အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ စားစရာတွေက ဘာတွေဖြစ်မလဲ!

အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ စားစရာတွေက ဘာတွေဖြစ်မလဲ!
အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ စားစရာတွေက ဘာတွေဖြစ်မလဲ!

အသည်းအဆီဖုံးတယ်ဆိုတာက အရက်သောက်မှ ဖြစ်တတ်တာမျိုး မဟုတ်ပါဘူး။ နေ့စဉ်မှာ စားသုံးမိနေတဲ့ အချို့သော အစားအစာတွေကြောင့်လည်း အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ စားစရာတွေက ဘာတွေဖြစ်မလဲ!

နေ့စဉ်စားသုံးမှုမှာ ပါဝင်နေတဲ့ အခုလို အစားအစာတွေက အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။ 

  • အချိုရည်တွေ 

ဆိုဒါတွေ၊ အချိုရည်တွေ၊ စွမ်းအားဖြည့်အချိုရည်တွေ၊ နို့လက်ဖက်ရည်တွေ၊ Bubble Tea၊ Iced Coffeeတွေ၊ သကြားလုံးတွေ၊ အချိုပွဲတွေနဲ့ အချိုစွက်ထားတဲ့ သစ်သီးခြောက်တွေက အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါ တယ်။

  • သန့်စင်ထားတဲ့ ကစီဓာတ်

အဖြူရောင် ပေါင်မုန့်၊ ဖြူနေအောင် ဖွတ်ထားတဲ့ဆန်၊ ပါစတာ၊ သန့်စင်ထားတဲ့ ဂျုံတွေကလည်း သွေးတွင်းအဆီကို များစေပြီး အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။

  • ပြည့်ဝဆီတွေ

အဆီများတဲ့ အနီရောင်အသားတွေ၊ ပြုပြင်ထားတဲ့ အသားတွေ (ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း)၊ ထောပတ်၊ အဆီပြည့်ချိစ်၊ ဒိန်ချဉ် စတာတွေကလည်း ပြည့်ဝဆီက အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။

အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ စားစရာတွေက ဘာတွေဖြစ်မလဲ!
အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ စားစရာတွေက ဘာတွေဖြစ်မလဲ!
  • ဆီကြော်စာတွေ

အာလူးချောင်းကြော်၊ ကြက်ကြော်၊ အာလူးကြော်တွေ အဆာပြေစားစရာ အကြော်အလှော်တွေကလည်း ပြည့်ဝဆီတွေ ပါဝင်မှုများပြီး အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။

  • ပြုပြင်ထားတဲ့ အစားအစာတွေ

အေးခဲထားတဲ့ အစားအစာတွေ၊ ဆီသွတ်ဘူးတွေနဲ့ ဆားပါဝင်မှု များတဲ့ အစားအစာတွေ၊ ခရက်ကာတွေနဲ့ ဘီစကစ်၊ ကွတ်ကီး စတာတွေကလည်း အဆီပါဝင်မှုနဲ့ အငန်ပါဝင်မှုများတာကြောင့် အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။

  • အရက်၊ ဘီယာ

အရက်၊ ဘီယာ၊ ဝိုင်တွေက အသည်းကို ရောင်ရမ်းစေတာ၊ အဆီဖုံးတာနဲ့ အသည်းပျက်စီးတာတွေကို ဖြစ်စေနိုင် ပါတယ်။

အသည်းကျန်းမာစေဖို့ ဘာစားရမလဲ!

အသည်းအဆီဖုံးနိုင်ခြေကို လျှော့ချနိုင်ဖို့နဲ့ အသည်းကျန်းမာစေဖို့အတွက် နေ့စဉ်စားသုံးမှုမှာ – 

  • နှံစားသီးနှံတွေ   – ဆန်လုံးညို၊ အုတ်ဂျုံ နဲ့ ပေါင်မုန့်ညို၊ ပေါင်မုန့်ကြမ်း စတာတွေကို စားပေးလို့ ရပါတယ်။
  • အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ – အမျှင်ဓာတ် ကြွယ်ဝတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေနဲ့ အသီးအရွက်အရောင်စုံစုံလင်လင်တွေကို စားပေးတာကလည်း သွေးတွင်းအဆီကို ကျဆင်းစေပြီး အသည်းကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
  • ကျန်းမာရေးနဲ့ညီတဲ့ အဆီ – သံလွင်ဆီ၊ ထောပတ်သီး၊ အစေ့အဆန်တွေနဲ့ အခွံမာသီးတွေကို စားပေးတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို ရရှိစေပြီး အသည်းကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
  • အဆီနည်းတဲ့ ပရိုတင်း – အဆီပါဝင်မှုနည်းတဲ့ ငါးတွေ၊ ပင်လယ်ငါးတွေ၊ ပဲအမျိုးမျိုးနဲ့ ပဲနီလေးတွေကို စားပေးတာကလည်း အသည်းအဆီဖုံးနိုင်ခြေကို လျှော့ချပေးနိုင်သလို အသည်းကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

များသောအားဖြင့်ကတော့ အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ အစားအစာတွေကတော့ သကြားတွေ၊ ပြည့်ဝဆီတွေနဲ့ သန့်စင်ထားတဲ့ ကစီဓာတ်တွေနဲ့ အယ်လ်ကိုဟောစတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ နေ့စဉ်စားသုံးမှုမှာ ဆန်လုံးညို၊ အုတ်ဂျုံ၊ အသီးအရွက်နဲ့ ငါးစတာတွေကို စားပေးဖို့ အကြံပြုလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *