စိတ်ကလေးကျန်းမာဖို့ ဆိုရှယ်မီဒီယာနဲ့ ဝေးဝေးနေကြစို့

စိတ်ကလေးကျန်းမာဖို့ ဆိုရှယ်မီဒီယာနဲ့ ဝေးဝေးနေကြစို့
စိတ်ကလေးကျန်းမာဖို့ ဆိုရှယ်မီဒီယာနဲ့ ဝေးဝေးနေကြစို့

စိတ်ဖိစီးလိုက်တာ စိတ်မောတယ်ဆိုတဲ့ စကားကို လူတိုင်းဆီက ကြားရပေမယ့် အခုနောက်ပိုင်းမှာတော့ စိတ်ပင်ပန်းတယ်ဆိုတာကို ပြောကြတဲ့ အများဆုံးသောသူတွေက လူငယ်တွေပါ။ အကြောင်းကတော့ လူငယ်လေးတွေက သူတို့နေ့စဉ်ဘဝရဲ့ အချိန်တော်တော်များများကို ဆိုရှယ်မီဒီယာပေါ်မှာ ကုန်ဆုံးနေကြတာကြောင့်လည်း ဖြစ်ပါတယ်။ 

လူငယ်တော်တော်များများက စခရင်မ်တစ်ခုလေးပေါ်မှာတင် မိတ်ဆွေဖွဲ့တာ၊ သတင်းစကားတွေကို နားထောင်တာ၊ စိတ်ဖိစီးစရာတွေအားလုံးရောပြွမ်းဖြစ်ပေါ်နေတာပါ။ 

စိတ်ကလေးကျန်းမာဖို့ ဆိုရှယ်မီဒီယာနဲ့ ဝေးဝေးနေကြစို့

မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု အသစ်တစ်ရပ်အရ သိရတာက လူငယ်တွေအနေနဲ့ ရက်သတ္တပတ် တစ်ပတ်လောက် ဆိုရှယ်မီဒီယာကနေ ကင်းကွာနေတာက စိတ်ပူပန်မှုများတာ၊ စိတ်ဓာတ်ကျတာနဲ့ အိပ်စက်မှုဆိုင်ရာပြဿနာတွေ ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်ဆိုတာပါ။

အသက် ၁၈ နှစ် ကနေ ၂၄ နှစ်ကြား လူငယ် ၂၉၅ ဦး ပါဝင်နေတဲ့ လေ့လာမှုအတွင်း သုတေသီတွေက ပါဝင်သူတိုင်းကို ဒေါ်လာ ၁၅၀ ပေးပြီး ဆိုရှယ်မီဒီယာ အသုံးပြုမှုကို (၇) ရက်ကြာ ကန့်သတ်ဖို့ သဘောတူညီမှု ရယူခဲ့ပါတယ်။ 

လေ့လာမှုအတွင်း  လူငယ်တွေကို တစ်နေ့တာကို စခရင်မ်ကြည့်ချိန် ၂ နာရီနဲ့ ဆိုရှယ်မီဒီယာ အသုံးပြုမှုအချိန်ကို တစ်နေ့ကို မိနစ် ၃၀ အောက်သာ သုံးဖို့ ကန့်သတ်ခဲ့ပါတယ်။ 

တစ်ပတ်တာ ပြီးဆုံးချိန်မှာတော့ လေ့လာမှုမှာ ပါဝင်သူတွေရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ဆန်းစစ်ချက် စစ်တမ်းကောက်ယူခဲ့ပါတယ်။ လေ့လာမှုအတွင်း ခြုံငုံ သိရှိလိုက်ရတာကတော့ ဆိုရှယ်မီဒီယာ အသုံးပြုမှုကို ကန့်သတ်လိုက်တဲ့အခါ လူငယ်တွေမှာ – 

  • စိုးရိမ်စိတ်လွန်ကဲမှု လက္ခဏာ ၁၆.၁%
  • စိတ်ဖိစီးမှု လက္ခဏာ ၂၄.၈%
  • အိပ်မပျော်မှု လက္ခဏာ ၁၄.၅% လောက်အထိ ကျဆင်းသွားတာကို တွေ့ခဲ့ရပါတယ်။ 
စိတ်ကလေးကျန်းမာဖို့ ဆိုရှယ်မီဒီယာနဲ့ ဝေးဝေးနေကြစို့
စိတ်ကလေးကျန်းမာဖို့ ဆိုရှယ်မီဒီယာနဲ့ ဝေးဝေးနေကြစို့

ဒီလေ့လာမှုကို နိုဝင်ဘာလ ၂၄ ရက်နေ့က JAMA Network Open မှာ ဖော်ပြခဲ့ပပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေမှာ ဆိုရှယ်မီဒီယာအသုံးပြုမှုကို လျော့ချလိုက်တာကြောင့် အခြားသော စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာပေမယ့်လည်း အထီးကျန်မှုကတော့ လျော့ကျသွားတာမျိုး မရှိဘူးလို့ သိရပါတယ်။ 

ဆိုရှယ်မီဒီယာ အသုံးပြုမှုကို လျှော့ချလိုက်တာက စိတ်ကျန်းမာရေးကောင်းစေဖို့ ကုထုံး တစ်ရပ်တော့ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ် ခံစားနေရမယ်ဆိုရင်တော့ သင့်တော်တဲ့ ကုထုံးကို သေချာလေး ခံယူဖို့ လိုပါမယ်။ 

ဒီလေ့လာမှုအရ သိရတာက ဆိုရှယ်မီဒီယာ အသုံးပြုမှုကို ကန့်သတ်လိုက်တာ လျှော့သုံးတာတွေက စိတ်ခံစားမှု ပိုကောင်းလာစေဖို့ ထောက်ကူပေးနိုင်တယ်ဆိုတာပါ။ ဒီလေ့လာမှု ရလဒ်က အားလုံးအပေါ်မှာ တူညီတဲ့ သက်ရောက်မှု ရှိမယ်လို့ မဆိုနိုင်ပါဘူး။ အကြောင်းကတော့ အချို့သော လေ့လာမှုမှာ ပါဝင်သူတွေထဲက အချို့မှာ ပြောင်းလဲမှု မရှိသလို အနည်းငယ်သော တိုးတက်မှုကိုသာ တွေ့ရပါတယ်။ 

ဒီလေ့လာမှုက ကျပန်းလုပ်ဆောင်ခဲ့တဲ့ စစ်ဆေးမှုသာဖြစ်ပြီး လူတိုင်းပေါ်မှာ တူညီတဲ့ အကျိုးသက်ရောက်မှု ရှိမယ်လို့ အတိအကျ ဆိုလို့ မရပါဘူး။ ဒါပေမယ့် စိတ်ပင်ပန်းစေနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပြည့်နှက်နေတဲ့ Newfeed တွေကတော့ စိုးရိမ်စိတ်ကို လွန်ကဲစေနိုင်သလို စိတ်ဖိစီးတာ အိပ်မပျော်တာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။ 

[Ref: The New York Times: 24; November; 2025]

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *