ရေနွေးကြမ်းသောက်တာက အမျိုးသမီးတွေမှာ အရိုးပါးနိုင်ခြေကို ကာကွယ်ပေးနိုင်သတဲ့

ရေနွေးကြမ်းသောက်တာက အမျိုးသမီးတွေမှာ အရိုးပါးနိုင်ခြေကို ကာကွယ်ပေးနိုင်သတဲ့
ရေနွေးကြမ်းသောက်တာက အမျိုးသမီးတွေမှာ အရိုးပါးနိုင်ခြေကို ကာကွယ်ပေးနိုင်သတဲ့

မနက်ခင်းကို ကော်ဖီတွေနဲ့ စတင်နေတုန်းပဲလား……. ဒါဆိုရင်တော့ မနက်ခင်း နေခြည်နွေးနွေးလေးအောက်မှာ ရေနွေးကြမ်းလေးတစ်ခွက်သောက်ရင်း စတင်လိုက်ဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲ ဆိုတာကို ဆက်ပြီးရှင်းပြပေးပါမယ်။ 

ကျန်းမာတဲ့မနက်ခင်းတစ်ခု ရေနွေးနွေးတစ်ခွက်နဲ့ အစပြုလိုက်ပါ

ရေနွေးကြမ်းသောက်တာက အမျိုးသမီးတွေမှာ အရိုးပါးနိုင်ခြေကို ကာကွယ်ပေးနိုင်သတဲ့

ဆယ်စုနှစ်တစ်စုကြာ လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ သိရတာက မနက်ခင်းတိုင်းကို ကော်ဖီတွေ၊ လက်ဖက်ရည်တွေနဲ့ မဟုတ်ဘဲ ရေနွေးကြမ်းနဲ့ အစပြုတဲ့ အမျိုးသမီးတွေက အရွယ်ရလာချိန်မှာ အရိုးပါးတာကို ခံစားရနိုင်ခြေ နည်းတာကို တွေ့ရှိခဲ့ရပါတယ်။

လေ့လာမှုအတွင်း အရွယ်ရနေပြီဖြစ်တဲ့ အမျိုးသမီး အယောက် ၁၀၀၀၀ ကို ၁၀ နှစ်ကြာလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုမှာ သိရတာက တစ်နေ့ကို ကော်ဖီ ၅ ခွက်နဲ့အထက် သောက်သုံးတဲ့ အမျိုးသမီးတွေမှာ အရိုးသိပ်သည်းဆက တော်တော်လေး နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါပေမယ့် တစ်နေ့ကို ကော်ဖီ ၂ ခွက်သာ သောက်သုံးတဲ့ အမျိုးသမီးတွေမှာတော့ အရိုးပါးနိုင်ခြေက ပုံမှန်ထက် မပိုတာကို တွေ့ရှိခဲ့ရပြီး ကော်ဖီအစား ရေနွေးကြမ်းကိုပဲ သောက်တဲ့အမျိုးသမီးတွေမှာတော့ အရိုးပါးနိုင်ခြေက တော်တော်လေး နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ 

အသက် ၅၀ ကျော်လာချိန်မှာ အမျိုးသမီး ၃ ဦးမှာ ၁ဦးက နှစ်စဉ် အရိုးပါးတာ၊ အရိုးပွတာတွေကြောင့် အရိုးကျိုးတာတွေကို ခံစားနေရပါတယ်။ ဒါကြောင့်မို့ အသက်အရွယ် ကြီးရင့်လာချိန်မှာ အရိုးပါးတာ အရိုးပွတာတွေကို ခံစားရနိုင်ခြေကို လျှော့ချဖို့အတွက် နေ့စဉ်တိုင်းမှာ ကော်ဖီ၊ လက်ဖက်ရည်တွေ အစား ရေနွေးကြမ်းလေးကိုပဲ သောက်ဖို့ အကြံပြုချင်ပါတယ်။ 

လေ့လာမှုအတွင်း ကော်ဖီ၊ လက်ဖက်ရည်တွေကို သောက်သုံးတဲ့ အမျိုးသမီးတွေနဲ့  ရေနွေးကြမ်းကို သောက်သုံးတဲ့ အမျိုးသမီးတွေရဲ့ အရိုးသိပ်သည်းဆကို တိုင်းတာကြည့်ခဲ့ပါတယ်။ ဒီစစ်ဆေးမှုအတွင်း သိလိုက်ရတာက ရေနွေးကြမ်းသောက်သုံးတဲ့ အမျိုးသမီးတွေမှာ အရိုးသိပ်သည်းဆက အခြားသော ကော်ဖီ၊ လက်ဖက်ရည်သောက်သုံးသူတွေထက် အရိုးသိပ်သည်းဆက ပိုကောင်းတဲ့သူပါ။ 

ရေနွေးကြမ်းသောက်တာက အမျိုးသမီးတွေမှာ အရိုးပါးနိုင်ခြေကို ကာကွယ်ပေးနိုင်သတဲ့
ရေနွေးကြမ်းသောက်တာက အမျိုးသမီးတွေမှာ အရိုးပါးနိုင်ခြေကို ကာကွယ်ပေးနိုင်သတဲ့

အကြောင်းကတော့ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က အရိုးအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူနိုင်မှုအပေါ် အဟန့်အတားဖြစ်စေလို့ပါပဲ။  အရိုးတွေသန်မာစေဖို့ဆိုရင်တော့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D က မရှိမဖြစ် လိုအပ်တာပါ။ 

ဒါကြောင့် နေ့စဉ်တိုင်းရဲ့ မနက်ခင်းတိုင်းကို ကော်ဖီတစ်ခွက်နဲ့ စတင်မယ့်အစား ရေနွေးကြမ်းနွေးနွေးလေးနဲ့ စတင်ကြဖို့ လေဒီလေးတွေကို အကြံပြုတိုက်တွန်းလိုက်ပါရစေ။ 

ရေနွေးကြမ်းဆိုတဲ့နေရာမှာ လက်ဖက်စိမ်းရေနွေးကြမ်းကို သောက်လို့ ရသလို လက်ဖက်ခြောက် အမျိုးမျိုးကို လည်း ရေနွေးကြမ်းအနေနဲ့ သောက်လို့ ရပါတယ်။ ရေနွေးကြမ်းတစ်နေ့တစ်ခွက်သောက်ပြီး ကော်ဖီကို လျှော့နိုင်သမျှလျှော့တာ အရွယ်ရလာချိန်မှာ အရိုးပါးနိုင်ခြေ အရိုးပွနိုင်ခြေတွေကို ကာကွယ်လျှော့ချလို့ ရပါတယ်။ 

ကဲ …. အသက်လေးရလာချိန်မှာ အရိုးပါးတာ အရိုးပွတာနဲ့ အရိုးကျိုးလွယ်တာတွေ ခံစားရနိုင်ခြေကို လျှော့ချပြီး အရိုးသိပ်သည်းဆ လျော့ကျမှုကို တတ်နိုင်သမျှ နည်းပါးစေဖို့ မနက်ခင်းတိုင်းကို ရေနွေးကြမ်း တစ်ခွက်သောက်ရင်း စတင်ဖို့ အကြံပြုလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *