်တာတွေကို ပိုဆိုးစေနိုင်ပါတယ်။ 

ပတ်ဝန်းကျင်မှာ နေရောင်ရရှိမှုနဲ့ လေအရည်အသွေးတွေကလည်း ဟော်မုန်းပမာဏကို ထိခိုက်စေပြီး ရောင်ရမ်းတာကို စိုးစေနိုင်သလို ရာသီလာချိန်နာကျင်ကိုက်ခဲတာကို ပိုဆိုးစေနိုင်ပါတယ်။ 

ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတော့ ရာသီဥတု အေးတာက သွေးကြောတွေကို ကျုံ့စေနိုင်ပြီး သားအိမ်ကို သွေးစီးဆင်းရောက်ရှိမှုနည်းစေတာကလည်း နာကျင်မှုကို တိုးစေတာပါ။ နောက်တစ်ခုကတော့ နေရောင်နဲ့ထိတွေ့မှုနည်းတာ၊ ဗီတာမင် D မရတာတွေက ဟော်မုန်းဟန်ချက်ညီမှုကို ပျက်စေပြီး မယ်လ်လာတိုနင် ပမာဏကို တိုးစေပြီး သားအိမ်ကျုံ့ဆန့်မှုကို ပြင်းပြင်းထန်ထန် ဖြစ်စေပြီး ရာသီလာချိန် နာကျင်ကိုက်ခဲမှုကို ဖြစ်စေနိုင်ပါတယ်။ 

ရာသီဥတုပူနေချိန်မှာလည်း ရေဓာတ်ခမ်းခြောက်တာက ရာသီလာချိန်နာကျင်ကိုက်ခဲမှု လက္ခဏာတွေ ဖြစ်ကြတဲ့ ကြွက်တက်တာ ခေါင်းကိုက်တာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ရာသီဥတုပူချိန်မှာ လေထုဖိအား အပြောင်းအလဲ ဖြစ်တာကလည်း ရာသီအကြိုလက္ခဏာတွေကို ပိုဆိုးစေပြီး ခြေကုန်လက်ပမ်းကျတာနဲ့ စိတ်ခံစားမှု ပြောင်းလဲ တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ 

လက္ခဏာတွေကို ဘယ်လို သက်သာအောင်လုပ်ကြမလဲ!

ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ဆိုရင် ရာသီဥတုအေးနေချိန်မှာ နွေးထွေးနေအောင် နေပါ။ ရေဓာတ်ပြည့်ဝအောင် သောက်ပါ။ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။ အမျှင်ဓာတ်၊ ကစီဓာတ်၊ ပရိုတင်း ကြွယ်ဝတာတွေကို စားပေးပါ။ 

ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီး တက်တက်ကြွကြွနေပါ။ စိတ်ဖိစီးမှု ဖြေလျော့ပါ။ တကယ်လို့ ရာသီလာတာ ကြောင့် နာကျင်ကိုက်ခဲမှုကို သက်သာအောင် လုပ်နေပေမယ့် မသက်သာဘူးဆိုရင်တော့ သားဖွားမီးယပ် ဆရာဝန်နဲ့ သေချာလေး ပြသပြီး လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ဆိုရင် ရာသီလာချိန်မှာ ရေဓာတ်ပြည့်ဝပြီး အာဟာရပြည့်ဝမျှတအောင် စားသုံးဖို့ လိုသလို အိပ်ရေးဝအောင် အိပ်စက်တာ၊ သက်တောင့်သက်သာ အနားယူဖို့လည်း လိုပါမယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *