ဆံပင်ဖြူတွေက နှုတ်ရင်ပိုများလာမှာလား!

ဆံပင်ဖြူတွေက နှုတ်ရင်ပိုများလာမှာလား!
ဆံပင်ဖြူတွေက နှုတ်ရင်ပိုများလာမှာလား!

ခေါင်းတွေက ယားလိုက်တာ ဘာကြောင့်များလဲလို့ မှန်ထဲကြည့်လိုက်မိတော့ ဆံပင်နက်နက်တွေကြားထဲမှာ ငွေရောင်ပြေးပြေး ဖြူဖြူဖွေးဖွေး  ဆံပင်ဖြူလေးတွေ ရှိနေတယ်ဆိုတာကို တွေ့လိုက်ရတယ်။ ဆံပင်ဖြူ‌ကြောင့် ယားတာပဲ ဒါဆိုရင် ဆံပင်ဖြူကို နှုတ်လိုက်မှ ခေါင်းယားသက်သာသွားမှာဆိုပြီး ဆံပင်ဖြူကို နှုတ်ပစ်မယ်လို့ လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တဲ့အခါ အိမ်မှာရှိတဲ့ လူကြီးသူမတွေက ဟဲ့… ဆံပင်ဖြူကို မနှုတ်နဲ့နော် ပိုပွားလာမယ်ဆိုတာမျိုးပေါ့။ တကယ်ပဲ ဆံပင်ဖြူတွေက နှုတ်ရင်ပိုများလာမှာလား! ဒါလေးအတွက် အဖြေမှန်လေးကို ပြောပြပေးမယ်နော်။

ဆံပင်ဖြူတွေက နှုတ်ရင်ပိုများလာမှာလား!

ဆံပင်ဖြူတွေက နှုတ်ရင်ပိုများလာမယ်နော်ဆိုတာကို ကြားဖူးနေပေမယ့် လက်တွေ့မှာ မြင်သာထင်သာ ပြစရာ ရှိမနေသလို ဖြစ်နေပါတယ်။ တကယ်ကတော့ ဆံပင်ဖြူတွေကို နှုတ်လိုက်လို့ ဆံပင်ဖြူတွေက ပိုပွားမလာပါဘူး။ ဆံပင်ဖြူ တစ်ပင်ကို နှုတ်ရင် ဆယ်ပင်လောက် ပြန်ထွက်လာမယ်ဆိုတာကလည်း ယုံတမ်းစကားလို ဖြစ်နေပါ တယ်။ ပြောချင်တာကတော့ ဒါက အယူအဆ အမှားတစ်ရပ်ပါ။ ဆံပင်ဖြူက နှုတ်လိုက်လို့ ပိုပွားလာတာ မျိုးတော့ မရှိပါဘူး။

အကြောင်းကတော့ ဆံပင်ရဲ့ မွေးညှင်းပေါက်လေးတွေက တစ်ခုစီ သီးခြားရှိနေပြီး မွေးညှင်းပေါက်တစ်ခုဆီက တစ်ကြိမ်ဆီမှာ ဆံပင်မွေးတစ်ပင်စီကိုသာ ထုတ်လုပ်ပါတယ်။ ဒါကြောင့် ဇီဝကမ္မဖြစ်စဉ်ကို အခြေခံပြီး ပြောရမယ်ဆိုရင် ဆံပင်ဖြူ တစ်ပင်ကို နှုတ်လိုက်တာကြောင့်နဲ့တော့ မွေးညှင်းပေါက် ပတ်ပတ်လည်မှာရှိတဲ့ အခြားသော မွေးညှင်းပေါက်ကထွက်လာမယ့် ဆံပင်တွေက ဖြူသွားတယ်ဆိုတာကတော့ မဟုတ်ပါဘူး။ 

ဆံပင်ဖြူတွေက နှုတ်ရင်ပိုများလာမှာလား!
ဆံပင်ဖြူတွေက နှုတ်ရင်ပိုများလာမှာလား!

ဆံပင်ဖြူတွေကို မနှုတ်ပါနဲ့

ဆံပင်ဖြူကို နှုတ်လိုက်လို့ ဆံပင်ဖြူတွေ အများကြီး ထွက်မလာဘူးဆိုပေမယ့် ဆံပင်ဖြူတွေကို နှုတ်တာက ကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ဆံပင်ဖြူကို နှုတ်လိုက်ခြင်းက ရှိုးမပဲ့တော့ဘူး။ ခေါင်းယားတာလည်း သက်သာသွားတယ်ဆိုပေမယ့် ဆံပင်ဖြူကို  ဆွဲနှုတ်လိုက်ချိန်မှာ ဆံပင်ရဲ့ မွေးညှင်းအိမ်လေးက ထိခိုက်တာတွေ အဆုံးစွန်ထိဆိုရင် မွေးညှင်းအိတ်လေးတွေ ပျက်စီးသွားပြီး ဆံပင်အသစ်ပြန်ထွက်ဖို့ ခက်သွားတာမျိုးတွေ ရှိတတ်လို့ပါ။ 

ဒီလိုအခြေအနေက ကြာလာမယ်၊ နှုတ်ပစ်တဲ့ ဆံပင်အရေအတွက်က များလာမယ်ဆိုရင်တော့ ဆံပင်ရဲ့ မွေးညှင်းအိတ် များစွာက ပျက်စီးပြီး ဆံပင်တွေ အကျွတ်လွယ်တာ၊ ဆံပင်ကွက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ဖြူတွေကို မနှုတ်ပါနဲ့။ 

ဆံပင်မဖြူအောင် ကာကွယ်လို့ ရလား!

အသင်ငယ်ငယ်မှာ ဆံပင်ဖြူတာက အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတဲ့ ကိစ္စ တစ်ခုပေါ့။ ဒါပေမယ့် ဆံပင်ဖြူတာက အသက်ကြီးနေပြီလို့ ဖော်ပြတာမျိုး မဟုတ်ဘဲ မျိုးရိုးလိုက်တာ၊ ပတ်ဝန်းကျင် အခြေအနေနဲ့ နေ့စဉ်စားသုံးမှုပုံစံ၊ ကျန်းမာရေးအခြေအနေတွေပေါ်မှာ လိုက်ပြီး ဖြစ်နိုင်တဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါတဲ့ အစားအစာတွေကို စားပေးတာ၊ ကျန်းမာရေး အ‌ခြေအနေ တစ်ရပ်ရပ်ကြောင့် ဆိုရင်လည်း လိုအပ်တဲ့ ဆေးဝါးသောက်သုံးမှုနဲ့ ဆေးကုသမှုကို ခံယူတာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ဆံပင်ဖြူကို နှုတ်လိုက်ရင် ပိုမပွားလာဘူးဆိုပေမယ့် ဆံပင်‌ဖြူကို နှုတ်ပစ်တာက မှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ ဆံပင်ဖြူနှုတ်တာက ရေရှည်မှာ ဆံသားနဲ့ ဦးရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်တာမို့ သတိပြုရှောင်ကြဉ်ကြဖို့ အကြံပြုလိုက်ပါရစေ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *