သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် သဘာဝ သောက်စရာ (၅) မျိုး

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် သဘာဝ သောက်စရာ (၅) မျိုး
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် သဘာဝ သောက်စရာ (၅) မျိုး

သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေဖို့ နတ်ဆေးရယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် လက်တစ်ကမ်းမှာတင် ရှိနေတဲ့ အချို့သော သောက်စရာလေးတွေက သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် သဘာဝ သောက်စရာ (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် သဘာဝ သောက်စရာ (၅) မျိုး

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် သဘာဝ သောက်စရာ (၅) မျိုး ကတော့ – 

  • သောက်ရေ

ခန္ဓာကိုယ်မှာ ပါဝင်ဖွဲ့စည်းထားတဲ့ အများဆုံးသောအရာက ရေဓာတ်ပါ။ ဒါကြောင့် ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝ စေဖို့ အချိန်တိုင်းမှာ ဂရုစိုက်ဖို့ လိုပါမယ်။ အကြောင်းကတော့ ကိုယ်တွင်းမှာ ရေဓာတ်နည်းလာတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်စေပြီး စိတ်ဖိစီးတာကို ဖြစ်စေနိုင်တဲ့ ကော်တီစောဟော်မုန်းတွေ ထွက်ရှိစေဖို့ လှုံ့ဆော်ပါတယ်။ ဒီအခြေအနေကလည်း သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ 

ဒါကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ နေ့စဉ်တိုင်းမှာ ရေကို လုံလောက်အောင် သောက်ဖို့ လိုပါမယ်။

  • နွားနို့

နွားနို့ကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ သောက်စရာ တစ်ခုပါ။ နွားနို့က အဆာခံနိုင်စေပြီး ခဏခဏ စားမိနိုင်ခြေကနေ ကာကွယ်ပေးနိုင်သလို သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိချင်တယ်ဆိုရင် နွားနို့ကိုလည်း သောက်ဖို့ လိုပါမယ်။

  • လက်ဖက်စိမ်း ရေနွေးကြမ်း

လက်ဖက်စိမ်း ရေနွေးကြမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ကိုယ်တွင်း ရောင်ရမ်းမှု တွေကို ကျဆင်းစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ 

လက်ဖက်စိမ်းမှာ ပါတဲ့ သဘာဝဒြပ်ပေါင်းတစ်ရပ်ဖြစ်တဲ့ Catechinsကလည်း အင်ဆူလင် ထွက်ရှိမှု ကောင်းစေဖို့ လှုံ့ဆော်ပေးသလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်တိုင်းမှာ မလွန်မကျွံတဲ့ ပမာဏနဲ့ လက်ဖက်စိမ်းရေနွေးကြမ်းကို သောက်သုံးပေးလို့ ရပါမယ်။ 

  • ရေနွေးကြမ်း

ရေနွေးကြမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သလို ရောင်ရမ်းမှုတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ လေ့လာမှု တစ်ရပ်အရ သိရတာက တစ်နေ့ကို ရေနွေးကြမ်း ၁ ခွက်လောက် သောက်ပေးတာကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင် သလို ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ပျက်စီးတာမျိုး မဖြစ်စေဖို့နဲ့ နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့လည်း အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။

  • ခရမ်းချဉ်သီး ဖျော်ရည်

ခရမ်းချဉ်သီး ဖျော်ရည်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သလို တစ်နေ့ကို တစ်ခွက် သောက်ပေးရုံနဲ့ အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

ခရမ်းချဉ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ်ဖြစ်တဲ့ lycopene က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သလို ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ အရောင်ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

အချိုမပါတဲ့ သောက်စရာတွေနဲ့ သဘာဝ သစ်သီးဖျော်ရည်တွေက သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေဖို့ ထောက်ကူပေးနိုင်သလို ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် အခြားသော နည်းလမ်းများ

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ဖို့ အခုပြောခဲ့တဲ့ သောက်စရာတွေကို သောက်တာအပြင် အခုလို နေ့စဉ်နေထိုင်မှု အလေ့အထလေးတွေကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်တိုင်းမှာ – 

  • ကစီဓာတ်တွေကို အတိုင်းအချင့်နဲ့သာ စားပါ
  • အချိုစာတွေ လျှော့စားပါ
  • အမျှင်ဓာတ် များများ စားပေးပါ
  • အစားကို နည်းနည်းချင်းနဲ့ အကြိမ်ရေများများ စားပေးပါ
  • စိတ်ဖိစီးမှုကို ဖြေလျှော့ပါ
  • ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ
  • အသင့်စား၊ အမြန်စားတွေကို ရှောင်ပါ
  • လိုအပ်တဲ့ ဆေးစစ်ကုသမှုကို ခံယူပါ။

Lotoshinn ရဲ့ စကားလက်ဆောင်

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာက အမျိုးအစား – ၂ ဆီးချိုရောဂါ အပါအဝင် နာတာရှည် ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ လျှော့ချနိုင်သလို နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့လည်း ထောက်ကူပေး နိုင်ပါ တယ်။ ဒါကြောင့် နေ့စဉ်တိုင်းမှာ အာဟာရ ပြည့်ဝမျှတအောင် စားသုံးပြီး ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ကြဖို့ အကြံပြုလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *