လေဒီလေးတွေ အရက်သောက်ရင် ဘာဖြစ်နိုင်လဲ!

လေဒီလေးတွေ အရက်သောက်ရင် ဘာဖြစ်နိုင်လဲ!
လေဒီလေးတွေ အရက်သောက်ရင် ဘာဖြစ်နိုင်လဲ!

အရင်တုန်းကတော့ အမျိုးသမီးလေးတွေ အရက်သောက်တာ ဘီယာသောက်တာတွေကို သိပ်မတွေ့ရသလို ဒီအလေ့အထတွေက အမျိုးသမီးတွေနဲ့ မအပ်စပ်ဘူးလို့ တွေးကြတာကြောင့်လည်း လေဒီလေးတွေ အရက်သောက်တာကို သိပ်မတွေ့ရသလောက်ကို ရှားပါတယ်။ အခုနောက်ပိုင်းမှာတော့ အမျိုးသမီးလေးတွေ မှာလည်း အားလုံးမဟုတ်ပေမယ့် အချို့တွေက ဘီယာ၊ အရက်နဲ့ အယ်လ်ကိုဟော ပါဝင်နေတဲ့ သောက်စရာ အမျိုးမျိုးကို သောက်သုံးလာကြတာတွေ တွေ့လာရပါတယ်။ ဒါကြောင့် အခုတစ်ခေါက်တော့ လေဒီလေးတွေ အရက်သောက်ရင် ဘာဖြစ်နိုင်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

လေဒီလေးတွေ အရက်သောက်ရင် ဘာဖြစ်နိုင်လဲ!

လေဒီလေးတွေ အရက်သောက်ရင် ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ အများကြီးပါ။ နာတာရှည်ရောဂါတွေကစလို့ ကင်ဆာအထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ကဲ… အရက်သောက်သုံးမှုက လေဒီလေးတွေရဲ့ ကျန်းမာရေးကို ဘယ်လိုတွေ ထိခိုက်စေမလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

အရက်သောက်သုံးတာက လေဒီလေးတွေကို 

  • ကင်ဆာဖြစ်နိုင်ခြေ တိုးစေနိုင်တယ်

အရက်သောက်သုံးမှုက ပမာဏများရင် များသလို အမျိုးသမီးလေးတွေမှာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာရေမြိုကင်ဆာ၊ အသံအိုးကင်ဆာ၊ အသည်းကင်ဆာနဲ့ ခံတွင်းကင်ဆာလိုမျိုး ကင်ဆာရောဂါတွေကို ခံစားရနိုင်ခြေ များစေနိုင်ပါတယ်။ 

  • နှလုံးကျန်းမာရေးထိခိုက်စေနိုင်တယ်

အရက်၊ ဘီယာနဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို သောက်သုံးတာက နှလုံးကြွက်သားတွေ ပျက်စီးတာ၊ နှလုံးသွေးကြောကျန်းမာရေးတွေ၊ ရုတ်တရက်နှလုံးရပ်တာတွေကို ခံစားရနိုင်ပါတယ်။

  • သွေးတိုးစေနိုင်တယ်

အရက်က အမျိုးသမီးလေးတွေမှာ သွေးတိုးဖြစ်နိုင်ခြေကို ပုံမှန်ထက် ပိုများစေပြီး ရေရှည်မှာ သွေးတိုးကြောင့် နှလုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။

  • လေဖြတ်စေနိုင်တယ်

အရက်သောက်တာက အမျိုးသမီးတွေမှာ သွေးတိုးတာ သွေးကြောတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတာအပြင် လေဖြတ်တာကိုပါ ဖြစ်စေနိုင်ပါတယ်။

  • အသည်းထိခိုက်စေနိုင်တယ်

အရက်သောက်တာက လေဒီလေးတွေမှာ အရက်ကြောင့် အသည်းထိခိုက်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်သလို အသည်းရောဂါဖြစ်လာပြီဆိုရင်လည်း အမျိုးသားတွေမှာထက် ပိုပြီးမြန်ဆန်ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။

လေဒီလေးတွေ အရက်သောက်ရင် ဘာဖြစ်နိုင်လဲ!
လေဒီလေးတွေ အရက်သောက်ရင် ဘာဖြစ်နိုင်လဲ!
  • ကလေးရနိုင်ခြေနည်းစေမယ်

အရက်သောက်တဲ့ အမျိုးသမီးလေးတွေက အရက်ကြောင့် ရာသီစက်ဝန်းရဲ့ စည်းချက်ညီမှုကို ထိခိုက်စေပြီး ရာသီသွေးမှန်မှန် မဆင်းတာ၊ သန္ဓေအောင်နိုင်မှုအပေါ်မှာ ထိခိုက်သက်ရောက်မှုတွေ ခံစားရနိုင်သလို ကိုယ်ဝန်ဆောင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကလည်း ပုံမှန်ထက် ပိုများနေတတ်ပါတယ်။ 

  • ဦးနှောက် ထိခိုက်စေမယ်

အရက်က ဦးနှောက်ကို ထိခိုက်စေပြီး မှတ်ဉာဏ်ချို့ယွင်းတာမျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အာရုံကြောတွေကိုလည်း ထိခိုက်စေပြီး ဦးနှောက်စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။

  • စိတ်ကျန်းမာရေး ထိခိုက်စေတယ်

အရက်သောက်တာက လေဒီလေးတွေကို စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်လွန်ကဲတာတွေကို ပုံမှန်ထက်ပို ဖြစ်စေပြီး ရေရှည်မှာ စိတ်ကျန်းမာရေးပြဿနာ ပြင်းပြင်းထန်ထန် ခံစားရတာမျိုးတွေ ကြုံရနိုင်ပါတယ်။ 

  • အရိုးပွစေနိုင်တယ်

အရက်သောက်တာက အရိုးသိပ်သည်းဆကို ကျဆင်းစေပြီး အရိုးပွတာကိုဖြစ်စေနိုင်သလို အရိုးကျိုးလွယ်တာ၊ ကျွတ်ဆတ်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

အရက်သောက်တာက အမျိုးသမီးတွေမှာ ကျန်းမာရေးကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။ ကင်ဆာရောဂါတွေကိုဖြစ်စေနိုင်သလို နှလုံး၊ အသည်း စတဲ့ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်မှုကတဆင့် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာရော မွေးဖွားချိန်မှာပါ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါသေးတယ်။ နောက်တစ်ခုကတော့ ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ ပါလာစေတာပါပဲ။ ဒါကြောင့် မိခင်လောင်းတွေနဲ့ မေမေဖြစ်ချင်တဲ့ စိတ်ကူးရှိတဲ့ လေဒီလေးတိုင်း တတ်နိုင်သမျှ အရက်ကို ရှောင်ကြပါလို့ အကြံပြုလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *