ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို သက်သာစေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို သက်သာစေဖို့
ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို သက်သာစေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတော်တော်များများ ခံစားရတတ်တဲ့ ကျန်းမာရေး ပြဿနာလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို သက်သာစေဖို့လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့် ခါးနာရတာလဲ!

ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာက အဖြစ်များတဲ့ ကိုယ်ဝန်ဆောင်ချိန် ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ ခန္ဓာကိုယ်ရဲ့ အရိုးတွေနဲ့ အဆစ်တွေကို အရွတ်လို့ခေါ်တဲ့ မာကျောတဲ့တစ်ရှူးတွေနဲ့ တွယ်ဆက်ထားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ relaxin လို့ခေါ်တဲ့ ဟော်မုန်း တစ်မျိုးက မီးဖွားဖို့ ပြင်ဆင်တဲ့ အနေနဲ့ အရွတ်တွေကို ပြေလျော့စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဒီအခြေအနေကပဲ အဆစ်တွေကို တောင့်တင်း စေပြီး ခါးနာတာကို ဖြစ်စေပါတယ်။

နောက်တစ်ချက်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် သိသိသာသာမြင့်တက်လာတာကလည်း အရွတ်တွေ နဲ့ ကြွက်သားတွေကို ဝန်ပိစေပြီး ခါးဆစ်ရိုးတွေကို ထမ်းထားရတဲ့ ဝန်ပိုစေတာကြောင့် ခါးနာရတာပါ။

ဒါတွေအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ခါးတာနာနဲ့အတူ နောက်ကျောနာတာ၊ ပခုံးနာတာ၊ ရင်သားနှစ်ခုကြားက ရင်ညွှန့်ရိုး နာကျင်တာကိုပါ ခံစားရစေနိုင်ပါတယ်။ အကြောင်းကတော့ ကလေးငယ်ကို နို့ချိုတိုက်ကျွေးဖို့အတွက် ရင်သားဖွံ့ဖြိုးလာတာကြောင့်ပါ။ 

ကိုယ်ဝန်ဆောင်ချိန်မှာ ပုံစံတစ်ခုတည်းကို အကြာကြီးထိုင်မိတာ မတ်တတ်ရပ်တာတွေရှိမယ်ဆိုရင်လည်း ခါးနာတာကို ပိုဆိုးစေနိုင်ပါတယ်။

ကိုယ်ဝန်မဆောင်မီက ခါး၊ ဇက်ကြော နဲ့ တင်ပဆုံတွေမှာ ထိခိုက်ဖူးတယ်ဆိုရင်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဒီနာကျင်မှုတွေကို တဖန်ပြန်ခံစားရတာ၊ ပိုဆိုးလာတာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို သက်သာစေဖို့ ဘာလုပ်ကြမလဲ!

ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို သက်သာစေဖို့ဆိုရင်တော့ အခုလို နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။

  • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို သက်သာစေဖို့ ပေါ့ပေါ့ပါးပါး လုပ်ဆောင်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာနေပြီဆိုရင် ကိုယ်ဝန်ဆောင်ယောဂ လေ့ကျင့်ပေးလို့ ရသလို ရေကူးတာ၊ လမ်းလျှောက်တာမျိုးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။

  • ရေနွေးဝတ်ကပ်ပေးပါ

ကြွက်သားတွေတင်းပြီး ခါးနာတာကို သက်သာစေဖို့ဆိုရင်တော့ ခါးနာနေတဲ့နေရာကို ရေနွေးအိတ်လေး ကပ်ပေးပါ။ အရမ်းမပူဖို့နဲ့ အကြာကြီး မကပ်ထားမိဖို့တော့ သတိပြုရပါမယ်။

  • ရေကူးပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို သက်သာစေဖို့ လုပ်ပေးလို့ရမယ့် နောက်ထပ် နည်းလမ်းတစ်ရပ်ကတော့ ရေကူးတာပါ။ ရေသိပ်မနက်တဲ့ ရေကူးကန်လိုနေရာမှာ ရေကူးပေးလို့ ရပါတယ်။

  • ကိုယ်ဝန်ဆောင် ယောဂလေ့ကျင့်ပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာအပါအဝင် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ နာကျင်တာကို သက်သာစေဖို့ ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ယောဂလေ့ကျင့်ပေးလို့ ရပါတယ်။ ကိုယ်တတ်နိုင်သလောက်ပဲ လုပ်ဖို့ မမေ့ ပါနဲ့။ 

  • အိပ်စက်မှုပုံစံပြောင်းပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ဘေးတစောင်း အိပ်တာ တစ်ပုံစံတည်းနဲ့ အကြာကြီး အိပ်စက်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက ခါးနာတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • ကိုယ်နေဟန်ထား မှန်မှန်ထိုင်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ထိုင်တာဖြစ်ဖြစ် ထတာဖြစ်ဖြစ် တစ်ခုခုကို မတာဖြစ်ဖြစ် ကိုယ်နေဟန်ထား မှန်မှန်လေး ထိုင်ဖို့ ထဖို့နဲ့ မတာမျိုး လုပ်ပါ။ ကိုယ်နေဟန်ထား မှန်မှန်လေး ထိုင်တာကလည်း ခါးနာတာကို အတိုင်းအတာ တစ်ခုအထိ သက်သာစေနိုင်ပါတယ်။

  • နှိပ်နယ်ပေးပါ

ခါးကို လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွလေး နှိပ်နယ်ပေးတာက ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ခါးနာတာကို သက်သာစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို သက်သာစေဖို့
ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို သက်သာစေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာ မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ!

ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို မဖြစ်စေဖို့ဆိုရင် ထိုင်ရင်ဖြစ်ဖြစ် မတ်တတ်ရပ်နေရင်ဖြစ်ဖြစ် ကိုယ်နေဟန်ထား မှန်မှန်လေးနေဖို့ လိုသလို အချိန်အကြာကြီးထိုင်တာ မတ်တတ်ရပ်တာမျိုး မလုပ်မိဖို့ လိုပါမယ်။

လေးလေးပင်ပင်တွေ သယ်မတာမျိုးလည်း မလုပ်မိဖို့ လိုပါမယ်။ နောက်တစ်ချက်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်နဲ့သင့်တော်မယ့် အတွင်းခံကို ဝတ်ဖို့ လိုပါမယ်။ အိပ်စက်ချိန်မှာလည်း ဒူးနှစ်လုံးကြားမှာ ခေါင်းအုံးထားပြီး အိပ်စက်တာမျိုး လုပ်ပေးလို့ ရပါတယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ ကိုယ်ဝန်လရင့်လာလေလေ ခါးနာတာက ပိုဆိုးလာလေလေပါ။ ကိုယ်ဝန်တတိယသုံးလပတ် ရောက်လာချိန်မှာ ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ကိုယ်အလေးချိန်တက်လာချိန်၊ ဟော်မုန်း ပြောင်းလဲတာ၊ ခါးရိုးပေါ်မှာ ဖိအားပိုမို သက်ရောက်လာတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို ပိုဆိုးစေတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးဖို့နဲ့ နေထိုင်စားသောက်မှုတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *