ကိုယ်ဝန်ဆောင်ကာလ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဆိုတဲ့ ခေါင်းစဉ်ကို ကြည့်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်တောင် မမရတာ၊ လေ့ကျင့်ခန်းလုပ်လို့ ဖြစ်ပါ့မလားလို့ တွေးမိနေနိုင်ပါတယ်။ တကယ်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင် မမရဘူး။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ရဘူးဆိုပေမယ့် ကိုယ်ဝန်ဆောင်ယောဂလိုမျိုး ပေါ့ပေါ့ပါးပါး ကိုက်လက်လှုပ်ရှားမှုလေးတွေကိုတော့ လုပ်လို့ ရပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်ဆောင်ကာလမှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဘယ်လို ကောင်းကျိုးလေးတွေ ရရှိစေနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလ လေ့ကျင့်ခန်းလုပ်တဲ့အခါ
ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာက ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ရော ဘေဘီလေးအတွက်ပါ ကျန်းမာစေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ သင့်တော်မယ့် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးတာက –
- နှလုံး ကျန်းမာစေတယ်
ကိုယ်ဝန်ဆောင်ကာလမှာ လမ်းလျှောက်ပေးတာ၊ ရေကူးပေးတာ၊ ယောဂလုပ်တာတွေက မိခင်ကို နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကနေ အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်သလို နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- စိတ်ခံစားမှု ကောင်းစေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လေး လုပ်ပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု များတာ၊ စိုးရိမ်စိတ်လွန်ကဲတာနဲ့ စိတ်အတက်အကျမြန်တာမျိုး၊ စိတ်ဓာတ်ကျတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- အင်အားပြည့်ဝစေဖို့ ထောက်ကူပေးတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ခြေကုန်လက်ပမ်းကျလွယ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန် မှာ သွေးလည်ပတ်မှု ကောင်းစေဖို့ရော သွေးတွင်းအောက်ဆီဂျင်ပြည့်ဝစေဖို့နဲ့ ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- ဝမ်းချုပ်တာ သက်သာစေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ဝမ်းချုပ်တာကို သက်သာစေဖို့လည်း ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေး လို့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကြောင့် နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ဖို့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးလို့ ရပါတယ်။
- နာကျင်ကိုက်ခဲမှုကို သက်သာစေတယ်
ကိုယ်ဝန်ဆောင်ကာလ ကိုယ်တွင်းဟော်မုန်းပြောင်းလဲမှုတွေနဲ့ ကိုယ်အလေးချိန် ပြောင်းလဲမှုတွေကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေနဲ့ အဆစ်တွေမှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့လည်း ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးလို့ရပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လုပ်တာက နောက်ကျောနာတာ၊ ခါးနာတာနဲ့ တင်ပဆုံပိုင်းမှာ ခံစားရနိုင်တဲ့ နာကျင်မှုတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- ကောင်းကောင်းအိပ်ပျော်စေတယ်
ကိုယ်ဝန်ဆောင်ကာလမှာ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာက ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးလို့ ရပါတယ်။

- ကိုယ်ဝန်ဆောင်ဆီးချို ကာကွယ်ပေးတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ကိုယ်ဝန်ဆောင်ဆီးချိုကို ကာကွယ်ဖို့အတွက်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးလို့ ရပါတယ်။
- သွေးတိုးနိုင်ခြေကို လျှော့ချပေးနိုင်တယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ သွေးတိုးတာမျိုးကို ခံစားရနိုင်ခြေ လျှော့ချဖို့အတွက်လည်း ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးလို့ ရပါတယ်။
ဒီအချက်တွေအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာက ကိုယ်ဝန်ဆောင်ကာလ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်သလို ကိုယ်ဝန်ဆောင် ကာလမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ရော မီးဖွားရလွယ်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ မီးဖွားပြီးချိန်မှာလည်း မြန်မြန်ပြန်အားပြည့်လာစေဖို့နဲ့ မီးတွင်းစိတ်ကျရောဂါ ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ဒီအချက်လေးတွေ သတိထားပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လုပ်တာက ကျန်းမာစေတယ်ဆိုပေမယ့် တစ်ပတ်ကို မိနစ် ၁၅၀ ထက် မပိုစေဖို့နဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း မလုပ်ဖို့လည်း လိုပါမယ်။ ခန္ဓာကိုယ် အပူချိန် မြင့်တက်စေနိုင်မယ့် လေ့ကျင့်ခန်းမျိုးတွေကို မလုပ်မိဖို့လည်း လိုပါမယ်။ လေ့ကျင့်ခန်း လုပ်နေချိန်မှာလည်း ရေပြည့်ပြည့်ဝဝ သောက်ဖို့ လိုသလို ပင်ပန်းလာရင် ချက်ချင်းရပ်နားဖို့လည်း လိုပါမယ်။
ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ပေးလို့ရလဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးကိုပါ ကျန်းမာစေဖို့အတွက် ကိုယ်ဝန်ဆောင်ယောဂ၊ ရေကူးတာ၊ လမ်းလျှောက်တာနဲ့ Pilates လေ့ကျင့်တာမျိုး လုပ်ပေးလို့ ရပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက မေမေကိုရော ဘေဘီလေးကိုပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာလေးတွေကို လျှော့ချဖို့ရော ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ နိုင်သလောက် ကိုယ်လက်လှုပ်ရှားမှု လေးတွေကို လုပ်ဆောင်ဖို့ အကြံပြုလိုက်ပါရစေ။




