ရှားစောင်းလက်ပပ် ဆံသားကို ကျန်းမာစေသလား!

ရှားစောင်းလက်ပပ် ဆံသားကို ကျန်းမာစေသလား!
ရှားစောင်းလက်ပပ် ဆံသားကို ကျန်းမာစေသလား!

ဆံသားဆိုတာက လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။ ဒါကြောင့်လည်း ဆံသားကျန်းမာရေးကို တော်တော် များများက ဂရုစိုက်ကြတာပါ။ ဒါကြောင့် ဆံသားကျန်းမာစေဖို့ နေ့စဉ်ဘဝနေထိုင်မှုမှာ အာဟာရပြည့်ဝအောင် စားသောက်ပေးဖို့ လိုသလို ဆံသားကိုလည်း သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက် မှာတော့ ဆံသားကျန်းမာစေမယ့် သဘာဝပစ္စည်း တစ်မျိုး ဖြစ်တဲ့ ရှားစောင်းလက်ပပ်ရဲ့  ကောင်းကျိုးလေးတွေ ကို ပြောပြပေးချင်ပါတယ်။ 

ရှားစောင်းလက်ပပ် ဆံသားကို ကျန်းမာစေသလား!

ရှားစောင်းလက်ပပ် ဆံသားကို ကျန်းမာစေသလား! ဆိုတော့ ရှားစောင်းလက်ပပ်က ဆံပင်ကို သန်စွမ်းစေသလို ဆံပင်အမြစ်တွေကိုလည်း အားဖြည့်ပေးနိုင်သလို ဦးရေပြားကိုလည်း အစိုဓာတ်ထိန်းပေးနိုင်ပါသေးတယ်။ အကြောင်းကတော့ ရှားစောင်းလက်ပပ်မှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ အင်ဇိုင်းတွေ အများကြီး ပါဝင်နေပါတယ်။ ဒါကြောင့်ပဲ ရှားစောင်းလက်ပပ်က ဆံသားကို ကျန်းမာစေပါတယ်။

ရှားစောင်းလက်ပပ်က ဆံသားကျန်းမာစေဖို့အတွက် အခုလို ထောက်ကူပေးပါတယ်။

  • ဆံသားနဲ့ ဦးရေပြား ကျန်းမာစေတယ်

ရှားစောင်းလက်ပပ်က အရောင်ကျစေနိုင်သလို ဦးရေပြား ယားယံတာ၊ ကျိန်းစပ်တာတွေကို သက်သာစေပြီး ဦးရေပြားကို အစိုဓာတ်ထိန်းပေးပြီး ဦးရေပြား ခြောက်သွေ့တာကို သက်သာစေနိုင်ပါတယ်။ 

  • ဆံပင်သန်စေနိုင်တယ်

ရှားစောင်းလက်ပပ်က ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် Eဆံပင်တွေကို ဆံသားအရင်းကနေ အဖျားအထိ သန်မာစေနိုင်ပါတယ်။ ဆံပင်ကျွတ်တာကို သက်သာစေနိုင်သလို ဆံပင်အသစ်တွေ ထွက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

  • ဗောက်သက်သာစေနိုင်တယ်

ရှားစောင်းလက်ပပ်က ဗောက်ပျောက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဦးရေပြားကို အစိုဓာတ် ထိန်းပေးနိုင်တဲ့ ရှားစောင်းလက်ပပ်က ဦးရေပြားကို အေးမြစေနိုင်သလို ဗောက်သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

  • နေရောင်ကြောင့် ဆံသားပျက်စီးတာကို သက်သာစေနိုင်တယ်

ရှားစောင်းလက်ပပ်က ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဆံသားခြောက်သွေ့တာ၊ ဆံသားပျက်စီး တာတွေကို သက်သာစေနိုင်သလို ဆံသားတွေကို နေရောင်ကြောင့် ထိခိုက်ပျက်စီးခြင်းကနေလည်း ကာကွယ်ပေးပါတယ်။ 

  • ဦးရေပြားရဲ့ pH ကိုထိန်းညှိပေးနိုင်ပါတယ်

ရှားစောင်းလက်ပပ်က ဦးရေပြားရဲ့ pHကို ထိန်းညှိပေးနိုင်ပြီး ဆံသားနဲ့ ဦးရေပြား ကျန်းမာစေဖို့ရော ဆံပင်အသစ်တွေ ထွက်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ 

  • ဆံသားပျက်စီးတာကို ကာကွယ်ပေးတယ်

ဆံသားနဲ့ ဦးရေပြားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင်တွေနဲ့ ရေဓာတ်ပြည့်ဝစွာ ပါဝင်နေတဲ့ ရှားစောင်းလက်ပပ်က လေထုညစ်ညမ်းမှုနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့် ဆံသားပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။ 

ရှားစောင်းလက်ပပ်က ဆံသားနဲ့ ဦးရေပြားကို ကျန်းမာစေနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ကို ဦးရေပြားနဲ့ ဆံသားပေါ်မှာ တိုက်ရိုက်အသုံးပြုပေးလို့ ရပါတယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ရှားစောင်းလက်ပပ်ကို အစေးထုတ်ပြီး အတွင်းက ဂျယ်လီသားကို ဦးရေပြားနဲ့ ဆံသားကို တိုက်ရိုက်အသုံးပြု ပေးပြီး ၁၅ မိနစ်လောက် ထားလို့ ခပ်ပျော့ပျော့ ခေါင်းလျှော်ရည်နဲ့ လျှော်ချပေးလို့ ရသလို ရေနဲ့ စင်စင်လေး ဆေးချပေးလို့လည်း ရပါတယ်။ 

 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *