တင်အချိုးအစားက ဖော်ပြနေတဲ့ ဆီးချိုဖြစ်နိုင်ခြေ

တင်အချိုးအစားက ဖော်ပြနေတဲ့ ဆီးချိုဖြစ်နိုင်ခြေ
တင်အချိုးအစားက ဖော်ပြနေတဲ့ ဆီးချိုဖြစ်နိုင်ခြေ

လူတစ်ယောက်ရဲ့ တင်အချိုးအစားက ခန္ဓာကိုယ်အချိုးအစား လှပစေဖို့တင် ထောက်ကူပေးတာမဟုတ်ဘဲ ဆီးချိုဖြစ်နိုင်ခြေကိုပါ ခန့်မှန်းနိုင်ဖို့ ထောက်ကူပေးနိုင်တယ်ဆိုတာကို သိပါရဲ့လား ……. 

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအဆစ် ကျနမှုမှာ အရေးပါလှတဲ့ တင်ပါးအချိုးအစားက အသက်အရွယ် ကြောင့် ပြောင်းလဲနိုင်တယ်ဆိုပေမယ့် ဆီးချိုရောဂါခံစားရနိုင်ခြေ ရှိလားဆိုတာကို ခန့်မှန်းလို့ ရတယ်လို့ သုတေသီတွေက ဖော်ထုတ်တွေ့ရှိခဲ့ကြပါတယ်။

တင်အချိုးအစားက ဖော်ပြနေတဲ့ ဆီးချိုဖြစ်နိုင်ခြေ

ထိုင်တဲ့ အချိန်အတိုင်းအတာ (အထိုင်များတာ)၊ အဆီတွေစုပုံတာ၊ အသက်အရွယ်ရလာတာကြောင့် တင်ပါးက ပိုကြီးလာတာ၊ သေးသွားတာမျိုး ရှိနိုင်ပေမယ့် တင်ပါးအချိုးအစားက ဆီးချိုဖြစ်နိုင်ခြေကို ခန့်မှန်းနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီအပြောင်းအလဲက အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ပြောင်းလဲမှုတွေက ကွဲပြားမှုရှိနိုင်ပါတယ်။ 

အရင့်အရင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေနဲ့ မတူတာက ကြွက်သားတွေရဲ့ အရွယ်အစားနဲ့ အဆီတွေကို အဓိကထား ကြည့်ရှု့ခဲ့ပေမယ့် 3D ပုံဖော်မှုကို အသုံးပြုထားတဲ့ ဒီနည်းလမ်းမှာတော့ တင်ပါးအရွယ်အစားနဲ့ အချိုးအဆစ်ကို တိတိကျကျ ခန့်မှန်းနိုင်သလို ဆီးချိုဖြစ်နိုင်ခြေကိုလည်း ခန့်မှန်းလို့ ရပါတယ်လို့ လန်ဒန်မှာ ရှိတဲ့ Westminster တက္ကသိုလ်က Research Centre for Optimal ရဲ့ သုတေသီ Marjola Thanaj က ဆိုပါတယ်။ 

ဒီလေ့လာမှုအတွင်း UK Biobank database ကနေ MRI Scan ၆၁၀၀၀ ခုကျော်ကို စိစစ်ခဲ့ကြပါတယ်။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အတိုင်းအတာတွေနဲ့ ဆေးမှတ်တမ်း၊ ရောဂါရာဇဝင်တွေ၊ နေ့စဉ်နေထိုင်စားသောက်မှုပုံစံတွေကို လေ့လာခဲ့ပါတယ်။ 

ဒီလေ့လာမှုအတွင်း မတူကွဲပြားတဲ့ တင်ပါးပုံစံ ၈၆ ခုကို စိစစ်ကြည့်ရှု့ခဲ့ကြပါတယ်။ အသက်အရွယ်အလိုက် တင်ပါးရဲ့ ပြောင်းလဲနိုင်ခြေကိုလည်း မပြတ်တမ်းလေ့လာခဲ့ပါတယ်။ 

ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်ဆောင်သူတွေမှာ ခန္ဓာကိုယ် အချိုးအစား တောင့်တင်းကြသလို အသက်အရွယ်ရလာတာ၊ အထိုင်များတာနဲ့ ကြွက်သားတင်းအားတွေ လျော့ကျလာတာက တင်ပါး အရွယ်အစား အချိုးအဆစ်ပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။

တင်ပါးအချိုးအစားထက် အရွယ်အစားက ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ဇီဝကမ္မဖြစ်ပျက်ပြောင်းလဲမှုတွေနဲ့ ပိုပြီး တိုက်ရိုက်ဆက်စပ်နေတယ်လို့ သိရပါတယ်။ 

တင်ပါးအချိုးအစားက အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ကွာခြားမှုတွေ ရှိနိုင်သလို ဇီဝကမ္မဖြစ်စဉ် တုံ့ပြန်မှုကလည်း ကွာခြားနိုင်ပါတယ်။ ဒီအခြေအနေကပဲ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ မတူညီတဲ့ အခြေအနေနဲ့ အမျိုးအစား -၂ ဆီးချိုခံစားရနိုင်ခြေကို ဖြစ်ပေါ်စေတာပါ။

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အကြီးဆုံးကြွက်သား အစိတ်အပိုင်းဖြစ်သလို အဆီတွေစုနေနိုင်တဲ့ တင်ပါးက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကျန်းမာရေးအခြေအနေပေါ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ တင်ပါးမှာ အဆီစုတာ များလေလေ ဆီးချိုခံစားရနိုင်ခြေက များလေလေဆိုတာပါ။

[Ref: Radiological Society of North America, news release, Nov. 25, 2025]

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *