အသည်းမကောင်းလို့ ဝမ်းချုပ်တာဆိုရင် ဘယ်လိုတွေ ခံစားရနိုင်လဲ

အသည်းမကောင်းလို့ ဝမ်းချုပ်တာဆိုရင် ဘယ်လိုတွေ ခံစားရနိုင်လဲ
အသည်းမကောင်းလို့ ဝမ်းချုပ်တာဆိုရင် ဘယ်လိုတွေ ခံစားရနိုင်လဲ

ဝမ်းချုပ်တာက ရေသောက်နည်းလို့ ကောက်ညှင်းလိုမျိုး စေးကပ်တဲ့ အစားအစာတွေကို စားလို့ စသဖြင့် အရပ်ထဲမှာ အမျိုးမျိုးပြောကြပေမယ့် ဒါက လုံးဝကြီးမှန်တယ်လို့တော့ဆိုလို့ မရပါဘူး။ ဝမ်းချုပ်တာက နေထိုင်စားသောက်မှုကြောင့် ဖြစ်နိုင်သလို အစာအိမ်အူလမ်းကြောင်းစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုခု ပုံမှန် အလုပ်မလုပ်နိုင်တာ မကျန်းမာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကိုယ်တိုင်ရဲ့ ဝမ်းချုပ်ရခြင်း အကြောင်းရင်းခံက ဘာကြောင့်လဲ ဆိုတာကို အဖြေထုတ် သိရှိနိုင်စေဖို့အတွက် အသည်းမကောင်းလို့ ဝမ်းချုပ်တာဆိုရင် ဘယ်လိုတွေ ခံစားရနိုင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ 

အသည်းမကောင်းလို့ ဝမ်းချုပ်တာဆိုရင် ဘယ်လိုတွေ ခံစားရနိုင်လဲ

အသည်း ကျန်းမာရေး မကောင်းတာ၊ လုပ်ဆောင်မှုတွေ ကောင်းကောင်းမလုပ်ဆောင်နိုင်ခြင်းရဲ့ လက္ခဏာ တစ်ရပ်အနေနဲ့လည်း ဝမ်းချုပ်တာကို ခံစားရနိုင်ပါတယ်။ ဝမ်းချုပ်တာနဲ့အတူ လေတွေပွနေတာ၊ ဗိုက်အောင့်တာ၊ ဝမ်းပုံမှန် မသွားတာ၊ ဝမ်းတွေက မာလွန်းနေတာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။ ဒီအခြေအနေလေးတွေကို ခံစားနေရကြောင်း ဘယ်လို သိရှိနိုင်မလဲဆိုတော့ – 

  • ဗိုက်အောင့်တာ 

အသည်းက စွမ်းဆောင်ရည် ကျဆင်းလာချိန်မှာ ဗိုက်ထဲမှာ လေတွစုလာတာ၊ အဆိပ်အတောက်တွေ စုလာတာမျိုးဖြစ်စေပြီး ဗိုက်ထဲက အောင့်တာမျိုး၊ လေထိုးသလို ပြင်းပြင်းထန်ထန် အောင့်တာမျိုးကို ခံစားရနိုင်ပါတယ်။ 

  • ဝမ်းပုံမှန်မသွားတာ၊ ဝမ်းတွေ မာလွန်းတာ 

ဝမ်းချုပ်တာရဲ့ အမြင်သာဆုံး လက္ခဏာ တစ်ရပ်ဖြစ်ပြီး အသည်းရောဂါ ခံစားနေရချိန်မှာ ဝမ်းက ပုံမှန်မသွားတော့ဘဲ ၃ – ၄ ရက်ကြာမှ တစ်ခါလောက် ဝမ်းသွားတာ၊ ဝမ်းသွားတဲ့အခါမှာလည်း ဝမ်းတွေက မာနေတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ 

  • အမြဲလိုလို ဗိုက်ပြည့်နေပြီး အစားစားချင်စိတ် မရှိတာ 

အသည်းမကောင်းတဲ့အခါ အူမကြီးထဲမှာ အစာဟောင်းတွေ စုပုံနေပြီး အစာအိမ်အူလမ်းကြောင်းထဲမှာ နေရာလပ်မကျန်တဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့် အမြဲလိုလို ပြည့်အင့်သလို ခံစားရပြီး အစားစားချင်စိတ် မရှိတာမျိုးကို ခံစားရနိုင်ပါတယ်။ 

  • မအီမသာဖြစ်တာ

အသည်းက စွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ အဆိပ်အတောက်တွေကို မဖြိုခွဲနိုင်တော့တာကြောင့် နေရထိုင်ရတာ မအီမသာဖြစ်တာ။ ခြေကုန်လက်ပမ်းကျတာ၊ အမြဲလိုလို ပင်ပန်းနေတာမျိုးကို ခံစားရနိုင်ပါတယ်။ 

  • အသားဝါတာ

အသည်းက ပုံမှန်အတိုင်း မလုပ်ဆောင်နိုင်တဲ့အခါ ကိုယ်တွင်းမှာ (အထူးသဖြင့် သွေးထဲမှာ)  bilirubinတွေ စုပုံလာပြီး အသားတွေဝါတာ၊ မျက်ဖြူသားတွေ ဝါလာတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ 

  • ရေဖျဉ်းစွဲတာ

ဝမ်းဗိုက်ပိုင်းက အမြှေးပါးလေးတွေထဲမှာ အရည်တွေစုပုံနေပြီ ဗိုက်က အရည်တွေနဲ့ ပြည့်နှက်စုပုံလာတာ ကြောင့် ဗိုက်ကြီးက တအားပူလာတာမျိုး ခံစားရနိုင်ပါတယ်။ လက္ခဏာက ပြင်းထန်မယ်ဆိုရင်တော့ ဝမ်းချုပ်တာကိုပါ ခံစားရနိုင်ပါတယ်။ 

ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသမလဲ!

ဝမ်းချုပ်တာက ၃ ပတ်ထက်ကျော်နေပြီး စအိုကနေ သွေးကျတာ အပါအဝင် အခြားပြင်းထန်တဲ့ လက္ခဏာတွေကိုပါ ခံစားနေရမယ်။ အမြဲလိုလို ပင်ပန်းနေမယ်၊ ဗိုက်က ဖောင်းနေမယ်ဆိုရင်တော့ တတ်ကျွမ်း နားလည်သူနဲ့ အမြန်ဆုံးပြသဖို့ လိုပါမယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

အသည်းဆိုတာက ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်သလို မနားမနေ အလုပ်လုပ်နေရတဲ့ အစိတ်အပိုင်းလေးပါ။ ဒါကြောင့် နေ့စဉ်တိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာ၊ အိပ်ရေးဝဝအိပ်တာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ အမြန်စား အသင့်စားတွေကို ရှောင်တာ၊ ရေလုံလောက်အောင် သောက်တာ၊ ဆေးတွေကို မလိုဘဲ မသောက်တာ၊ ကာကွယ်ဆေးတွေ ထိုးနှံပြီး အသည်းရောင်အသားဝါပိုးတွေကို ကာကွယ်တာတွေ လုပ်ဖို့ အကြံပြုလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *