မြေကြီးဓာတ်လေး ယူပြီးလမ်းလျှောက်ကြည့်ပါ

မြေကြီးဓာတ်လေး ယူပြီးလမ်းလျှောက်ကြည့်ပါ
မြေကြီးဓာတ်လေး ယူပြီးလမ်းလျှောက်ကြည့်ပါ

မြေပြင်ပေါ်မှာ ဖိနပ်မပါ ခြေဗလာနဲ့ လမ်းလျှောက်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေး နိုင်တယ်ဆိုတာကို သိရဲ့လား! ဒါကို မြေကြီးဓာတ်လေး ယူတယ်လို့ တော်တော်များများက သိထားပြီးဖြစ်မှာပါ။ ဒီလို လုပ်ပေးတာက ဘယ်လိုမျိုး ကျန်းမာရေးကောင်းကျိုးတွေ ရရှိနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

မြေကြီးဓာတ်လေး ယူပြီးလမ်းလျှောက်ကြည့်ပါ

မြေကြီးဓာတ်လေး ယူပြီးလမ်းလျှောက်ကြည့်ပါ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ဖိနပ်မပါဘဲ ခြေဗလာနဲ့ မြေကြီးပေါ်မှာ လမ်းလျှောက်တာက ရုပ်ပိုင်းဆိုင်ရာကို ရော စိတ်ပိုင်းဆိုင်ရာကိုပါ အခုလို ကျန်းမာစေနိုင်ပါတယ်။ 

ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကောင်းကျိုးတွေ အနေနဲ့ကတော့ – 

  • ခြေထောက်ကြွက်သားတွေကို သန်မာစေတယ် 

ဖိနပ်တွေက ကြွက်သားတွေ အသုံးပြုနိုင်စွမ်းကို ကန့်သတ် ထားသလို ဖြစ်စေပါတယ်။ ဒါပေမယ့် ဖိနပ်မပါဘဲ ခြေဗလာနဲ့ လမ်းလျှောက်တာက ခြေထောက်က ကြွက်သား သေးသေးလေးတွေကို သန်မာစေပြီး အရွတ်တွေကိုရော ခြေချင်းဝတ်တွေကိုပါ သန်မာစေနိုင်ပါတယ်။

  • ခန္ဓာကိုယ်ကို ဟန်ချက်ညီစေတယ်

အာရုံကြောလေးတွေ တော်တော်များများ ရှိနေတဲ့ ခြေဖဝါးကို မြေကြီးနဲ့ ထိတွေ့ပြီး လျှောက်စေတာက  ဦးနှောက်ကိုကျန်းမာစေပြီး ကိုယ်နေဟန်ထားမှန်စေဖို့ရော၊ ခန္ဓာကိုယ် ဟန်ချက်ညီစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ 

  • သွေးလည်ပတ်မှု ကောင်းစေတယ်

ခြေဗလာနဲ့ လမ်းလျှောက်တာက သွေးကြောတွေထဲက သွေးစီးဆင်းမှုကို ကောင်းစေပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • အရောင်ကျစေနိုင်တယ်

လေ့လာမှုတွေအရ သိရတာက ကမ္ဘာမြေကြီးမှာရှိတဲ့ ဒြပ်မှုန်လေးတွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအဖြစ် လုပ်ဆောင်ပေးပြီး ကိုယ်တွင်းမှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို အရောင်ကျစေဖို့နဲ့ နာကျင်မှုကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • ကောင်းကောင်း အိပ်ပျော်စေနိုင်တယ်

မြေကြီးပေါ်မှာ ဖိနပ်မပါဘဲ ခြေဗလာနဲ့ လမ်းလျှောက်တာက အိပ်စက်မှုကို ထောက်ကူပေးနိုင်သလို ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်သလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

  • စိတ်ဖိစီးမှု ပြေလျော့စေတယ်

မြေကြီးကို ခြေဗလာနဲ့ ထိတွေ့တာက အာရုံကြောစနစ်ကို ကျန်းမာစေနိုင်သလို စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ ကော်တီစောဟော်မုန်းပမာဏ ကျဆင်းစေဖို့ ထောက်ကူပေးနိုင်သလို စိတ်ဖိစီးမှုပြေလျော့စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • စိတ်ခံစားမှု ကောင်းစေတယ်

မြေကြီးပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်တာက စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်သလို တီထွင်ဖန်တီးနိုင်စွမ်း ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ 

ဘာတွေသတိထားရမလဲ!

ခြေဗလာနဲ့ လမ်းလျှောက်တာက ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ပေးတယ်ဆိုပေမယ့် ခြေဗလာနဲ့ လမ်းလျှောက်မယ်ဆိုရင် မြေပြင်ညီညာပြီး ထိခိုက်နိုင်ခြေနည်းတဲ့ နေရာမျိုးကို ရွေးချယ်ဖို့ လိုပါမယ်။ ထိခိုက်ပြတ်ရှနာမျိုးတွေ ခြေထောက်မှာ ရှိမယ်ဆိုရင် ခြေဗလာနဲ့ လမ်းမလျှောက်သင့်ပါဘူး။ 

နောက်တစ်ခုက ဆီးချိုရှိမယ်၊ အခြားသော နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားနေရမယ်ဆိုရင်လည်း ခြေဗလာနဲ့ လမ်းမလျှောက်သင့်ပါဘူး။ 

Lotoshinn ရဲ့ စကားလက်ဆောင်

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် မြေကြီးပေါ်မှာ ခြေထောက်ဗလာနဲ့ လမ်းလျှောက်ပြီးတိုင်းမှာ ခြေထောက်ကို သေချာလေး ဆေးကြောသန့်စင်ပြီး ခြောက်သွေ့အောင် သုတ်ဖို့လည်း လိုပါမယ်။ အစိုဓာတ်ထိန်းခရင်မ် တစ်ခုခုကို လိမ်းဖို့လည်း လိုပါမယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *