သံဓာတ်အားဆေး သောက်ရင် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို မခံစားရတော့ဘူးလား!

သံဓာတ်အားဆေး သောက်ရင် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို မခံစားရတော့ဘူးလား!
သံဓာတ်အားဆေး သောက်ရင် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို မခံစားရတော့ဘူးလား!

ရာသီလာတာက အရွယ်ရောက်ပြီးတဲ့ လေဒီလေးတိုင်း တွေ့ကြုံရမယ့် ကျန်းမာတဲ့ ဖြစ်စဉ်တစ်ရပ်ဆိုပေမယ့် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို ခံစားရတာကိုတော့ မိန်းကလေးတော်တော်များများက စိတ်အနှောင့် အယှက် ခံစားကြရပါတယ်။ ဒါကြောင့်လည်း ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ နည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးကြတာပေါ့။ ဒါကြောင့် အခုတစ်ခေါက်မှာ ရာသီလာတဲ့အခါမှာ နာကျင်ကိုက်ခဲမှု သက်သာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လေဒီလေး တော်တော်များများ သောက်သုံးလေ့ရှိတဲ့ သံဓာတ်အားဆေး သောက်ရင် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို မခံစားရတော့ဘူးလား! ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ 

သံဓာတ်အားဆေး သောက်ရင် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို မခံစားရတော့ဘူးလား!

လေဒီလေး တော်တော်များများက ရာသီသွေးဆင်းနေချိန်မှာ သံဓာတ်အားဖြည့်ဆေး သောက်မယ်ဆိုရင် ရာသီသွေးဆင်းတဲ့ ပမာဏပိုများသွားမယ်လို့ ထင်မှတ်နေကြပါတယ်။ ဒါက ဖြစ်နိုင်တယ်လို့ သိပ္ပံနည်းကိ အထောက်အထားတွေ မရှိပါဘူး။ ဒီအချက်နဲ့ပတ်သက်ပြီး လေ့လာမှုတွေ လုပ်ဆောင်နေတာတော့ ရှိပါတယ်။

နောက်ပြီး တော်တော်များများ အမှတ်မှားနေတဲ့ ကိစ္စလေးတစ်ခုလို့ ဆိုရမယ့် သံဓာတ်အားဖြည့်ဆေး သောက်မယ်ဆိုရင် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို မခံစားရတော့ဘူးဆိုတဲ့ ကိစ္စပါ။ တကယ်ကတော့ သံဓာတ် အားဖြည့်ဆေးတွေက ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုတွေနဲ့ ရာသီသွေးဆင်းနေချိန်မှာ ခံစားရတဲ့ သားအိမ်ကျုံ့ဆန့်မှုကြောင့် ခံစားရတဲ့ နာကျင်မှုကို လျော့ပါး သက်သာစေတာနဲ့ တိုက်ရိုက်ဆက်စပ်နေတာမျိုး မရှိပါဘူး။ 

သံဓာတ်အားဖြည့်ဆေးတွေက ရာသီလာချိန်မှာ ရာသီသွေးနဲ့အတူ သံဓာတ်တွေ ဆုံးရှုံးသွားတာကြောင့် ခန္ဓာကိုယ်မှာ ခံစားရတဲ့ သွေးအားနည်းတာနဲ့ သွေးအားနည်းမှုကြောင့် နောက်ဆက်တွဲအနေနဲ့ ခံစားရတဲ့ မောပန်းလွယ်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ အာရုံစူးစိုက်ဖို့ ခက်တာမျိုးတွေကို ပြင်းပြင်းထန်ထန် ခံစားရတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတာပါ။ 

နားလည်လွယ်အောင် ပြောပြရရင် သံဓာတ်အားဖြည့်ဆေးတွေက ရာသီလာချိန်နာကျင်ကိုက်ခဲမှုကို သက်သာစေ ဖို့ တိုက်ရိုက် လုပ်ဆောင်ပေးတာမျိုး မဟုတ်ဘဲ ကိုယ်ခံအားနဲ့ ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်ကို မြှင့်တင်ပေးပြီး ရာသီလာ ချိန် ခံစားရတဲ့ လက္ခဏာတွေကို ပြင်းပြင်းထန်ထန် မခံစားရစေဖို့ အားဖြည့်ပေးတာပါ။ ရာသီလာချိန်မှာ သားအိမ်ကျုံ့ဆန့်မှုကြောင့် ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ဆိုရင်တော့ အကိုက်အခဲ သက်သာစေတဲ့ ဆေးတွေကို သောက်သုံးဖို့ လိုပါမယ်။ 

ရာသီလာချိန် နာကျင်ကိုက်ခဲမှုနဲ့ သံဓာတ်အားဖြည့်ဆေးကြားက ဆက်စပ်မှု 

လေဒီလေးတွေအနေနဲ့ သံဓာတ်အားဖြည့်ဆေးကို ပုံမှန် သောက်သုံးပေးမယ်ဆိုရင်တော့ – 

  • သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းတာကို သက်သာစေတယ် – လေဒီလေးတွေအနေနဲ့ သံဓာတ် အားဖြည့်ဆေးကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ သံဓာတ်ချို့တဲ့မှုကြောင့် ခံစားရတဲ့ သွေးအားနည်းတာရဲ့ နောက်ဆက်တွဲအနေနဲ့ ခံစားရတဲ့ ခြေကုန်လက်ပမ်းကျတာ၊ ပင်ပန်းလွယ်တာ၊ မူးဝေတာတွေနဲ့ အာရုံစိုက်ဖို့ ခက်တာတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ 
  • အသားအရေ ကျန်းမာစေတယ် – သံဓာတ်အားဖြည့်ဆေးကို ပုံမှန်သောက်သုံးပေးတာက ရာသီလာချိန်မှာ ခံစားရတဲ့ အသားအရေ ပြောင်းလဲမှုတွေကို သက်သာစေဖို့ ထောက်ကူပေးပြီး အသားအရေကို ပန်းသွေးကြွယ်စေဖို့ ထောက်ကူပေးပါတယ်။
  • ကိုယ်ခံအားကောင်းစေတယ် – သံဓာတ်အားဖြည့်ဆေး ပုံမှန်သောက်သုံးပေးတာက သွေးအားကောင်းစေသလို ကိုယ်ခံအားကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ 
  • သွေးတွင်း အောက်ဆီဂျင်လည်ပတ်မှု ကောင်းစေတယ် – သံဓာတ်အားဖြည့်ဆေး ပုံမှန်သောက်ပေးတာ သွေး အောက်ဆီဂျင်လည်ပတ်မှု ကောင်းစေဖို့ထောက်ကူပေးတာကြောင့် သံဓာတ်ချို့တဲ့မှုကြောင့် အသက်ရှူရ ပြတ်တောင်းတောင်း ဖြစ်တာမျိုး မခံစားရစေဖို့လည်း ကာကွယ်ပေးပါတယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

လေ့လာမှုတွေအရ သိရတာက လေဒီလေးတွေအနေနဲ့ သံဓာတ်အားဖြည့်ဆေးကိုပုံမှန်သောက်သုံးပေးမယ်ဆိုရင် ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေ မဟုတ်တဲ့ ခြေကုန်လက်ပမ်းကျတာ၊ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်တာ၊ မူးမော်တာ၊ မောပန်းနုံးချိတာ၊ အာရုံစိုက်ဖို့ခက်တာတွေကို သက်သာစေဖို့တော့ အထောက်အကူဖြစ်စေမှာပါ။ နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ သံဓာတ်အားဖြည့်ဆေးက တိုက်ရိုက် မကူညီပေးနိုင်ပါဘူးနော် လေဒီလေးတို့ရေ ….

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *