မယ်ဇလီဖူး ကျန်းမာရေး ကောင်းစေသလား!

မယ်ဇလီဖူး ကျန်းမာရေး ကောင်းစေသလား!
မယ်ဇလီဖူး ကျန်းမာရေး ကောင်းစေသလား!

မယ်ဇလီဖူးလို့ ပြောလိုက်ရင် တန်ဆောင်မုန်းမှလပြည့်နေ့နဲ့ တွဲပြီး မြင်ကြမယ် ထင်ပါတယ်နော်။ မယ်ဇလီဖူးကို ဆေးပေါင်းခဖို့ ဆိုပြီး လပြည့်နေ့မှာ သုပ်စားကြလေ့ ရှိပါတယ်။ ငယ်ငယ်ကဆိုရင်လည်း တန်ဆောင်တိုင် ပိတ်ရက် အဖွားအိမ်ကို သွားလည်တဲ့အခါမျိုးမှာ နည်းနည်းလောက်ဖြစ်ဖြစ် ဆေးဖက်ဝင်အောင် စားပါဆိုပြီး ခွံကျွေးတာကို စားဖူးကြမှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဆေးပေါင်းခဖို့ဆိုပြီး စားကြတဲ့ မယ်ဇလီဖူးက တကယ်ပဲ ဆေးဖက်ဝင်ရဲ့လားဆိုတာကို ပြောပြပေးချင်ပါတယ်။

မယ်ဇလီဖူး ဆိုတာ

မယ်ဇလီဖူးဆိုတာက မယ်ဇလီပင်ရဲ့ အဖူးလေးတွေပါ။ အရောင်က အစိမ်းရောင်လေးဖြစ်ပြီး အဖူးလေးတွေ ပြူထွက်လာချိန်မှာ ဝါဝါလေးတွေနဲ့ အမြင်လည်း အတော်လည်း လှပါတယ်။ အရသာက ခါးသက်သက်လေး ဖြစ်ပေမယ့် ဆေးဖက်ဝင်တဲ့ အာနိသင်တော့ ရှိပါတယ်။ 

တန်ဆောင်မုန်းလပြည့်နေ့မှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူးမှာ ကျန်းမာရေးအတွက် ထောက်ကူပေး နိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ ကလိုရိုဖီး၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ နီကာဆင်၊ ဘိုင်အိုတင်၊ ဖောလစ်အက်ဆစ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်၊ ပိုတက်ဆီယမ်၊ ​ဗီတာမင် C၊ ​ဗီတာမင် D၊ ​ဗီတာမင် E၊ ​ဗီတာမင် K တို့ပါဝင်နေပါတယ်။ 

မယ်ဇလီဖူးကို ပြုတ်ပြီး တို့စားလို့ ရသလို ကြက်သွန်နီဆီချက်၊ မြေပဲ၊ ပုစွန်​ခြောက်တွေကိုထောင်းပြီး ကြက်သွန်နီ ပါးပါးလှီးတို့နဲ့ တွဲဖက်ပြီးတော့လည်း သုပ်စားလို့ ရပါတယ်။ ဝမ်းနှုတ်ဆေးတွေထဲမှာ ထည့်သုံးတာမျိုးလည်း ရှိပါတယ်။

မယ်ဇလီဖူး ကျန်းမာရေး ကောင်းစေသလား!

မယ်ဇလီဖူး ကျန်းမာရေးကောင်းစေသလား ဆိုတော့ အခုလိုမျိုး ကျန်းမာရေးကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ 

  • သွေးချို ထိန်းညှိပေးတယ်

မယ်ဇလီဖူးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို ရှိသူတွေအတွက် သင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ဆီးချိုဖြစ်နိုင်ခြေကိုလည်း အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။

  • ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တယ်

မယ်ဇလီဖူးမှာပါတဲ့ saponins လို့ခေါ်တဲ့ သဘာဝဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။ အစာအိမ်အူလမ်းကြောင်းအတွင်းက ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

  • ဆီးပိုးဝင်တာကို သက်သာစေနိုင်တယ်

အမျိုးသမီးလေးတွေမှာ အဖြစ်များတဲ့ ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေဖို့အတွက်လည်း မယ်ဇလီဖူးကို အသုံးပြုပေးလို့ ရပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ 

မယ်ဇလီဖူး ကျန်းမာရေး ကောင်းစေသလား!
မယ်ဇလီဖူး ကျန်းမာရေး ကောင်းစေသလား!
  • ဝမ်းမှန်စေတယ်

ဝမ်းနှုတ်ဆေးမှာ ထည့်သွင်းအသုံးပြုကြတဲ့ မယ်ဇလီဖူးကို ဝမ်းမှန်စေဖို့ စားပေးလို့ ရပါတယ်။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်မှုကို သက်သာစေဖို့ရော နေ့စဉ်တိုင်းမှာ ဝမ်းမှန်စေဖို့ပါ ထောက်ကူ ပေးနိုင်ပါတယ်။ 

  • ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာစေတယ်

မယ်ဇလီပင်ရဲ့ နောက်ထပ်အာနိသင်တစ်ခုကတော့ ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာစေတာပါ။ နောက်ထပ်အားသာချက်တစ်ခုကတော့ ရာသီသွေးမှန်စေတာပါ။ ဒါကြောင့် လစဉ်ရာသီသွေးမှန်စေဖို့ရော ရာသီလာစဉ်နာကျင်ကိုက်ခဲမှု သက်သာစေဖို့ပါ မယ်ဇလီဖူးကို စားပေးလို့ ရပါတယ်။ 

  • သွေးတွင်းအဆီကျစေနိုင်တယ်

မယ်ဇလီဖူးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဝိတ်ကျချင်သူတိုင်း စားပေးသင့်ပါတယ်။ အခြောက်ခံပြီး ရေနွေးနဲ့ စိမ်သောက်ပေးလို့လည်း ရပါတယ်။

  • အသားအရေ ကျန်းမာစေတယ်

အသားအရေ ကျန်းမာစေဖို့ဖြစ်ဖြစ် အရေပြားပေါ်မှာ ဖြစ်တဲ့ အမာရွတ်တွေ၊ အမဲစက်တွေနဲ့ သက်သာစေဖို့ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကို လျော့ပါးသက်သာစေဖို့လည်း မယ်ဇလီဖူးကို အသုံးပြုပေးလို့ ရပါတယ်။ အသားအရေ ကျန်းမာစေဖို့ မယ်ဇလီဖူးကို စားပေးလို့ ရသလို အခြောက်ခံပြီး အမှုန့်လုပ်လို့ ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး လိမ်းပေးလို့ ရပါတယ်။

  • ကိုယ်နံ့ဆိုး ကင်းစေတယ်

ချွေးနံ့နဲ့ ကိုယ်နံ့ဆိုးတွေ ကင်းစေဖို့ဆိုရင်လည်း မယ်ဇလီဖူးကို စားပေးလို့ ရပါတယ်။ အကြောင်းကတော့ မယ်ဇလီဖူးက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်နံ့ဆိုးကင်းတာကို သက်သာစေနိုင်ပါတယ်။ 

ဘာတွေ သတိထားရမလဲ!

မယ်ဇလီဖူးကို လူတိုင်း စားလို့ ရပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။ အလွန်အကျွံ စားမယ်ဆိုရင် ဝမ်းသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရှိနေသူတွေလည်း အများကြီး စားတာမျိုး မလုပ်ပါနဲ့။

ဘယ်သူတွေ မစားသင့်ဘူးလဲ! 

မယ်ဇလီဖူးက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ရောဂါတစ်ခုခု ရှိတာကြောင့် ဆေးသောက်နေရသူတွေ၊ နာတာရှည် ရောဂါအခံ ရှိသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ၊ ကလေးတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

မယ်ဇလီဖူးက ကျန်းမာရေးအတွက် ကောင်းကျိုး ရှိတယ်ဆိုပေမယ့် အလွန်အကျွံ မစားဖို့ လိုပါမယ်။ နောက်တစ်ချက်က ဆီးချိုဆေးသောက်နေရတာမျိုးဆိုရင် ဆေးနဲ့အတူ တွဲပြီး စားတာမျိုး မလုပ်ဖို့လည်း အကြံပြုချင်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *