ဝမ်းချုပ်လို့ စအိုနာရင် ဘယ်လို သက်သာစေမလဲ!

ဝမ်းချုပ်လို့ စအိုနာရင် ဘယ်လို သက်သာစေမလဲ!
ဝမ်းချုပ်လို့ စအိုနာရင် ဘယ်လို သက်သာစေမလဲ!

ဝမ်းချုပ်တယ်။ အရမ်းကို ဝမ်းသွားရခက်တယ်။ ဒါပေမယ့် ဝမ်းသွားချင်တဲ့စိတ်လည်း ရှိနေတာကြောင့် ဝမ်းကို အတင်းညှစ်သွားရင်းက စအိုက အသေးစားကွဲသွားတာမျိုး။ နာကျင်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒီလိုနာကျင်တာက အတော်လေး ခံရခက်ပြီး နေရထိုင်ရအီမသာဖြစ်စေတာတော့ အမှန်ပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဒီလိုမျိုး ဝမ်းချုပ်လို့ စအိုနာရင် ဘယ်လို သက်သာစေမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။

ဝမ်းချုပ်လို့ စအိုနာရင် ဘယ်လို သက်သာစေမလဲ!

ဝမ်းချုပ်လို့ စအိုနာရင် သက်သာစေဖို့ အခုလို အိမ်တွင်းကုထုံးလေးတွေနဲ့ ကုသလို့ ရပါတယ်။ 

  • ရေနွေးနဲ့ ရေချိုးပါ

ရေနွေးနဲ့ ရေချိုးတာ နာကျင်နေတဲ့နေရာကို ရေနွေးနဲ့ဆေးကြောပေးတာ၊ ရေနွေးစိမ်တာတွေကို လုပ်ဆောင်ပေး တာကလည်း  ဝမ်းချုပ်တာကြောင့် စအိုနာတာကို သက်သာစေနိုင်ပါတယ်။ တစ်ကြိမ်ကို ကြာချိန် ၁၅ မိနစ် ကနေ မိနစ် ၂၀ အထိ တစ်နေ့ကို ၃ ကြိမ် ကနေ ၅ ကြိမ်လောက်အထိ စိမ်ပေးပါ။

  • ရေခဲကပ်ပါ

ရေခဲဝတ်ကပ်တာ၊ ရေခဲကပ်တာကလည်း ဝမ်းချုပ်တာကြောင့် စအိုနာတာကို သက်သာစေနိုင်ပါတယ်။ တဘက်စသန့်သန့်လေးထဲကို ရေခဲတုံးလေးတွေ ထည့်ပြီး နာကျင်တဲ့နေရာကို တစ်ကြိမ်ကို မိနစ် ၂၀ လောက်အထိ တစ်နေ့ကို ၃ ကြိမ် ကနေ ၅ ကြိမ်လောက် ကပ်ပေးပါ။ ၂ နာရီခြား တစ်ခါ ၃ နာရီခြား တစ်ခါ ကပ်ပေးလို့ ရပါတယ်။ 

  • အကိုက်အခဲပျောက်ဆေး သောက်ပေးပါ

ဝမ်းချုပ်တာကြောင့် စအိုနာတာကို သက်သာစေဖို့ဆိုရင်တော့ အကိုက်အခဲပျောက်ဆေးကို သောက်ပေးလို့ ရပါတယ်။ အကိုက်အခဲပျောက်ဆေးကို သောက်တယ်ဆိုတဲ့ နေရာမှာလည်း သွေးထွက်နေတာမျိုး ရှိမယ်ဆိုရင် ibuprofenကို မသောက်သင့်ပါဘူး။

  • ဆေးလိမ်းပေးပါ

ဝမ်းချုပ်တာကြောင့်  စအိုနာတာကို သက်သာစေဖို့ဆိုရင်တော့ အနာသက်သာစေမယ့် ခရင်မ်တစ်မျိုးမျိုးကို တစ်နေ့ကို ၃ ကြိမ်လောက် လိမ်းပေးလို့ ရပါတယ်။ 

  • သေချာလေး သန့်စင်ပေးပါ

ဝမ်းချုပ်တာကြောင့် စအိုနာကျင်နေတာမျိုးကို ခံစားနေရချိန်မှာ နာကျင်မှုကို သက်သာစေဖို့နဲ့ ပိုးဝင်ပြီး ခံစားနေရတဲ့ နာကျင်မှုကို ပိုဆိုးမသွားစေဖို့အတွက် စအိုတဝိုက်ကို ရေနွေးနွေးလေး ဂွမ်းစလေးသုံးပြီး သေချာလေး သန့်စင်ပေးပါ။

ဘယ်လိုအခြေအနေဆို ဆရာဝန်နဲ့ ပြသဖို့ လိုမလဲ!

နာကျင်နေတာကို သက်သာစေဖို့အတွက် အပေါ်မှာပြောခဲ့တဲ့ အိမ်တွင်းကုထုံးတွေကို အသုံးပြု လိုက်နာ နေပေမယ့်လည်း မသက်သာဘဲ ပိုဆိုးလာတာမျိုး ဖြစ်မယ်၊ စအိုက ကြီးကြီးမားမား ကွဲသွားတာမျိုးဖြစ်မယ် ဆိုရင်တော့ တတ်ကျွမ်းနားလည်သူတွေနဲ့ ကုသမှု ခံယူဖို့ လိုပါမယ်။ 

Lotoshinn ရဲ့စကားလက်ဆောင်

ဝမ်းချုပ်တာက စအိုနာကျင်တာအပြင် မလိုအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာ ကြောင့် ဝမ်းချုပ်မှုကို မဖြစ်အောင် ကာကွယ်တာကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ရပ်ပါပဲ။ ဒါကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ။ ရေပြည့်ပြည့်ဝဝသောက်ပါ။ ဝမ်းသွာဒးချင်လာတဲ့အခါ အောင့်ထားတာမျိုး မလုပ်ပါနဲ့။ အထိုင်များတဲ့နေ့စဉ်နေထိုင်မှုပုံစံကို ပြင်ဆင်ပြီး ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ရှိအောင် ဂရုစိုက်ပေးဖို့ အကြံပြုချင်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *