ဆီးချိုရှိရင် နွားနို့သောက်လို့ မရဘူးလား!

ဆီးချိုရှိရင် နွားနို့သောက်လို့ မရဘူးလား!
ဆီးချိုရှိရင် နွားနို့သောက်လို့ မရဘူးလား!

နွားနို့ဆိုတာက အားရှိစေတယ်။ အရိုးနဲ့သွားတွေ သန်မာစေတယ်။ ကျန်းမာစေတယ်ဆိုတာကို ငယ်ငယ်က တည်းက ကြားခဲ့ဖူးမှာပါ။ အချို့ဆိုရင် နို့တွေထဲမှာ နွားနို့ကိုမှ အကြိုက်ဆုံးဆိုတာမျိုးလည်း ရှိမှာပါ။ ဒီလိုမျိုး ကျန်းမာအားရှိသန်မာစေတဲ့ နွားနို့ကို ဆီးချိုရှိနေပြီဆိုရင် မသောက်ရတော့ဘူးလား… ဒီအကြောင်းလေးကို ပြောပြပေးသွားပါမယ်။

နွားနို့က လူတိုင်းသောက်လို့ မရဘူးလား!

နွားနို့မှာ ခန္ဓာကိုယ်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကလေးတွေကစလို့ လူကြီးတွေအထိ လူတိုင်းသောက်လို့ ရပါတယ်။ ဒါပေမယ့် ရောဂါအခံ တစ်ခုခု ရှိမယ်။ နို့သကြားဓာတ်နဲ့ ဓာတ်မတည့်တာမျိုး ဖြစ်မယ်ဆိုရင်တော့ နွားနို့ကို မသောက်ဖို့ လိုပါမယ်။ 

ဆီးချိုအကြောင်းလေး နည်းနည်းပြောမယ်

ဆီးချိုရှိတယ်ဆိုတဲ့နေရာမှာ အမျိုးအစား – ၁ ဆီးချိုရောဂါ ခံစားနေရမယ်ဆိုရင်တော့ ပန်ခရိယက အင်ဆူလင် ကို လုံးဝမထုတ်နိုင်တာဖြစ်နိုင်သလို အင်ဆူလင်ကို နည်းနည်းပဲ ထုတ်နိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။ အမျိုးအစား – ၁ ဆီးချိုရောဂါက ကလေးဘဝကတည်းက စတင်ခံစားရတာအဖြစ်များပြီး အရွယ်ရောက်ပြီးသူ ၅.၂ % မှာသာ အမျိုးအစား – ၁ ဆီးချိုရောဂါကို ခံစားရနိုင်ပါတယ်။ အမျိုးအစား – ၁ ဆီးချိုက အခြေအနေကို စီမံလို့ ရပေမယ့် ကြိုတင်ကာကွယ်လို့တော့ မရပါဘူး။ 

အမျိုးအစား – ၁ ဆီးချိုရောဂါ ခံစားနေရမယ်ဆိုရင် အစားစားပြီးဆိုင်းမှာ အင်ဆူလင်ထိုးနှံဖို့ လိုမှာဖြစ်ပါတယ်။ စားသုံးလိုက်တဲ့ ကစီဓာတ်နဲ့ ပမာဏအပေါ်မူတည်ပြီး အင်ဆူလင်ကို ထိုးရမှာလည်း ဖြစ်ပါတယ်။

အမျိုးအစား – ၁ ဆီးချိုရောဂါ ခံစားနေရမယ်ဆိုရင်တော့ ပန်ခရိယက အင်ဆူလင်ကို ထုတ်လွှတ်နိုင်ပေမယ့် လုံလုံလောက်လောက် မထုတ်လွှတ်နိုင်ပါဘူး။ ဒါမှမဟုတ် ခန္ဓာကိုယ်က အင်ဆူလင်ကို ထိထိရောက်ရောက် အသုံးမချနိုင်တာမျိုးလည်း ဖြစ်ပါတယ်။ အခြေအနေက တဖြည်းဖြည်းချင်း ပိုဆိုးလာပြီး အဝလွန်တာကြောင့် လည်း အမျိုးအစား – ၂ ဆီးချိုကို ခံစားရနိုင်ပါတယ်။ တကယ်လို့ အခုလို အခြေအနေတွေ ရှိမယ်ဆိုရင်လည်း အမျိုးအစား – ၂ ဆီးချိုရောဂါကို ခံစားရနိုင်ပါတယ်။ 

  • မျိုးရိုးရှိမယ်
  • ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးမယ်
  • ကိုယ်တွင်းက glucose metabolism နှုန်းက ကျဆင်းနေမယ်
  • အသက်အရွယ်ကြီးလွန်းနေမယ်
  • ကိုယ်လက်လှုပ်ရှားမှု နည်းမယ်။ 

ကိုယ်ဝန်ဆောင်ကာလမှာ ဆီးချိုရောဂါ ခံစားရဖူးမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာချိန်မှာ အမျိုးအစား – ၂ ဆီးချိုရောဂါ ခံစားရနိုင်ခြေက ပုံမှန်ထက် ပိုများနေမှာပါ။ 

ဆီးချိုရှိရင် နွားနို့သောက်လို့ မရဘူးလား!
ဆီးချိုရှိရင် နွားနို့သောက်လို့ မရဘူးလား!

ဆီးချိုရှိရင် နွားနို့သောက်လို့ မရဘူးလား!

နွားနို့က ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အာဟာရတစ်ရပ်ပါ။ ဒါပေမယ့် အဆီဓာတ်နဲ့ ကစီဓာတ်ပါဝင်မှုကလည်း မနည်းပါဘူး။ ဒါကြောင့် ဆီးချိုရှိတဲ့သူတွေမှာတော့ သွေးချိုတော်တော့်ကို မြင့်တက်စေနိုင်တဲ့ သောက်စရာ တစ်ခုပါ။ 

အဆီပြည့်နို့တစ်ခွက်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေက – 

  • ၁၅၂ ကယ်လ်လိုရီ
  • အဆီ ၇ ဂရမ်
  • ကစီဓာတ် ၁၂ ဂရမ် ပါဝင်နေပါတယ်။ 

အဆီလျှော့နို့တစ်ခွက်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေက – 

  • ၁၂၂ ကယ်လ်လိုရီ
  • အဆီ ၄.၅ ဂရမ်
  • ကစီဓာတ် ၁၂ ဂရမ် ပါဝင်နေပါတယ်။ 

အဆီနည်းနို့တစ်ခွက်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေက – 

  • ၁၀၆ ကယ်လ်လိုရီ
  • အဆီ ၂.၅ ဂရမ်
  • ကစီဓာတ် ၁၂ ဂရမ် ပါဝင်နေပါတယ်။ 

အဆီထုတ်နို့တစ်ခွက်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေက – 

  • ၈၄ ကယ်လ်လိုရီ
  • အဆီ ၁ ဂရမ်အောက်
  • ကစီဓာတ် ၁၂ ဂရမ် ပါဝင်နေပါတယ်။ 

ဆီးချိုရှိသူတွေအနေနဲ့ အဆီပြည့်နို့ကို သောက်သုံးမယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာ ရောဂါကို ခံစားရနိုင် ပါတယ်။ ဒါပေမယ့် အဆီပါဝင်မှုကို ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေကို လျှော့ချပြီး ကျန်းမာတဲ့အဆီကို ထိုက်သင့်တဲ့ ပမာဏစားသုံးပေးမယ်ဆိုရင်တော့ ဆီးချိုကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်နိုင်ခြေကို ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။

ဆီးချို ရှိနေပေမယ့်လည်း နွားနို့ကို သောက်လို့ ရပါတယ်။ အဆီထုတ်ထားတဲ့ နို့ကိုပါ။  အဆီထုတ်မထားတဲ့ နွားနို့မှာ ပါဝင်နေတဲ့ နို့သကြားဓာတ် (Lactose) ကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး  အလွန်အကျွံ စားသုံးမိမယ်ဆိုရင်တော့ ဆီးချိုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ နွားနို့ကို သောက်မယ်ဆိုရင် အဆီထုတ်ထားတဲ့ နွားနို့ကို သောက်ဖို့ လိုပါမယ်။ ဒီလို သောက်ရာမှာလည်း အလွန်အကျွံ မဟုတ်ဘဲ အတိုင်းအချင့်လေးနဲ့ သောက်သုံးဖို့ အကြံပြုချင်ပါတယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

လေ့လာမှုတွေအရ တွေ့ရှိရတာက ဆီးချိုရှိသူတွေ အနေနဲ့ အဆီထုတ်ထားတဲ့နို့ကို တစ်နေ့ကို ၃ ခွက်လော်က သောက်သုံးမယ်ဆိုရင်တော့ ပရိုတင်းနဲ့ ကယ်လ်ဆီယမ်လိုအပ်ချက်ကို ပြည့်ဝစေမှာပါ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်မှာ လိုအပ်ချက်ချင်း မတူညီတာကြောင့် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီးမှ သောက်စေချင်ပါ တယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *