အထိုင်များတာက ဘာကြောင့် ကျန်းမာရေးကို ထိခိုက်စေတာလဲ!

အထိုင်များတာက ဘာကြောင့် ကျန်းမာရေးကို ထိခိုက်စေတာလဲ!
အထိုင်များတာက ဘာကြောင့် ကျန်းမာရေးကို ထိခိုက်စေတာလဲ!

အခုနောက်ပိုင်းမှာ လူတော်တော်များများ အထူးသဖြင့် လူငယ်တိုင်းလိုလိုရဲ့ နေ့စဉ်ဘဝမှာ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်လာကြပါတယ်။ ဒီလို ပိုင်ဆိုင်လာတာကြောင့်ပဲ သက်လတ်ပိုင်းတွေမှာ နာတာရှည် ကျန်းမာရေးပြဿနာတွေ ဖြစ်လာကြတာပါ။ အထိုင်များတာက ကျန်းမာရေးကို ထိခိုက်စေတယ်လို့ သိကြပေမယ့် အထိုင်များတာက ဘာကြောင့် ကျန်းမာရေးကို ထိခိုက်စေတာလဲ! ဆိုတာကိုတော့ သိသူက တော်တော်လေး နည်းဦးမယ်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အထိုင်များတာက ဘာကြောင့် ကျန်းမာရေးကို ထိခိုက်စေသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

အထိုင်များတာက ဘာကြောင့် ကျန်းမာရေးကို ထိခိုက်စေတာလဲ!

ခန္ဓာကိုယ်က ကြွက်သားတွေကိုရော ဦးနှောက်ကိုပါ ကျန်းမာစေဖို့အတွက် နေ့စဉ်တိုင်းမှာ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ဆောင်ဖို့ လိုပါမယ်။ အများကြီး မဟုတ်ရင်တောင် တစ်နေ့ကို ၁၅ မိနစ်ကနေ နာရီဝက်လောက် လမ်းလျှောက်ပေးတာမျိုး လုပ်ဆောင်ပေးတာ၊ စက်ဘီးစီးတာ၊ ပြေးတာမျိုးပေါ့။ 

ဒီလို လုပ်ဆောင်ပေးတာက ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းလည်ပတ်မှုကို ကောင်းစေသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တကယ်လို့ လှုပ်ရှားမှု နည်းပြီး အထိုင်များနေတာက သွေးတွင်းအဆီ၊ သွေးတွင်းသကြားဓာတ်တွေကို မြင့်တက်စေပြီး ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေတာပါ။

အထိုင်များတာက ကျန်းမာရေးကို ဘယ်လိုထိခိုက်စေမလဲ!

အထိုင်များတဲ့ နေ့စဉ်ဘဝနေထိုင်မှုပုံစံက စိတ်ရောကိုယ်ပါ ကျန်းမာမှုအပေါ် အခုလိုတွေ ထိခိုက်စေနိုင်ပါတယ်။ 

  • နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်

အထိုင်များတာက ပုံမှန်ထက် နှလုံးရောဂါ ခံစားရနိုင်ခြေကို ၂ ဆ အထိမြင့်တက်စေနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းတာက သွေးထဲမှာ အဆီတွေစုပုံစေပြီး သွေးကြောတွေကို ကျဉ်းမြောင်းစေပြီး နှလုံးဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေတာကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ 

  • အသက်တိုစေနိုင်တယ်

နေ့စဉ်တိုင်းမှာ ကိုယ်လက်လှုပ်ရှားမှု မလုပ်ဘဲ အချိန်တော်တော်များများကို ထိုင်ရင်း ကုန်ဆုံးရတာက ရုပ်ပိုင်း ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ထိခိုက်စေပြီး အသက်တိုတာ၊ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ဖြစ်စေနိုင်ပါတယ်။ 

  • Dementia ဖြစ်နိုင်ခြေများတယ်

နေ့စဉ်တိုင်းမှာ အထိုင်များတာက နှလုံးရောဂါ ဖြစ်နိုင်ခြေကို များစေသလို ဆီးချိုရောဂါ၊ လေဖြတ်တာ၊ သွေးတိုးတာ၊ သွေးတွင်းအဆီများတာတွေကို ဖြစ်စေနိုင်ပြီး ဦးနှောက်စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်သလို Dementia ဖြစ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ 

  • ဆီးချိုဖြစ်နိုင်ခြေ များစေတယ်

တစ်နေ့တာမှာ အထိုင်များတာက ကယ်လ်လိုရီလောင်ကျွမ်းမှု နည်းစေပြီး သွေးတွင်းအဆီနဲ့ သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေသလို ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း များစေနိုင်ပါတယ်။ ကိုယ်တွင်းရဲ့ အင်ဆူလင် တုံ့ပြန်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ 

အထိုင်များတာက ဘာကြောင့် ကျန်းမာရေးကို ထိခိုက်စေတာလဲ!
အထိုင်များတာက ဘာကြောင့် ကျန်းမာရေးကို ထိခိုက်စေတာလဲ!
  • ခြေထောက်သွေးခဲတာကို ဖြစ်စေနိုင်တယ်

အချိန်ကြာမြင့်စွာ ထိုင်နေရတာက ကာလရှည်ကြာ ထိုင်နေရာတွေက ခြေထောက်သွေးကြောတွေထဲမှာ သွေးခဲပိတ်ဆို့တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒီသွေးခဲလေးက အဆုတ်သွေးကြောထဲမှာ ပိတ်ဆို့တာမျိုးဖြစ်စေပြီး ရောင်ရမ်းနာကျင်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ 

  • ကိုယ်အလေးချိန် တက်စေနိုင်တယ်

နေ့တိုင်းလိုလိုမှာ အထိုင်များတာက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များစေတာ၊ အဝလွန်တာ၊ ဝိတ်တက်တာ တွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အဝမလွန်စေဖို့ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ဖို့ လိုပါမယ်။ 

  • စိတ်ပူပန်မှု တိုးစေနိုင်တယ်

အထိုင်များတာက စိတ်ဖိစီးမှုကို ဖြစ်စေနိုင်သလို စိတ်ပူပန်မှုကို တိုးစေနိုင်ပါတယ်။ အထိုင်များတာက စိတ်ဓာတ်ကျတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ကင်းစေဖို့ဆိုရင် အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲဖို့ လိုပါမယ်။

  • ခါးနာစေနိုင်တယ်

ပုံစံမမှန်ဘဲ အထိုင်များနေတာက နောက်ကျောနဲ့ ခါးပိုင်းတွေကို နာကျင်စေပြီး ကြွက်သားတွေ တောင့်တင်းတာ၊ ကျောရိုးဆစ်တွေ နာကျင်တာ၊ လည်ပင်းတဝိုက်နဲ့ ဇက်ကြောတွေ တောင့်တင်းနာကျင်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခါးထိခိုက်တာမျိုး မဖြစ်စေဖို့ ပုံစံမှန်မှန်ဗလး ထိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ဆောင်ပါ။ 

  • ကင်ဆာဖြစ်နိုင်ခြေ များစေတယ်

အထိုင်များတာက အူမကြီးကင်ဆာ၊ သားအိမ်အတွင်းနံရံမှာ ကင်ဆာဖြစ်တာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာလိုမျိုး ကင်ဆာတွေ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

အထိုင်များတာက နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာထက် ပိုနေပြီဆိုရင်တော့ သတိလေးထားပြီး နာရီဝက်ခြား တစ်ခါလောက် လမ်းထလျှောက်တာ၊ အကြောလျှော့တာ၊ နေ့စဉ်ပုံမှန် နာရီဝက်ထက်မနည်း ကိုယ်လက်လှုပ်ရှားမှု လုပ်တာမျိုးတွေ လုပ်ဆောင်ပေးပြီး အာဟာရနဲ့ ညီညွတ်မျှတအောင် စားသုံးပေးဖို့လည်း လိုပါမယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *