ဆေးအိုးပုတ် (Osbeckia Stellata) ရဲ့ ဆေးဖက်ဝင်မှု

ဆေးအိုးပုတ် (Osbeckia Stellata) ရဲ့ ဆေးဖက်ဝင်မှု
ဆေးအိုးပုတ် (Osbeckia Stellata) ရဲ့ ဆေးဖက်ဝင်မှု

ဆေးအိုးပုတ် – Osbeckia stellata Buchanan-Hamilton ex Kew Gawler

မျိုးရင်း – Malastomaceae

ပန်းခရမ်းရောင်ပွင့်တွေ ပွင့်တတ်ပြီး ပွင့်ချပ် ၄ ခုနဲ့ လှလှပပပွင့်တတ်တာကြောင့် အလှပန်းထိုးကြတာမျိုးရှိသလို ဘုရားပန်းတင်တာတွေလည်း လုပ်တတ်ကြပါတယ်။ ဆေးဖက်ဝင်တယ်လို့ ရှေးကာလတွေကတည်းက သိတတ်ကြပြီး တိုင်းရင်းဆေးအနေနဲ့ အသုံးပြုတတ်ကြပါတယ်။ အသီးလေးတွေက ရေအိုးပုံစံရှိတာကြောင့် ဆေးအိုးပုတ်လို့ ခေါ်ကြတာပါ။ ဒီဆေးအိုးပုတ်လေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးချင်ပါ တယ်။

ဆေးအိုးပုတ်ပင် 

ဆေးအိုးပုတ်ပင်က မျိုးကွဲတွေ အများကြီးရှိတတ်တဲ့ မျိုးရင်းတစ်ခုပါ။ မြေပြန့်မှာ ပေါက်ကြတာမျိုး ရှိသလို အချို့အပင်တွေက အပွင့်သေးသေးလေး ပွင့်ပြီး အရွက်တွေ ကြီးတာမျိုး ရှိပါတယ်။ အချို့က အပင်ကြီးမျိုး ဖြစ်ပြီး ၃ မီတာလောက် မြင့်ကြတာမျိုး ရှိပါတယ်။ တောင်ပေါ်တွေမှာ ပေါက်ရောက်ကြပြီး ဟုမ္မလင်းလို ဒေသမှာ တွေ့ရတတ်ပါတယ်။ ဆေးဖက်ဝင်တယ်ဆိုပြီး သုံးကြတာက အပင်ကြီးမျိုးကနေရတဲ့ ရွက်ကြောနီနီ ပန်းခရမ်းရောင်အပွင့်ကြီးတွေ ပွင့်ကြတဲ့ အပင်ပါ။ 

ဆေးအိုးပုတ် (Osbeckia Stellata) ရဲ့ ဆေးဖက်ဝင်မှု
ဆေးအိုးပုတ် (Osbeckia Stellata) ရဲ့ ဆေးဖက်ဝင်မှု

ဆေးအိုးပုတ် (Osbeckia Stellata) ရဲ့ ဆေးဖက်ဝင်မှု

ဆေးဖက်ဝင်တယ်လို့ သိကြတဲ့ ဆေးအိုးပုတ်က အခုလို ဆေးဖက်ဝင်ပါတယ်။

  • အရောင်ကျစေနိုင်တယ် – ဆေးအိုးပုတ်ရဲ့ အဆီအနှစ်က အရောင်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် လေးဖက်နာ အဆစ်ရောင်တာနဲ့ ခန္ဓာကိုယ်မှာဖြစ်တဲ့ အဆစ်တွေရောင်တာနဲ့ အရေပြား ရောင်တာမျိုး ဖြစ်တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။
  • ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ် – ဆေးအိုးပုတ်မှာ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်တဲ့  (phenolics, flavonoids) တို့ ပါဝင်နေတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ 
  • သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ် – ဆေးအိုးပုတ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အမျိုးအစား – ၂ ဆီးချိုဖြစ်နိုင်ခြေကို အတိုင်းအတာတစ်ရပ်အထိ လျှော့ချပေးနိုင် ပါတယ်။ 
  • အသည်း ကျန်းမာစေတယ် – ဆေးအိုးပုတ်က အသည်းရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး အသည်းထိခိုက်နိုင်ခြေကို လျှော့ချနိုင်ဖို့ ထောက်ကူပေးသလို အသည်းမှာခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတွေကြောင့် ထိခိုက်နိုင်ခြေကို အတိုင်းအတာတစ်ရပ်အထိ လျှော့ချပေးနိုင်ပါတယ်။ 
  • ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ် – ဆေးအိုးပုတ်ရဲ့ နောက်ထပ် အာနိသင်တစ်ခုက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာဖြစ်ပြီး အရေပြားမှာဖြစ်တဲ့ ထိခိုက်ဒဏ်ရာတွေနဲ့ ပိုးဝင်ကူးစက်မှုတွေကို ကာကွယ်ပေးနိုင်သလို အနာကျက်မြန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
  • ကိုယ်ခံအားကောင်းစေနိုင်တယ် – လေ့လာမှုတွေအရ သိရတာက ဆေးအိုးပုတ်ရဲ့ အဆီအနှစ်က ကိုယ်ခံအားကောင်းစေဖို့ လှုံ့ဆော်ပေးနိုင်တာကြောင့် ဖျားနာမှုကင်းစေဖို့နဲ့ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 
  • ကင်ဆာဆဲလ်တွေကို ထိန်းချုပ်ပေးနိုင်တယ် – ဆေးအိုးပုတ်က ကင်ဆာဆဲလ်တွေကို ထိန်းချုပ်ပေးနိုင် စွမ်း ရှိတယ်လို့လည်း တွေ့ရှိရပါတယ်။

ရိုးရာတိုင်းရင်းဆေးအသုံးပြုမှုအနေနဲ့ ဆေးအိုးပုတ်ကို ပန်းနာရင်ကျပ် သက်သာစေဖို့၊ သွားကိုက်သွားနာ သက်သာစေဖို့၊ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်တာတွေကို သက်သာစေဖို့ အသုံးပြုကြသလို သွေးတိုးတာ၊ အသည်းရောင်အသားဝါ၊ ငှက်ဖျားနဲ့ ကင်ဆာတွေကို သက်သာစေဖို့လည်း အသုံးပြုကြပါတယ်။ 

ဘာတွေ သတိထားရမလဲ!

ဆီးချိုရှိသူတွေအနေနဲ့တော့ ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။ သွေးတိုးရှိသူတွေမှာလည်း ဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးပေါင်ချိန် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။ ဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။

Disclaimer: ယခုဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေဟာ ဗဟုသုတအနေနဲ့ မျှဝေခြင်းသာဖြစ်ပြီး ဆေးဝါးကုထုံးတွေနေရာမှာ အစားထိုးရန် မသင့်တော်ပါ။ ဆေးဖက်ဝင်အပင်တွေကို အသုံးမပြုခင် ဆရာဝန်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေနဲ့ တိုင်ပင်ဖို့ လိုပါမယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *