Self Promise ပေးကြည့်တာကနေ ဘယ်လို ကောင်းကျိုးလေးတွေ ရရှိစေနိုင်လဲ!

Self Promise ပေးကြည့်တာကနေ ဘယ်လို ကောင်းကျိုးလေးတွေ ရရှိစေနိုင်လဲ!
Self Promise ပေးကြည့်တာကနေ ဘယ်လို ကောင်းကျိုးလေးတွေ ရရှိစေနိုင်လဲ!

လူတော်တော်များများက အခြားသူတွေကို တစ်ခုခုကို လုပ်ပေးမယ်။ ဘာဖြစ်အောင် လုပ်မှာ သေချာတယ်ဆိုပြီး ကတိတွေ ပေးတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ ပြန်ပြီး ကတိမပေးမိတတ်ကြပါဘူး။ တကယ်ကတော့ အခြားသူတွေကို ကိုယ်ဘာဖြစ်အောင် လုပ်မယ်လို့ ကတိပေးတာထက် ကိုယ်တိုင်ကို ကတိကဝတ်ပြုကြည့်တာ (self promise) ပေးတာက စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။ ဘယ်လို ကောင်းကျိုးတွေ ရရှိစေမလဲဆိုတာကို ဆက်ပြီး ပြောပြပေးမယ်နော်။

Self Promise ပေးတာကနေ ရရှိစေမယ့် ကောင်းကျိုးများ

ကိုယ့်ကိုယ်ကိုယ် ကတိပေးခြင်း (Self Promise) ပေးတာကနေ အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ 

  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေတယ် 

ကိုယ့်ကိုယ်ကိုယ် ကတိပေးခြင်းက ဦးနှောက်ဆီကို သင့်အနေနဲ့ ဒါကို လုပ်ဆောင်နိုင်တယ်ဆိုတာကို သတင်းပို့လိုက်တာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ကတိပေးတာက ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို ယုံကြည်မှု ရှိစေသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ 

  • စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်ကို လျော့ကျစေတယ်

ကိုယ့်ကိုယ်ကိုယ် ကတိပေးခြင်းက စိတ်ဖိစီးမှုတွေကို လျော့ကျစေသလို စိုးရိမ်စိတ်တွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမြင့်တက်စေသလို တွေ့ကြုံလာရတဲ့ စိန်ခေါ်မှုတွေကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ကင်းစေဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။

  • စည်းစနစ်ပိုကျလာစေမယ်

ကိုယ့်ကိုယ်ကိုယ် ကတိပေးတာက ပေးထားတဲ့ ကတိကို အောင်မြင်စေဖို့အတွက် ကြိုးကြိုးစားစား လုပ်ဆောင်ရတာကြောင့် နေ့စဉ်ဘဝမှာ ပိုမိုကြိုးစားစွာနေထိုင်မိစေပြီး စည်းစနစ်ကျကျ ကြိုးစားတတ်တဲ့ အလေ့အထကောင်းကို ရရှိစေနိုင်ပါတယ်။

  • ကိုယ်စွမ်းကိုယ်စပိုတက်လာစေမယ်

ကိုယ့်ကိုယ်ကိုယ် ကတိပေးတာက ကိုယ်စွမ်းကိုယ်စ တိုးတက်စေမယ့် ကောင်းမွန်ထိရောက်တဲ့ လမ်းစတစ်ရပ်ပါ။ ပိုကြိုးစားစွာနေထိုင်တတ်တဲ့ အလေ့အထကို ရရှိစေပြီး ရေရှည်မှာ ကိုယ်စွမ်းကိုယ်စတွေ ပိုတိုးတက်လာစေပါတယ်။ 

  • အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ပိုကောင်းလာစေမယ်

ကိုယ့်ကိုယ်ကိုယ် ကတိပေးခြင်းကနေ အနီးဝန်းကျင်က ခင်မင်ရသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ပိုကောင်းလာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • ဆုံးဖြတ်ချက် ကောင်းကောင်းတွေကို ချမှတ်နိုင်စေဖို့ ထောက်ကူပေးနိုင်တယ်

ကိုယ့်ကိုယ်ကိုယ် ကတိပေးခြင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးတက်စေဖို့ရော မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်ဆန် ချမှတ်နိုင်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တွေကို မှန်ကန်မြန်ဆန်စွာ ချမှတ်နိုင်စေဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးတဲ့ အလေ့အထလေးကို မွေးမြူပေးလို့ ရပါတယ်။

ဒါကြောင့် နေ့စဉ်ဘဝမှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေကို ရရှိစေဖို့ ကိုယ့်ကိုယ်ကိုယ် ကတိကဝတ်ပြုပြီး ချမှတ်ထားတဲ့ ကတိကဝတ်တွေကို အောင်မြင်အောင် လုပ်ဆောင်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မြှင့်တင်လိုက်ဖို့ အကြံပြုလိုက်ပါရစေ။

Lotoshinn ရဲ့ စကားလက်ဆောင်

ကတိကဝတ်ဆိုတာက အခြားသူတွေကို ပေးမှ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ကတိကဝတ်ပြုလို့ ရသလို ဒီလို ကတိကဝတ်ပြုတာက ကောင်းမွန်တဲ့ တိုးတက်မှုတွေကို ရရှိစေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *