ညဘက်အိပ်ရာဝင်ခါနီးမှာ လွယ်ကူရိုးရှင်းတဲ့ အဆင့်လေးတစ်ခုကို လိုက်နာတာက မျက်စိရေတိမ်ဖြစ်တဲ့သူတွေ မှာ ရောဂါလက္ခဏာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်၊ လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။
ခေါင်းအုံးတွေမပါဘဲ အိပ်စက်တာက မျက်လုံးထဲမှာ ရှိနေတဲ့ ဖိအားတွေကို လျှော့ချပေးနိုင်ဖို့ ထောက်ကူပေးပြီး ရေတိမ်ကြောင့် မျက်လုံးထဲက အာရုံကြော ထိခိုက်ပျက်စီးတာနဲ့ အမြင်အာရုံဆုံးရှုံးတာကို ဖြစ်နိုင်ခြေကို လျှော့ချ ပေးနိုင်ပါတယ်၊ လို့ သုတေသီတွေက ဆိုပါတယ်။
ရေတိမ်သက်သာစေဖို့ ညအိပ်ရာမဝင်ခင် လုပ်ရမယ့် အလွယ်ကူဆုံး နည်းလမ်းတစ်ရပ်
ရေတိမ်ခံစားနေရသူတွေထဲက သုံးပုံ ၂ ပုံဟာ ခေါင်းအောက်မှာ ခေါင်းအုံးကို ထပ်ပြီး အိပ်စက်တဲ့ အခါမျိုးမှာ မျက်လုံးထဲက ဖိအားက ပိုတိုးနေတာကို လေ့လာမှုအတွင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
ခေါင်းအုံးမပါဘဲ အိပ်စက်တာက လေဆာကုထုံးတွေနဲ့ အခြားသော ဆေးဝါးတွေကို မသောက်သုံးခင်မှာ ရေတိမ်ကို ကုသပေးနိုင်မယ့် လွယ်ကူတဲ့နည်းလမ်း တစ်ရပ်ပါ။
ညအိပ်ချိန်မှာ ဦခေါင်းနဲ့ဇက်အောက်မှာ ခေါင်းအုံးတွေကို ထပ်ပြီး အိပ်တာက jugular veinအပေါ် ဖိအားတွေ သက်ရောက်စေပြီး မျက်လုံးထဲမှာ ရေချိန်တိုးတာကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကပဲ ရေတိမ်ရှိတဲ့သူတွေမှာ ရေတိမ်ကို ပိုဆိုးစေတာပါ။
ရေတိမ်က အသက် ၆၀ အထက်သူတွေမှာ အမြင်အာရုံဆုံးရှုံးမှုကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်း တစ်ရပ်ပါ။ မျက်လုံးထဲမှာ ဖိအားများတာက မျက်လုံးတွင်းအာရုံကြောမျှင်တွေကို တဖြည်းဖြည်းချင်း ပျက်စီးစေပြီး အမြင်အာရုံကို တစ်စတစ်စ ဆုံးရှုံးစေတာပါ။
လူ ၁၄၄ ဦးကို လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု အသစ်တစ်ရပ်အရ သိရတာက ရေတိမ်ရှိနေတဲ့ သူတွေကို ပုံမှန်အရွယ်အစား ခေါင်းအုံး ၂ လုံးကို ထပ်ပြီး အိပ်စက်တာက ခေါင်းကို ၂၀ ဒီဂရီ ကနေ ၃၅ ဒီဂရီလောက် မြင့်သွားစေတဲ့ အနေအထားနဲ့ အိပ်စက်စေပြီး အချို့ကိုတော့ ခေါင်းအုံးမပါဘဲ အိပ်စက်စေခဲ့ပါတယ်။
သုတေသီတွေက အိပ်စက်မှုပုံစံအလိုက် မျက်လုံးထဲမှာ ဖိအားသက်ရောက်မှုတွေကို တိုင်းတာခဲ့ပါတယ်။ ခေါင်းအုံးထူထူနဲ့ အိပ်စက်တာက မျက်လုံးထဲမှာ ဖိအားသက်ရောက်မှုတွေ ပိုများနေပြီး ရေတိမ်ကြောင့် မျက်လုံးထိခိုက်နိုင်ခြေက တော်တော်လေးကို များနေပါတယ်။
ခေါင်းအုံးမပါဘဲ အိပ်စက်မှုက မျက်လုံးထဲ ရေချိန်ကို လျော့ကျစေပြီး မျက်လုံးထဲက သွေးကြောမျှင်လေးတွေ ဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေမှာဖြစ်သလို ရေရှည်မှာ ရေတိမ်ကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ဒါကြောင့် မျက်စိရေတိမ်ရှိသူတွေမှာ ထိခိုက်နိုင်ခြေကို လျှော့ချဖို့ဆိုရင် ခေါင်းအုံးမပါဘဲ အိပ်စက်တာက လွယ်ကူရိုးရှင်းတဲ့ အိပ်ရာဝင်နည်းလမ်းတစ်ရပ်ဖြစ်တယ်လို့ သုတေသီတွေက ရေးသားဖော်ပြခဲ့ပါတယ်။





