ကြက်မောက်သီး ကျန်းမာရေး အာနိသင်

ကြက်မောက်သီးရဲ့ ကျန်းမာရေး အာနိသင်
ကြက်မောက်သီးရဲ့ ကျန်းမာရေး အာနိသင်

နီနီရဲရဲ အသွင်အပြင်ဆန်းဆန်းလေးနဲ့ ကြက်မောက်သီးကို ကလေးတွေရော လူကြီးတွေပါ နှစ်သက်ကြပါတယ်။ ဒီလို စားလို့ကောင်းတဲ့ ကြက်မောက်သီးက စားကောင်းရုံ အမြင်အားဖြင့် ဆွဲဆောင်မှု ရှိရုံတင် မဟုတ်ဘဲ ကျန်းမာရေး အကျိုးအာနိသင် ကောင်းလေးတွေလည်း ရှိပါတယ်တဲ့။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကြက်မောက်သီး ကျန်းမာရေးအာနိသင်လေးအကြောင်းကို မျှဝေပေးသွားချင်ပါတယ်။

ကြက်မောက်သီး အာဟာရပြည့်ဝသလား!

အရသာချိုချိုနဲ့ အသားကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတဲ့ ကြက်မောက်သီးမှာ ကယ်လ်လိုရီ၊ ကစီဓာတ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်တို့ ပါဝင်နေပါတယ်။ 

ဒါတွေအပြင် ရေဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ 

ကြက်မောက်သီးရဲ့ ကျန်းမာရေး အာနိသင်
ကြက်မောက်သီးရဲ့ ကျန်းမာရေး အာနိသင်

ကြက်မောက်သီး ကျန်းမာရေး အာနိသင်

ကြက်မောက်သီး စားရင်း ရရှိမယ့် ကျန်းမာရေး အာနိသင်တွေကတော့ – 

  • အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ်

ကြက်မောက်သီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို ဝမ်းမှန်စေပြီး အစာချေဖျက်မှုကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ အူတွင်းအကျိုးပြု ဘက်တီးရီးယားတွေ တိုးစေဖို့လည်း ထောက်ကူပေးပါသေးတယ်။

  • ကိုယ်ခံအားကောင်းစေတယ်

ဗီတာမင် C ကြွယ်ဝစေပြီး အာဟာရစုပ်ယူမှုကောင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတဲ့ ကြက်မောက်သီးက ကိုယ်ခံအားကောင်းစေပြီး ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေ ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးနိုင်သလို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ 

  • ကိုယ်အလေးချိန်ထိန်းပေးတယ်

ကယ်လ်လိုရီပါဝင်မှု နည်းပြီး ရေဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာက အဆာခံနိုင်စေပြီး မလိုအပ်ဘဲ အစားတွေ စားမိနိုင်ခြေကို လျှော့ချပေးနိုင်သလို ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

  • နှလုံးကျန်းမာစေတယ်

ပိုတက်ဆီယမ် ပါဝင်နေတဲ့ ကြက်မောက်သီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်သလို သွေးတွင်းအဆီကိုလည်း ကျစေနိုင်ပါတယ်။ ဒီအချက်တွေက နှလုံးကို လုပ်ဆောင်မှုတွေကို ဝန်ကင်းကင်းနဲ့ လုပ်ဆောင်နိုင်စေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်

ကြက်မောက်သီးမှာ ဗီတာမင် C လိုမျိုး ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကင်ဆာအပါအဝင် နာတာရှည် ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ 

  • အသားအရေ ကျန်းမာစေတယ်

ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကလည်း အသားအရေကို ကျန်းမာစေပြီး အစိုဓာတ်ကို ထိန်းပေးသလို အသားအရေ တင်းရင်းနုပျိုစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း လျှော့ချပေးနိုင်ပါတယ်။

  • အရိုးတွေကျန်းမာစေတယ်

ကြက်မောက်သီးမှာ အရိုးတွေအတွက် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးဖြစ်တဲ့ ကယ်လ်ဆီယမ်ပါဝင်နေသလို ဖော့စဖရပ်စ်နဲ့ သံဓာတ်တွေ ပါဝင်နေတာကြောင့်လည်း အရိုးတွေ သန်မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

ဘေးထွက်ဆိုးကျိုးတွေ ရှိလား!

ကြက်မောက်သီးက အတန်အသင့်ပဲ စားရင် ကျန်းမာရေးကို ထောက်ကူပေးနိုင်တယ်ဆိုပေမယ့် အများကြီး စားမယ်ဆို ရင်တော့ ကျန်းမာရေး ထိခိုက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ရောဂါအခံ တစ်ခုခု ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားတာမျိုးက အကောင်းဆုံးပါ။

Lotoshinn ရဲ့ စကားလက်ဆောင်

ကြက်မောက်သီးက ကျန်းမာရေးအတွက် ကောင်းကျိုး ရှိတယ်ဆိုပေမယ့် အလွန်အကျွံ မစားဖို့ လိုပါမယ်။ နောက်တစ်ချက်က သွေးကျဆေးသောက်နေရတာမျိုးဆိုရင် ဆေးနဲ့အတူ တွဲပြီး စားတာမျိုး မလုပ်ဖို့လည်း အကြံပြုချင်ပါတယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *